عَن عبدِ اللهِ بن خُبَيب رضي الله عنه أنه قال:
خَرَجْنَا فِي لَيْلَةٍ مَطِيرَةٍ وَظُلْمَةٍ شَدِيدَةٍ، نَطْلُبُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ؛ يُصَلِّي لَنَا، قَالَ: فَأَدْرَكْتُهُ، فَقَالَ: «قُلْ»، فَلَمْ أَقُلْ شَيْئًا، ثُمَّ قَالَ: «قُلْ»، فَلَمْ أَقُلْ شَيْئًا، قَالَ: «قُلْ»، فَقُلْتُ: مَا أَقُولُ؟ قَالَ: «{قُلْ هُوَ اللهُ أَحَدٌ} وَالْمُعَوِّذَتَيْنِ حِينَ تُمْسِي وَتُصْبِحُ ثَلَاثَ مَرَّاتٍ، تَكْفِيكَ مِنْ كُلِّ شَيْءٍ».

[صحيح] - [رواه أبو داود والترمذي والنسائي] - [سنن الترمذي: 3575]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ရှာဖွေရန် ထွက်ခဲ့ကြသည်။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အား (အိမာမ်အဖြစ်ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန် ဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့သည်။ ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်သည်။ သို့သော်လည်း ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်ရာ ကျွန်တော်မျိုး "အဘယ်အရာကို ရွတ်ဖတ်ရမည်နည်း" ဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က "စူရဟ် ကုလ်ဟွဝလ္လာဟုအဟဒ် (အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တို့တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အဖို့ အရာရာတိုင်းမှ လုံလောက်ပေသည်" ဟု မိန့်တော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي] - [سنن الترمذي - 3575]

ရှင်းလင်းချက်

ဆွဟာဗဟ်သာဝကကြီး အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်မှာ - သူတို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ရှာဖွေရန် ထွက်ခဲ့ကြသည်။ အကြောင်းမှာ ကိုယ်တော်သည် ၎င်းတို့အား (အိမာမ်အဖြစ်ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန် ဖြစ်သည်။ ထို့နောက် သူတို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူသည်။ သူသည် မည်သည့်အရာကိုမျှ မရွတ်ဖတ်ခဲ့ပေ။ တမန်တော်မြတ်က ထိုစကားကို ပင် ၎င်းအား ထပ်မံ၍ မိန့်တော်မူပြန်သည်။ ထိုအခါ အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု) က "အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး "အဘယ်အရာကို ရွတ်ဖတ်ရမည်နည်း" ဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "စူရဟ် ကုလ်ဟွဝလ္လာဟုအဟဒ် (အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ်ဖလက်နှင့် စူရဟ် နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တို့တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အား ဘေးအန္တ ရာယ်အပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်ပြီး မကောင်းမှုဟူသ‌ရွေ့မှ ကာကွယ်ပေးမည်ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ နံနက်နှင့် ညနေအချိန်များတွင် စူရဟ်အိခ်လာစ်၊ စူရဟ်ဖလက်နှင့် စူရဟ်နားစ် တို့ကို ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး၊ ယင်းစူရဟ်များသည်မကောင်းမှုမှန်သမျှမှ ကာကွယ်ပေးသော အကာအကွယ်တစ်ခု ဖြစ်သည်။
  2. ၃။ စူရဟ်အိခ်လာစ်၊ စူရဟ်ဖလက်နှင့် စူရဟ်နားစ် တို့ကို ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူး။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍