عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا تَقُومُ السَّاعَةُ حَتَّى يَتَقَارَبَ الزَّمَانُ، فَتَكُونَ السَّنَةُ كَالشَّهْرِ، وَيَكُونَ الشَّهْرُ كَالْجُمُعَةِ، وَتَكُونَ الْجُمُعَةُ كَالْيَوْمِ، وَيَكُونَ الْيَوْمُ كَالسَّاعَةِ، وَتَكُونَ السَّاعَةُ كَاحْتِرَاقِ السَّعَفَةِ الْخُوصَةُ».

[صحيح] - [رواه أحمد] - [مسند أحمد: 10943]
المزيــد ...

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အချိန်ကာလနီးကပ် (တိုတောင်း) မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ တစ်နှစ်သည် တစ်လကဲ့သို့၊ တစ်လသည် တစ်ပတ်ကဲ့သို့၊ တစ်ပတ်သည် တစ်ရက်ကဲ့သို့၊ တစ်ရက်သည် တစ်နာရီကဲ့သို့၊ တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသည့် အချိန်အတိုင်းအတာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

[صحيح] - [رواه أحمد] - [مسند أحمد - 10943]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အချိန်ကာလ နီးကပ် (တိုတောင်း) လာခြင်းသည် ကိယာမသ်၏ နိမိတ်လက္ခဏာများတွင်ပါဝင်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် တစ်နှစ်သည် တစ်လကဲ့သို့ ကုန်ဆုံးသွားမည်။ တစ်လသည် တစ်ပတ်ကဲ့သို့ ကုန်ဆုံးသွားမည်ဖြစ်သည်။ ခုနှစ်ရက်ရှိသော ဂျုမုအဟ်တစ်ပတ်သည် တစ်ရက်ကဲ့သို့ ကုန်ဆုံးသွားမည်။ ထိုကဲ့သို့ပင် တစ်ရက်သည် တစ်နာရီကဲ့သို့ ကုန်လွန်သွားမည်ဖြစ်ပြီး တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသကဲ့သို့ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အချိန်၌ ဗရ်ကသ် ရုပ်သိမ်းခံရခြင်း၊ အချိန်လျင်မြန်စွာ ကုန်ဆုံးခြင်းတို့သည် ကိယာမသ်၏ နိမိတ်လက္ခဏာများတွင် ပါဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (56)
ထပ်၍