عَنْ أَبِي سَعِيدٍ الخُدْرِيِّ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: "يُؤْتَى بِالْمَوْتِ كَهَيْئَةِ كَبْشٍ أَمْلَحَ، فَيُنَادِي مُنَادٍ: يَا أَهْلَ الجَنَّةِ، فَيَشْرَئِبُّونَ وَيَنْظُرُونَ، فَيَقُولُ: هَلْ تَعْرِفُونَ هَذَا؟ فَيَقُولُونَ: نَعَمْ، هَذَا المَوْتُ، وَكُلُّهُمْ قَدْ رَآهُ، ثُمَّ يُنَادِي: يَا أَهْلَ النَّارِ، فَيَشْرَئِبُّونَ وَيَنْظُرُونَ، فَيَقُولُ: وهَلْ تَعْرِفُونَ هَذَا؟ فَيَقُولُونَ: نَعَمْ، هَذَا المَوْتُ، وَكُلُّهُمْ قَدْ رَآهُ، فَيُذْبَحُ ثُمَّ يَقُولُ: يَا أَهْلَ الجَنَّةِ خُلُودٌ فَلاَ مَوْتَ، وَيَا أَهْلَ النَّارِ خُلُودٌ فَلاَ مَوْتَ، ثُمَّ قَرَأَ: {وَأَنْذِرْهُمْ يَوْمَ الحَسْرَةِ إِذْ قُضِيَ الأَمْرُ وَهُمْ فِي غَفْلَةٍ} [مريم: 39]، وَهَؤُلاَءِ فِي غَفْلَةٍ أَهْلُ الدُّنْيَا {وَهُمْ لاَ يُؤْمِنُونَ} [مريم: 39]".
[صحيح] - [متفق عليه]
المزيــد ...

အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။ ၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့ကခေါင်းထောင်ပြီးကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟုမေးလိမ့်မည်။ ၎င်းတို့ကဟုတ်ကဲ့ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား (သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထို့နောက်၎င်းက ကြေညာမည်မှာ အို-ငရဲသားအပေါင်းတို့ ၎င်းတို့ကခေါင်းထောင်ကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟု မေးလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား(သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထိုအခါသေခြင်းတရားသည်(သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ထို့နောက် ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့ သေခြင်းတရားမရှိတော့သည့်ထာဝရ(အကျိုး)ကိုခံစားကြကုန်။ တဖန်အို-ဂျဟန္နမ်ငရဲသားတို့ သေခြင်းတရားမရှိတော့သည့် ထာဝရ(ဒုက္ခ)ကို ခံစားကြကုန်။ ထို့နောက် ကိုယ်တော်မြတ်သည် (ဤအာယသ်တော်အား)ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) ကုရ်အာန် (၁၉း၃၉) ထိုမေ့လျော့မှု၌ ရှိနေကြသူတို့သည် လောကီသမားများပင် ဖြစ်ကြပေသည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ သေခြင်းတရားအား ကိယာမသ်နေ့၌ အနက်ရောင်နှင့် အဖြူရောင်အမွေးပါရှိသော သိုးတစ်ကောင်ပုံစံနှင့်ယူဆောင်လာမည်။၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့က ကြည့်ရှုရန်အတွက် လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်လိုက်ကြမည်။ ထိုအခါကြေညာသူက အသင်တို့ ဤသိုးကို သိကြလေသလောဟုမေးမြန်းလိမ့်မည်။ ထိုအခါ ဂျန္နသ်သုခဘုံသားတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် မိမိတို့အသက်ဝိညာဥ်ရုပ်သိမ်းခံရစဥ်အခါက ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ၎င်းက အို-ငရဲသားအပေါင်းတို့ဟု ခေါ်လိုက်ရာ ၎င်းတို့က ကြည့်ရှုရန်အတွက်လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်လိုက်ကြမည်။ထိုအခါကြေညာသူက အသင်တို့ ဤသိုးကိုသိကြလေသလောဟု မေးမြန်းလိမ့်မည်။ ထိုအခါ ငရဲဘုံသားတို့က ဟုတ်ကဲ့ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် မိမိတို့အသက်ဝိညာဥ်ရုပ်သိမ်းခံရစဥ်အခါက ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ထိုအခါ သေခြင်းတရားသည် (သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ ထို့နောက်ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့၊ ဂျန္နသ်၌အမြဲထာဝရ နေထိုင်ကြလော့။ ပထအကြိမ် သေဆုံးခဲ့ကြပြီးနောက် မည်သည့်အခါတွင်မျှ သင်တို့သေဆုံးကြတော့မည်မဟုတ်ပေ။ ထို့နောက်ကြေညာသူကပြောမည်မှာ အို-ငရဲဘုံသားတို့၊ သေခြင်းတရားလည်းမရှိ၊ စိတ်ချမ်းသာမှုလည်းမရှိ၊ အကျိုးရှိသောရှင်သန်ခြင်းလည်းမရှိတော့ဘဲ ဂျဟန္နမ်ငရဲ၌ အမြဲထာဝရနေထိုင်ကြလော့။ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအာယသ်တော်အား ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) နောင်တမလွန် အာခိရသ်သည် မေ့လျော့ပေါ့ဆသည့် နေရာဌာန မဟုတ်သောကြောင့် ကိုယ်တော်က အာယသ်တော်တွင်ပါရှိသော သူများဘက်သို့ညွှန်းဆိုကာ ဤသူတို့သည် လောကီသမားများပင်ဖြစ်ကြသည်ဟု ရှင်းပြတော်မူခဲ့သည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ဆိုလိုသည်မှာ ၎င်းတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြပြီး မေ့လျော့ပေါ့ဆစွာနေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် လောကီသမားများပင်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရနေထိုင်ရန် ထိုက်တန်သွားကြသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကုရ်အာန်ကျမ်းတော်မြတ်အား ဟဒီးဆ်တော်ဖြင့်အကျယ်ဖွင့်ဆိုထားသည်။
  2. ကိယာမသ်နေ့၌ ဂျန္နသ်သုခဘုံသားများနှင့် ဂျဟန္နမ်ငရဲဘုံသားတို့ ရောက်ရှိမည့် နေရာဌာနများအကြောင်းကို တင်ပြထားသည်။ ၎င်းတို့သည် ထိုနေရာဌာနများ၌ အမြဲထာဝရ နေထိုင်ရမည်။
  3. ဂျန္နသ်သုခဘုံသားများသည် အမြဲထာဝရပျော်ရွှင်စွာနေရပြီး၊ ဂျဟန္နမ်ငရဲဘုံသားတို့သည် အမြဲထာဝရဝမ်းနည်းပူဆွေးနေရမည်ဖြစ်ကြောင်း ရှင်းပြထားသည်။
အမျိုးအစားများ
ထပ်၍