+ -

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «نَارُكُمْ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نَارِ جَهَنَّمَ»، قِيلَ: يَا رَسُولَ اللَّهِ، إِنْ كَانَتْ لَكَافِيَةً. قَالَ: «فُضِّلَتْ عَلَيْهِنَّ بِتِسْعَةٍ وَسِتِّينَ جُزْءًا كُلُّهُنَّ مِثْلُ حَرِّهَا».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အသင်တို့၏မီးဟူသည် လောကီ၏မီးကိုဆိုလိုပြီး ၎င်းသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ အကယ်၍ လောကရှိ ထင်းများ၊ လောင်စာအမျိုးအစားများအားလုံးကို စုစည်း၍ မီးမွှေးကာ မီးတောက်ကြီးဖြစ်သွားခဲ့လျှင်လည်း ထိုမီးထက် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံတစ်ပုံသည် ပို၍ပြင်းထန်သည်။ ထိုအခါ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောက၏မီးဖြင့်ပင် ဂျဟန္နမ်ငရဲဘုံသားများနှင့် အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည် လောကီမီးထက် အဆပေါင်း(၆၉)ဆ သာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီး၏ အပူရှိန်နှင့်ညီမျှ၏။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဂျဟန္နမ်ငရဲမီးသည် လောကီမီးထက် ပို၍ပြင်းထန်ကြောင်း ထပ်လောင်း ပြောပြရခြင်းမှာ ဖန်ဆင်းရှင်ပေးသည့်ပြစ်ဒဏ်သည် အဖန်ဆင်းခံတို့ပေးသည့် ပြစ်ဒဏ်နှင့် မည်သို့ကွာခြားချက်ရှိကြောင်း ရှင်းပြရန်အတွက်ပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصربية الصومالية الطاجيكية الكينياروندا الرومانية التشيكية المالاجاشية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျဟန္နမ်ငရဲမီးနှင့် ၎င်း၏ပြစ်ဒဏ်သည် အလွန်ပင် ကြီးမားကြောင်းဖော်ပြထားသည်။
  2. ဂျဟန္နမ်ငရဲမီးနှင့် ၎င်း၏ပြင်းထန်လှသည့်ပြစ်ဒဏ်များဖြင့် သတိပေးခြိမ်းခြောက်ထားသည်။
  3. အလ္လာဟ်အရှင်မြတ်ပေးသည့်ပြစ်ဒဏ်သည် အဖန်ဆင်းခံတို့ပေးသည့်ပြစ်ဒဏ်နှင့်ကွဲပြားခြားနားကြောင်းဖော်ပြထားသည်။
ထပ်၍