عَنْ جَابِرِ بْنِ عَبْدِ اللَّهِ رضي الله عنهما أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أُعْطِيتُ خَمْسًا لَمْ يُعْطَهُنَّ أَحَدٌ قَبْلِي: نُصِرْتُ بِالرُّعْبِ مَسِيرَةَ شَهْرٍ، وَجُعِلَتْ لِي الأَرْضُ مَسْجِدًا وَطَهُورًا، فَأَيُّمَا رَجُلٍ مِنْ أُمَّتِي أَدْرَكَتْهُ الصَّلاَةُ فَلْيُصَلِّ، وَأُحِلَّتْ لِي المَغَانِمُ، وَلَمْ تَحِلَّ لِأَحَدٍ قَبْلِي، وَأُعْطِيتُ الشَّفَاعَةَ، وَكَانَ النَّبِيُّ يُبْعَثُ إِلَى قَوْمِهِ خَاصَّةً وَبُعِثْتُ إِلَى النَّاسِ عَامَّةً».
المزيد
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်။ (ငါကိုယ်တော်နှင့် ရန်သူများကြားတွင် ) တစ်လတာခရီးအကွာအဝေး ရှိသည့်တိုင် (ရန်သူများ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့်) ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ငါကိုယ်တော့်အတွက် ကမ္ဘာမြေကြီးဟာ စဂ်ျဒဟ်ဦးချရာ နေရာအဖြစ်လည်းကောင်း၊ သန့်ပြန့်စင်ကြယ် စေသောအရာ အဖြစ်လည်းကောင်း ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် ငါကိုယ်တော်ရဲ့ အွမ္မသ်သားများအနက် မည်သူမဆို ဆွလာသ်ဝတ်ပြုချိန် ရောက်လျှင် (မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ) ဆွလာသ်ဝတ်ပြုရမည်။ ငါကိုယ်တော့်အတွက် စစ်သုံ့ပန်းပစ္စည်းများသည် ဟလာလ်( ခွင့်ပြုထားသည့်အရာအဖြစ် )သတ်မှတ်ခံရသည်။ ၎င်းသည် ငါကိုယ်တော့်အရင် မည်သူ့အတွက်မျှ ဟလာလ် မဖြစ်ခဲ့ပေ။ ငါကိုယ်တော်သည် ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် ) ကို ချီးမြှင့်ခြင်း ခံခဲ့ရတော်မူသည်။(ယခင်က) စေလွှတ်ခြင်းခံခဲ့ရသည့် နဗီတမန် တော်သည် မိမိ၏ လူမျိုးစုထံသို့သာ သီးသန့် စေလွှတ်ခြင်း ခံရသည်။ သို့ရာတွင် ငါကိုယ်တော်သည် လူသားအားလုံးထံသို့ စေလွှတ်ခြင်းခံရတော် မူသည်။