+ -

عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«لَيْسَ الشَّدِيدُ بِالصُّرَعَةِ، إِنَّمَا الشَّدِيدُ الَّذِي يَمْلِكُ نَفْسَهُ عِنْدَ الْغَضَبِ».

[صحيح] - [متفق عليه] - [صحيح البخاري: 6114]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6114]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။စစ်မှန်သည့် အင်အားဟူသည် ခန္ဓာကိုယ် ခွန်အားဗလကြီးခြင်း၊ ခွန်အားဗလကြီးသူကို လှဲချနိုင်ခြင်းမဟုတ်၊ စစ်မှန်သည့် အင်အားဟူသည် အမျက်ဒေါသ အလွန်ထွက်နေသည့်အခါတွင် မိမိ၏စိတ်ကို ထိန်းချုပ် အနိုင်ယူနိုင်သူသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိခြင်းနှင့် ရှိုင်သွာန်အပေါ် လွှမ်းမိုးနိုင်ကြောင်းကို ညွှန်ပြနေသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف البلغارية আজারী الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သည်းခံမျိုသိပ်ခြင်းနှင့် ဒေါသဖြစ်သည့်အခါ စိတ်ကိုချုပ်ထိန်းခြင်း၏ မွန်မြတ်မှုကိုဖာ်ပြထားသည်။ ဤအချက်သည် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမြတ်သည့် အကျင့်သီလထဲတွင် ပါဝင်သည်။
  2. အမျက်ဒေါသထွက်သည့်အခါ၌ စိတ်ကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် ရန်သူအပေါ် အနိုင်ရရန် ကြိုးပမ်းခြင်းထက် ပို၍ခက်ခဲသည်။
  3. အစ္စလာမ်သည် (ဂျာဟိလိယသ်) အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏ အားအင်ကြီးခြင်း အယူအဆကို မွန်မြတ်သည့် ကိုယ်ကျင့်တရားဖြင့် ပြောင်းလဲပစ်ခဲ့သည်။ လူတို့အနက် အားအင်အကြီးဆုံးသူမှာ မိမိ၏စိတ်ကို ချွန်းအုပ်နိုင်သူဖြစ်သည်။
  4. အမျက်ဒေါသသည် လူတစ်ဦးချင်းစီနှင့် လူအဖွဲ့အစည်းကို ဆိုးကျိုးဖြစ်စေသောကြောင့် အမျက်ဒေါသမှ ဝေးစွာရှောင်ကြဉ်ရမည်။
ထပ်၍