عَنْ مُعَاذِ بْنِ جَبَلٍ رضي الله عنه:
أَنَّ رَسُولَ صَلَّى عَلَيْهِ وَسَلَّمَ أَخَذَ بِيَدِهِ، وَقَالَ: «يَا مُعَاذُ، وَاللَّهِ إِنِّي لَأُحِبُّكَ»، فَقَالَ: «أُوصِيكَ يَا مُعَاذُ لَا تَدَعَنَّ فِي دُبُرِ كُلِّ صَلَاةٍ تَقُولُ: اللَّهُمَّ أَعِنِّي عَلَى ذِكْرِكَ وَشُكْرِكَ وَحُسْنِ عِبَادَتِكَ».
[صحيح] - [رواه أبو داود والنسائي وأحمد] - [سنن أبي داود: 1522]
المزيــد ...
မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်း၏လက်ကို ကိုင်၍ မိန့်ကြားခဲ့သည်မှာ - "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်။ အို-မုအာဇ် ငါကိုယ်တော် အသင့်အား အကြံပေးတိုက်တွန်းပါသည်။ ‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والنسائي وأحمد] - [سنن أبي داود - 1522]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု) ၏လက်ကို ကိုင်ကာ သူ့အား "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် "အို-မုအာဇ်၊ ငါကိုယ်တော် အသင့်အား တိုက်တွန်းလိုသည်မှာ- အသင် မည်သည့် ဆွလာသ်ကိုမဆို ဝတ်ပြုပြီးနောက်တွင် အောက်ပါဒုအာ ရွတ်ဆိုခြင်းကို မစွန့်လွှတ်လေနှင့်။ (اللهم أَعِنّي على ذكرك) 'အလ္လာဟုမ္မ အအင်နီ အလာ ဇိက်ရိက' အို- အလ္လာဟ်အရှင်မြတ်၊ အမိန့်နာခံမှုနှင့်နီးကပ်စေသော အပြောအဆိုနှင့် လုပ်ရပ်တိုင်းတွင် အရှင်မြတ်အား သတိရတသခြင်း၊ (وشُكْرِك) ဝ ရွှတ်က်ရိက၊ နိအ်မသ်ကျေးဇူးတော်များရရှိခြင်းနှင့် ဘေးအန္တရာယ်များကင်းရှင်းခြင်းအတွက် အရှင်မြတ်အား ကျေးဇူးတင်ခြင်းနှင့် (وحُسْن عبادتك) ‘ ဝ ဟုဆ်နိ အိဗာဒသိက' အိဗာဒသ်ခဝပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်စေခြင်းနှင့် တမန်တော်မြတ်၏လမ်းစဉ်အတိုင်း အကောင်းဆုံးသော နည်းလမ်းဖြင့် အရှင်မြတ်အား အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၊ တို့တွင် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။