عَنْ حُذَيْفَةَ رَضيَ اللهُ عنه قَالَ:
كُنَّا إِذَا حَضَرْنَا مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ طَعَامًا لَمْ نَضَعْ أَيْدِيَنَا حَتَّى يَبْدَأَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَيَضَعَ يَدَهُ، وَإِنَّا حَضَرْنَا مَعَهُ مَرَّةً طَعَامًا، فَجَاءَتْ جَارِيَةٌ كَأَنَّهَا تُدْفَعُ، فَذَهَبَتْ لِتَضَعَ يَدَهَا فِي الطَّعَامِ، فَأَخَذَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِيَدِهَا، ثُمَّ جَاءَ أَعْرَابِيٌّ كَأَنَّمَا يُدْفَعُ فَأَخَذَ بِيَدِهِ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ الشَّيْطَانَ يَسْتَحِلُّ الطَّعَامَ أَنْ لَا يُذْكَرَ اسْمُ اللهِ عَلَيْهِ، وَإِنَّهُ جَاءَ بِهَذِهِ الْجَارِيَةِ لِيَسْتَحِلَّ بِهَا فَأَخَذْتُ بِيَدِهَا، فَجَاءَ بِهَذَا الْأَعْرَابِيِّ لِيَسْتَحِلَّ بِهِ فَأَخَذْتُ بِيَدِهِ، وَالَّذِي نَفْسِي بِيَدِهِ، إِنَّ يَدَهُ فِي يَدِي مَعَ يَدِهَا».

[صحيح] - [رواه مسلم] - [صحيح مسلم: 2017]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ အစားအစာ စားသောက်သည့်အခါတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) စတင်မစားမခြင်း မိမိတို့ရဲ့လက်များကို (အစားအစာထဲသို့) မထည့်ခဲ့ကြပါ။ တစ်ကြိမ်တွင် ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ အစားအစာ စားသောက်နေစဉ် ရုတ်တရက် မိန်းကလေးတစ်ဦးသည် သူမအား တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် ရောက်ရှိလာကာ သူမ၏လက်ကို အစားအစာထဲသို့ ထည့်( နှိုက်) ရန်လုပ်လေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူမ၏လက်ကို ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် ကျေး‌တောသားတစ်ဦးသည် တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် ရောက်ရှိလာရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်း၏ လက်ကို ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- “ရှိုင်တွာန်သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် စတင်ခြင်း မရှိသောအစားအစာကို မိမိအတွက်ဟလာလ် အဖြစ် မှတ်ယူလေ့ရှိသည်။ စင်စစ် ၎င်းရှိုင်တွာန်ကပင် ထိုမိန်းကလေးအား ခေါ်ဆောင်လာပြီး သူမ၏အ‌ကြောင်းခံအားဖြင့် အစားအစာကို ( မိမိအတွက် )ဟလာလ်ဖြစ်စေရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ငါကိုယ်သည် ထိုမိန်းကလေး၏လက်ကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ရှိုင်တွာန်သည် ထိုကျေးတောသားအား ခေါ်‌ဆောင်လာပြီး ၎င်း၏အ‌ကြောင်းခံဖြင့်အားဖြင့် မိမိအတွက် အစားအစာကို ဟလာလ်ဖြစ်စေရန် ကြိုးပမ်းပြန်ရာ ငါကိုယ်တော်သည် သူ၏လက်ကိုလည်း ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။” (ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က) “ ငါကိုယ်တော်မြတ်၏အသက်ကို စိုးပိုင်တော်မူသောအရှင်မြတ်၏ ကစမ်၊ ဧကန်မုချ ရှိုင်တွာန်၏လက်သည် ထိုမိန်းကလေး ၏လက်နှင့်အတူ ငါကိုယ်တော်မြတ်၏လက်တွင် ရှိခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2017]

ရှင်းလင်းချက်

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန် တင်ပြခဲ့သည်မှာ- ၎င်းတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ အစားအစာ စားသောက်သည့်အခါ တမန်တော်မြတ် စတင်မစားမခြင်း မိမိတို့၏လက်များကို အစားအစာထဲ မထည့်ခဲ့ကြပါ။တစ်ကြိမ်တွင် ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ အစားအစာ စားသောက်နေစဉ် ရုတ်တရက် မိန်းကလေးတစ်ဦးသည် သူမအား တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် အလွန်လျှင်မြန်စွာ ရောက်ရှိလာကာ သူမ၏လက်ကို အစားအစာထဲသို့ ထည့်( နှိုက်) ရန်လုပ်လေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူမ၏လက်ကို ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် ကျေး‌တောသားတစ်ဦးသည် တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် (အလျင်အမြန် )ရောက်ရှိလာရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်း၏ လက်ကို အစားအစာအား မထိမီအရင် ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကယ်၍ လူသားတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မရွတ်ဆိုဘဲ ( ဗိစ်မိလ္လာဟ် မဆိုဘဲ ) စားသောက်ပါက၊ မုချ ရှိုင်တွာန်သည် ထိုအစာအစားတွင် အတူပါဝင်( စားသောက် ) ခွင့်ရသွားပါသည်။ စင်စစ် ၎င်းရှိုင်တွာန်ကပင် ထိုမိန်းကလေးအား ခေါ်လာကာ သူမ၏အ‌ကြောင်းခံအားဖြင့် အစားအစာကို ( မိမိအတွက် )ဟလာလ်ဖြစ်စေရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ငါကိုယ်သည် ထိုမိန်းကလေး၏လက်ကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ရှိုင်တွာန်သည် ထိုကျေးတောသားအား ခေါ်လာကာ ၎င်း၏အ‌ကြောင်းခံဖြင့်အားဖြင့် မိမိအတွက် အစားအစာကို ဟလာလ်ဖြစ်စေရန် ကြိုးပမ်းပြန်ရာ ငါကိုယ်တော်သည် သူ၏လက်ကိုလည်း ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ (ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က) “ ငါကိုယ်တော်မြတ်၏အသက်ကို စိုးပိုင်တော်မူသောအရှင်မြတ်၏ ကစမ်၊ ဧကန်မုချ ရှိုင်တွာန်၏လက်သည် ထိုမိန်းကလေး ၏လက်နှင့်အတူ ငါကိုယ်တော်မြတ်၏လက်တွင် ရှိခဲ့သည်။ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် “ဗိစ်မိလ္လာဟ်” ဆိုပြီး အစားအစာကို စားသုံးတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၂၄၉။ စွဟာဗဟ်များက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဂုဏ်ပေးလေးစားခြင်းနှင့် အရိုအသေထားခြင်း။
  2. စားသောက်ခြင်းဆိုင်ရာ စည်းကမ်းများထဲမှ တစ်ခုမှာ ငယ်ရွယ်သူက အသက်အရွယ်ကြီးသူများ၊ ဂုဏ်သိက္ခာရှိသူများ မစားမခြင်း မစား‌ သေးဘဲ စောင့်ဆိုင်းခြင်းဖြစ်သည်။
  3. ရှိုင်တွာန်သည် မိမိနှစ်သက်ရာ အရာများကို ပြုလုပ်စေရန် သတိမေ့လျော့သူအချို့ကို လှုံ့ဆော်တတ်ပြီး မိမိရည်မှန်းချက်အောင်မြင်ရန် ကြိုးစားတတ်သည်။ ထိုလုပ်ရပ်များထဲမှတစ်ခုမှာ ဤဟဒီးစ်တွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည်။
  4. အိမာမ် နဝဝီ က ဆိုသည်- ပညာရှင်များက အမိန့်ရှိသည်မှာ - "ဗစ်မိလ္လာဟ်" ကို အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုခြင်းမှာ မွတ်စ်သ်ဟဗ် ဖြစ်သည်။ သို့မှသာ အခြားသူများကလည်း ကြားပြီး ( ရွတ်ဆိုရန် )သတိရှိလာပေမည်။
  5. အကယ်၍ တစ်စုံတစ်ဦးသည် ရောက်ရှိလာပြီးစားသောက်ရန် ရည်ရွယ်ပါက ၎င်း "ဗစ်မိလ္လာဟ်" ဆိုသည်ကို မကြားရလျှင်၊ "ဗစ်မိလ္လာဟ်" ရွတ်ဆိုသည်အထိ ၎င်း၏လက်ကို ကိုင်တွယ်ဟန့်တားထားသင့်သည်။
  6. တရားတော်နှင့် ဆန့်ကျင်သောလုပ်ရပ်ကိုပြုပြင်ပြောင်းလွဲပေးရန် ပညာရှင်များအပေါ် တာဝန်ရှိသည်။ ထို့အပြင် တတ်စွမ်းနိုင်စွမ်းသူများ( အာဏာရှိသူများ ) အနေဖြင့် လက်ဖြင့် ( အပစ်ပေးအရေးယူကာ ) တရားတော်နှင့် ဆန့်ကျင်‌သောလုပ်ရပ်ကို ပြင်ဆင်ပေးရန် တာဝန်ရှိသည်။
  7. ဤဟဒီးစ်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မုအ်ဂျိဇဟ်များထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် ဤဖြစ်ရပ်( အကွယ်မှ ) အကြောင်းကို ကိုယ်တော့်အားအသိပေးတော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။
  8. မုအ်မင်န် ယုံကြည်သူများ၏ အစားအစာကို ရှိုင်တွာန်သည် ဝင်ရောက်ခြယ်လှယ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ယင်းအစားအစာပေါ်၌ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မရွတ်ဆိုမိပါက (ဝင်ရောက်ခြယ်လှယ်နိုင်စွမ်းရှိသွားသည်)။
  9. လူများအား စားသောက်မှုဆိုင်ရာ စည်းကမ်းများကို သင်ကြားပေးခြင်းသည် မွတ်စ်သ်ဟဗ်ဖြစ်သည်။
  10. ပြောဆိုသည့် အကြောင်းအရာသည် နားဆင်သူအတွက် ပို၍လေးနက်
  11. စေရန် ကစမ်ကျိန်ဆိုခြင်းမှာ မွတ်စ်သ်ဟဗ် ဖြစ်သည်။
  12. အိမာမ် နဝဝီက ဆိုသည်- ရေ၊ နို့၊ ပျားရည်၊ ဟင်းရည်၊ ဆေးဝါးနှင့် အခြားသောက်စရာ အရည်များအားလုံးကို သောက်သုံးရာတွင် "ဗစ်မိလ္လာဟ်" ရွတ်ဆိုခြင်းသည် အစားအစာများတွင် ရွတ်ဆိုသကဲ့သို့ပင် မွတ်စ်သ်ဟဗ် ဖြစ်သည်။
  13. အိမာမ် နဝဝီက ဆိုသည်- အကယ်၍ တစ်စုံတစ်ဦးသည် တမင်ရည်ရွယ်လျှက်ဖြစ်စေ၊ မေ့သွားသောကြောင့်ဖြစ်စေ၊ မသိနားမလည်သောကြောင့်ဖြစ်စေ သို့မဟုတ် မတတ်သာသည့်အခြေအနေကြောင့်ဖြစ်စေ၊ အစာစားခြင်း၏ အစတွင် "ဗစ်မိလ္လာဟ်" ရွတ်ဆိုရန် မေ့လျော့ခဲ့ပါမည်၊ ထို့နောက် စားသောက်နေစဉ်အတွင်း သတိရလာပါက "အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို" ရွတ်ဆိုတသခြင်းမှာ မွတ်စ်သ်ဟဘ် ဖြစ်ပြီး "ဗစ်မိလ္လာဟိ အောင်ဝ်ဝလဟူ ဝအာခိရဟူ" (အစတွင်ကော အဆုံးတွင်ပါ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏) ဟု ရွတ်ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူခဲ့သည်မှာ-
  14. "သင်တို့အနက်မှတစ်စုံတစ်ဦးသည် အစာစားသည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုရမည်။ အကယ်၍ အစတွင် မေ့ခဲ့ပါက "ဗစ်မိလ္လာဟိ အောင်ဝ်ဝလဟူ ဝအာခိရဟူ"ဟု ရွတ်ဆိုရမည်။"
  15. အဗူဒါဝုဒ်ကျမ်း၊ သိရ်မိဇီကျမ်း
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍