عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ: أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: "لاَ تَقُومُ السَّاعَةُ حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا، فَإِذَا طَلَعَتْ فَرَآهَا النَّاسُ آمَنُوا أَجْمَعُونَ، فَذَلِكَ حِينَ: {لاَ يَنْفَعُ نَفْسًا إِيمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ، أَوْ كَسَبَتْ فِي إِيمَانِهَا خَيْرًا} [الأنعام: 158] وَلَتَقُومَنَّ السَّاعَةُ وَقَدْ نَشَرَ الرَّجُلاَنِ ثَوْبَهُمَا بَيْنَهُمَا فَلاَ يَتَبَايَعَانِهِ، وَلاَ يَطْوِيَانِهِ، وَلَتَقُومَنَّ السَّاعَةُ وَقَدِ انْصَرَفَ الرَّجُلُ بِلَبَنِ لِقْحَتِهِ فَلاَ يَطْعَمُهُ، وَلَتَقُومَنَّ السَّاعَةُ وَهُوَ يَلِيطُ حَوْضَهُ فَلاَ يَسْقِي فِيهِ، وَلَتَقُومَنَّ السَّاعَةُ وَقَدْ رَفَعَ أَحَدُكُمْ أُكْلَتَهُ إِلَى فِيهِ فَلاَ يَطْعَمُهَا".
[صحيح] - [متفق عليه]
المزيــد ...

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုအချိန်သည် (ရှေးဦးမဆွကအီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။) (ကုရ်အာန် ၆:၁၅၈) ဟုဆိုထားသော အချိန်ပင်ဖြစ်သည်။ လူနှစ်ယောက်သည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကို ဖြန့်ကာ အရောင်းအဝယ် မလုပ်ရသေးမီ၊ ၎င်းအဝတ်ကို မခေါက်ရသေးမီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏နို့စားကုလားအုတ်မှ နို့ညှစ်ပြီး ပြန်သွားခဲ့ရာ ၎င်းနို့ကိုမသောက်မီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် မိမိရေကန်(၏အက်ကွဲကြောင်းများကို)ဖာထေးပြီး(ရေဖြည့်၍) မိမိ၏တိရစ္ဆာန်ကိုရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထမင်းလုတ်ကိုမြှောက်ပြီး ပါးစပ်ထဲမသွင်းရသေးမီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကနောက်ဆုံးခေတ်၌ဖြစ်ပေါ်လာမည့် ကိယာမသ်၏နိမိတ်လက္ခဏာများနှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်မှာ ကိယာမသ်သည် အနောက်အရပ်မှနေမထွက်မချင်း ဆိုက်ရောက်လိမ့်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်လာသောအခါ လူတို့မြင်တွေ့ကြပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုသို့ အနောက်အရပ်မှ နေထွက်ပေါ်လာသည့်အခါတွင် (ရှေးဦးမဆွကအီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူးဖြစ်ထွန်းစေမည်မဟုတ်ပေ။) ဤအာယသ်တော်၏ အလိုသဘောမှာ အနောက်အရပ်မှ နေထွက်ခြင်းနှင့် ကြုံကြိုက်ခဲ့သည့် ကာဖိရ်တစ်ဦးသည် ယခင်ကတည်းက အီမာန်သက်ဝင်ယုံကြည်မှု မရှိခဲ့သည့်အတွက် ထိုသို့ နေထွက်ပြီးနောက်မှ အီမာန်သက်ဝင်ယုံကြည်ခြင်းသည် ၎င်းအား မည်သို့မျှအကျိုးဖြစ်ထွန်းစေလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ အီမာန်သက်ဝင်ယုံကြည်ခြင်း၊ အမလ်ကောင်းမှုများ ဆောက်တည်ခြင်းသည် (ဂရ်ဂရဟ်) အသက်ထွက်ရန်ဝိညာဉ်သည် လည်မျိုသို့ရောက်သည့်အချိန်၌အီမာန်ယူပြီး အမလ်ကောင်းမှုများ ဆောက်တည်သည့်အမိန့်နှင့် အတူတူပင်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အီမာန်သက်ဝင်ယုံကြည်ခြင်းသည် မည်သို့မျှ အကျိုးရှိလိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (သို့တစေလည်း ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ ၎င်းတို့၏”အီမာန်” သက်ဝင်ယုံကြည်မှုသည် ၎င်းတို့အား အကျိုးပေးခဲ့သည် မဟုတ်ပေ။) ကုရ်အာန် (၄၀:၈၅) ဆွဟီးဟ် ဟဒီးဆ်တော်၌လာရှိသည်မှာ "c2">“လူတစ်ဦး၏ ‘သောင်ဝ်ဗဟ်’အမှားဝန်ချတောင်းပန်မှုသည် (အသက်ထွက်ရန်)ဝိညာဉ်သည် လည်မျိုသို့မရောက်မခြင်း လက်ခံခြင်းခံရလိမ့်မည်ဖြစ်သည်။”သဖ်စီးရ်ပညာရှင်အများစုက အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည့်((အမှန်စင်စစ်သော်ကား) အသင့်အားမွေးမြူတော်မူသောအရှင်မြတ်၏(ကြီးကျယ်သော)အချို့လက္ခဏာတော်ရောက်ရှိလာသောနေ့တွင်၊) ကုရ်အာန်(၆:၁၅၈)ဟူသော အာယသ်တော်တွင် ပါရှိသည့်"c2">“အချို့လက္ခဏာတော်”ဟူသည် အနောက်အရပ်မှ နေထွက်ခြင်းကို ဆိုလိုကြောင်း ဤဟဒီးဆ်တော်တွင် အထောက်ထားပါရှိသည်ဟု မိန့်ဆိုကြသည်။ နေသည်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးစွမ်းအားဖြင့်သွားလာ လည်ပတ်နေသည်ကို သိနားလည်ထားရမည်။ နေသည်(အနောက်အရပ်သို့) ဝင်ပြီးနောက် အရှင်မြတ်အား ဦးချတော်မူသည်။ ထို့နောက် နေသည် အရှင်မြတ်ထံတော်၌ မိမိအား( အရှေ့အရပ်မှ) ထွက်ခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး အရှင်မြတ်ကခွင့်ပြုလိုက်သည့်အခါ ၎င်းသည် နေထွက်ရာအရပ်သို့ပြန်လှည့်သွားသည်။ သို့သော် ထိုညသို့ရောက်သောအခါ အလ္လာဟ်အရှင်မြတ်က ၎င်းအားမိမိအလိုရှိသည်အထိ ထွက်ခွင့်ပြုမည်မဟုတ်ပေ။ထို့နောက် အရှင်မြတ်က (အသင်လာခဲ့သည့်နေရာသို့ ပြန်သွားလော့)ဟု မိန့်တော်မူမည်။ ထိုအခါ နေသည် နေဝင်ခဲ့သည့် အနောက်အရပ်သို့ပြန်လှည့်၍ ထိုနေရာမှပင် ထွက်ပေါ်လာမည်ဖြစ်သည်။ ဤအချိန်မတိုင်မီ ကာဖိရ်အဖြစ်ရှိခဲ့သူအား ၎င်း၏အီမာန်ယုံကြည်က သူ့အားမည်သို့မျှ အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ရောင်းသူနှင့် ဝယ်သူနှစ်ဦးသည် မိမိတို့နှစ်ဦးကြား၌ မိမိတို့၏အဝတ်အထည်ကိုဖြန့်ကာအရောင်းအဝယ်မလုပ်ရသေးမီအလျင်၊ ၎င်းအဝတ်ကို မခေါက်မီအလျင် ကိယာမသ်ဆိုက်ရောက်လာမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိ၏နို့စားကုလားအုတ်မှ နို့ညှစ်ပြီး နို့ကိုမသောက်မီအလျင် ကိယာမသ် ဆိုက်ရောက်လာမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိရေကန်(၏အက်ကွဲကြောင်းများ)ကို ရွှံ့ဖြင့်ပြုပြင်ဖာထေးပြီး(ရေဖြည့်၍မိမိ၏တိရစ္ဆာန်ကို)ရေမတိုက်ရသေးမီအလျင် ကိယာမသ်ဆိုက်ရောက်လာမည်ဖြစ်သည်။ လူတစ်ဦးသည်ထမင်းစားရန်အတွက် ထမင်းလုတ်ကို ပါးစပ်နားသို့မြှောက်လိုက်ပြီး ၎င်းကိုမစားရသေးမီအလျင် ကိယာမသ် ဆိုက်ရောက်လာမည်ဖြစ်သည်။ ဤအကြောင်းအရာများအားလုံးသည်ကိယာမသ်နှင့်ပတ်သက်၍လာရှိထားခြင်းဖြစ်သည်။ ကိယာမသ်သည် ရုတ်တရက် ဆိုက်ရောက်လာမည်ဖြစ်ပြီး ထမင်းလုတ်ကို ပါးစပ်ထဲသို့ထည့်ခြင်းထက်ပင် ပို၍လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့ အလျင်းမဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍ လျင်မြန်စွာဖြစ်မည်။)ကုရ်အာန် (၁၆:၇၇)

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကိယာမသ်၏ နိမိတ်လက္ခဏာများကို ရှင်းပြထားသည်။
  2. အနောက်အရပ်မှ နေထွက်သောအခါမှ အီမာန်ယူခြင်းသည် အကျိုးရှိမည်မဟုတ်ပေ။
  3. ကိယာမသ်သည် လျင်မြန်စွာဆိုက်ရောက်လာမည်ဖြစ်ပြီး လူတစ်ဦး၏ ပါးစပ်သို့ ထမင်းလုတ်ထည့်သည့် အချိန်ထက်ပင် ပို၍လျင်မြန်စွာ ဆိုက်ရောက်လာမည်ဖြစ်သည်။
  4. ကိယာမသ်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး ကိယာအသ်မဆိုက်ရောက်မီ ကောင်းမှုများ ပြုလုပ်ရမည်။
ထပ်၍