عَنْ جَرِيرِِ بْنِ عَبْدِ اللَّهِ رضي الله عنه قَالَ:
بَايَعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى شَهَادَةِ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلاَةِ، وَإِيتَاءِ الزَّكَاةِ، وَالسَّمْعِ وَالطَّاعَةِ، وَالنُّصْحِ لِكُلِّ مُسْلِمٍ.
[صحيح] - [متفق عليه] - [صحيح البخاري: 2157]
المزيــد ...
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို သက်သေခံမည်၊ ဆွလာသ် ဆောက်တည်မည်၊ ဇကာသ်ပေးမည်၊ အမိန့်နာခံမည်၊ မွတ်စ်လင်တိုင်းအပေါ် (အကောင်းလိုလားစိတ်ဖြင့်) ဆုံးမစကားပြောကြားပါမည်ဟူ၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ဗိုင်အသ် ကတိသစ္စာပြုခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2157]
ဆွဟာဗဟ်တစ်ပါးဖြစ်သူ ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ သူသည် သောင်ဝ်ဟီးဒ်တရားနှင့် ပတ်သက်၍လည်းကောင်း၊ နေ့နှင့်ညတွင် ဖရ်ဿ်ွ ဆွလာသ်ငါးကြိမ်အား ဆွလာသ်၏ အပြင်ပိုင်းဆိုင်ရာ ဖရ်ဿ်ွများ၊ အတွင်းပိုင်းဆိုင်ရာ ဖရ်ဿ်ွများ၊ ဝါဂျိဗ်များ၊ စွန္နသ်များနှင့်တကွ ဆောက်တည်မည်ဟူ၍လည်းကောင်း၊ ဖရ်ဿ်ွတာဝန်ဖြစ်သည့် ဇကာသ်ကို ပေးဆောင်မည်ဟူ၍လည်းကောင်း၊ ဇကာသ်သည် ဥစ္စာပစ္စည်းနှင့် သက်ဆိုင်သည့် ဖရ်ဿ်ွအိဗာဒသ်ဖြစ်ပြီး ချမ်းသာကြွယ်ဝသူများထံမှ ဇကာသ်ကိုယူကာ ဆင်းရဲသားများနှင့် အခြားစားထိုက်သူများကို ပေးရသည်။ ထို့ပြင် အုပ်ချုပ်သူ အာဏာပိုင်များ၏ အမိန့်ကို နာခံမည်ဟူ၍လည်းကောင်း၊ မွတ်စ်လင်မ်တိုင်းအပေါ် ကောင်းကျိုးလိုလားသည့်စိတ်ဖြင့် ဆုံးမစကားပြောကြားမည်။ ၎င်းတို့အတွက် ကောင်းကျိုးများ ဆောင်ကြဉ်းပေးပြီး နှုတ်ဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မကောင်းမှုများမှ ကာကွယ်ပေးမည်ဟုလည်ကောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ဗိုင်အသ် ကတိသစ္စာပြုခဲ့သည်။