عَنْ عَلِيٍّ رضي الله عنه:
أَنَّ فَاطِمَةَ رَضيَ اللهُ عنْها أَتَتِ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ تَشْكُو إِلَيْهِ مَا تَلْقَى فِي يَدِهَا مِنَ الرَّحَى، وَبَلَغَهَا أَنَّهُ جَاءَهُ رَقِيقٌ، فَلَمْ تُصَادِفْهُ، فَذَكَرَتْ ذَلِكَ لِعَائِشَةَ، فَلَمَّا جَاءَ أَخْبَرَتْهُ عَائِشَةُ، قَالَ: فَجَاءَنَا وَقَدْ أَخَذْنَا مَضَاجِعَنَا، فَذَهَبْنَا نَقُومُ، فَقَالَ: «عَلَى مَكَانِكُمَا» فَجَاءَ فَقَعَدَ بَيْنِي وَبَيْنَهَا، حَتَّى وَجَدْتُ بَرْدَ قَدَمَيْهِ عَلَى بَطْنِي، فَقَالَ: «أَلاَ أَدُلُّكُمَا عَلَى خَيْرٍ مِمَّا سَأَلْتُمَا؟ إِذَا أَخَذْتُمَا مَضَاجِعَكُمَا -أَوْ أَوَيْتُمَا إِلَى فِرَاشِكُمَا- فَسَبِّحَا ثَلاَثًا وَثَلاَثِينَ، وَاحْمَدَا ثَلاَثًا وَثَلاَثِينَ، وَكَبِّرَا أَرْبَعًا وَثَلاَثِينَ، فَهُوَ خَيْرٌ لَكُمَا مِنْ خَادِمٍ».

[صحيح] - [متفق عليه] - [صحيح البخاري: 5361]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အလီ(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။
ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်ပါးသို့လာ၍ကြိတ်ဆုံလှည့်ရသည့်အတွက် သူမလက်တွင်ခံစားနေရသော နာကျင်မှုကို ညည်းတွားနေခဲ့သည်။ သူမသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လက်ရသုံ့ပန်းရောက်ရှိလာခဲ့ ကြောင်းသိရှိခဲ့သည်။ သို့သော် သူမသည် ကိုယ်တော်မြတ်နှင့်မတွေ့ခဲ့သည့်အတွက် လာရသည့်အကြောင်းရင်းကို အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကို ပြောပြခဲ့ရာ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကလည်း ကိုယ်တော်မြတ်ရောက်လာသည့်အခါ ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် လာခဲ့ကြောင်းပြောပြခဲ့သည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)ကပြောသည်မှာ ကိုယ်တော်သည် ကျွန်တော်တို့ထံကို ကြွမြန်းလာခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်တို့ အိပ်ရာဝင်ပြီးသွားပြီဖြစ်သည်။ ကျွန်တော်က ထမယ်လုပ်သည့်အခါ ကိုယ်တော်က အသင်တို့နေရာ၌သာနေကြပါ။ မထပါနှင့်။ ထို့နောက် ကိုယ်တော်မြတ်သည်လာ၍ကျွန်တော်နှင့်ဖာသွိမဟ်၏အလယ်တွင် ထိုင်တော်မူလိုက်ရာ ကျွန်တော်၏ဗိုက်ပေါ်တွင်ကိုယ်တော့်ခြေတော်၏ အေးမြမှုကိုပါ ထိတွေ့ခံစားရ၏။ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ဦးတောင်းဆိုနေသည့်အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ အသင်တို့နှစ်ယောက် အိပ်ရာဝင်သောအခါ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ ကို ဖတ်ရွတ်ပါလေ။ ဤသည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5361]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်ပါးသို့လာ၍ကြိတ်ဆုံလှည့်ရသည့်အတွက် သူမလက်တွင်ခံစားနေရသော နာကျင်မှုကို ညည်းတွားနေခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့လက်ရသုံ့ပန်းရောက်ရှိလာသောအခါ သူမသည် ယင်းသုံ့ပန်းမှ အိမ်၌မိမိ‌ နေရာတွင်အလုပ်လုပ်ပေးမည့် အိမ်ဖော်တစ်ယောက်ရရန် တောင်းဆိုဖို့အတွက် ကိုယ်တော်မြတ်ထံသို့သွားသည်။ သို့သော် သူမသည် ကိုယ်တော်မြတ်နှင့်မတွေ့ခဲ့ပေ။ ထို့ကြောင့် သူမသည် မိမိလာရသည့်အကြောင်းရင်းကို အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကို ပြောပြခဲ့သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မသည်လည်း ကိုယ်တော်မြတ်ရောက်လာသည့်အခါ ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် ‌အိမ်ဖော်တစ်ဦးတောင်းဆိုရန် လာခဲ့ကြောင်းပြောပြခဲ့သည်။ ကိုယ်တော်သည် ဖာသွိမဟ်နှင့်အလီ(ရဿွိယလ္လာဟုအန်ဟုမာ)၏အိမ်သို့ ကြွမြန်းလာခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ဦးအိပ်ရန် အသင့်ပြင်နေကြပြီဖြစ်သည်။ ကိုယ်တော်မြတ်သည် သူတို့နှစ်ဦးအလယ်တွင်ထိုင်‌တော်မူခဲ့သည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏ဗိုက်ပေါ်တွင်ကိုယ်တော့်ခြေတော်နှစ်ဖက်၏အေးမြမှုကိုပါ ထိတွေ့ခံစားရသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ဦးကျွန်ုပ်ထံအိမ်ဖော်ပေးရန်အတွက် တောင်းဆိုနေသည့် အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ သူတို့နှစ်ဦးက မုချ‌သင်ပေးပါဟုပြောလေသည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ယောက် ညအိပ်ရာဝင်သောအခါ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ ၊ ကို ဖတ်ရွတ်ပါလေ။ ဤဇိက်ရ်သည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွန်မြတ်လှသည့်ဤဇိက်ရ်တော်ကို စွဲမြဲစွာပြုကျင့်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ဤမှာတမ်းချက်၌ပါရှိသော ဇိက်ရ်တော်အား ဆွဖီးန်တိုက်ပွဲ၏ညတွင်လည်း မလွှတ်ခဲ့ပေ။
  2. မွတ်စ်လင်မ်ကျမ်းတွင် မုအာဇ်ဗင်န် ရှူအ်ဗဟ်၏ဆင့်ပြန်ချက်၌ “အသင်တို့နှစ်ဦးသည် ညအိပ်ရာဝင်သည့်အခါတွင်”ဟူ၍လာရှိသောကြောင့် ဤဇိက်ရ်တော်သည် ညအိပ်ရာဝင်သည့်အခါ၌သာ ရွတ်ဆိုရ‌ပေသည်။
  3. မွတ်စ်လင်မ်တစ်ဦးသည် ဤဇိက်ရ်တော်ကို ညအစ၌ရွတ်ဆိုရန်မေ့သွားပြီး ည၏အဆုံး၌သာရွတ်ဆိုရန်သတိရ၍ရွတ်ဆိုလိုက်ပါက ဘာမှမဖြစ်ပေ။ ရွတ်ဖတ်ခွင့်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ဟဒီးဆ်ဆင့်ပြန်သူအလီ(ရဿွိယလ္လာဟုအန်ဟု)သည် ဤဇိက်ရ်တော်ကိုရွန်ဆိုရန် ဆွဖီးန်တိုက်ပွဲ၏ညအစတွင်မေ့သွားခဲ့ပြီး ဖဂ်ျရ်မတိုင်သတိရ၍ပြန်လည်ရွန်ဆိုခဲ့သည်။
  4. မုဟလ္လဗ်ကပြောသည်မှာ ဤဟဒီးဆ်တော်တွင် လူသားသည် မိမိအတွက်မိမိပြုကျင့်သည့်လုပ်ရပ်တိုင်းအား လောကီအရေးထက် အာခိရသ် နောင်တမလွန်ဘဝကို ဦးစားပေးသောအားဖြင့် မိသားစုကိုပါ ပြုကျင့်‌စေရန်ပါရှိသည်။ သို့သော် မိမိ၏မိသားစုသည်လည်း ပြုကျင့်နိုင်စွမ်းရှိရပေမည်။
  5. အိဗ်နုဟဂျရ် အလ်အတ်စ်ကလာနီ (ရဟိမဟုလ္လာဟ်) ကပြောသည်မှာ အကြင်သူသည် ဤဇိက်ရ်တော်ကို စွဲမြဲစွာရွတ်ဖတ်ပါက အလုပ်အလွန်များသောကြောင့် ပင်ပန်း‌နေလျှင်လည်း ဒုက္ခခံစားရမည်လည်းမဟုတ်၊ ခက်ခဲမည်လည်းမဟုတ်ပေ။
  6. အိုင်နီက ပြောသည်မှာ ဟဒီးဆ်တော်၌ “အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။” ဟုမိန့်ဆိုချက်၌ “ပိုကောင်း‌ပေသည်။” ဟုဆိုထားခြင်း၏အလိုသဘောမှာ အာခိရသ်ကို ရည်ရွယ်မိန့်ဆိုထားခြင်းဖြစ်ပြီး အိမ်ဖော်သည် လောကီ၌သာရရှိမည်ဖြစ်ပြီး အာခိရသ်၌ရမည့်အရာသည်ပို၍ကောင်းပြီး ထာဝရကျန်ရှိနေမည့်အရာလည်းဖြစ်ပါသည်။ သို့မဟုတ် “ပိုကောင်း‌ပေသည်။” ဟုဆိုထားခြင်း၏အလိုသဘောမှာ ဤဇိက်ရ်တော်များကြောင့် အိမ်ဖော်တစ်ဦးလုပ်နိုင်စွမ်းရှိသည်ထက်ပို၍အိမ်မှုကိစ္စများလုပ်ဆောင်ရန်အားအင်များရရှိလာမည်ဟုဆိုလိုခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍