1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိသည်။ အရှင်မြတ်သည် အလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူ၏

عَن عَبْدِ اللهِ بْنِ عَمْرِو بْنِ الْعَاصِ رضي الله عنهما أَنَّهُ سَمِعَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، يَقُولُ:
«إِنَّ قُلُوبَ بَنِي آدَمَ كُلَّهَا بَيْنَ إِصْبَعَيْنِ مِنْ أَصَابِعِ الرَّحْمَنِ، كَقَلْبٍ وَاحِدٍ، يُصَرِّفُهُ حَيْثُ يَشَاءُ» ثُمَّ قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
"လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိသည်။ အရှင်မြတ်သည် အလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ ဆုတောင်းတော်မူခဲ့သည်။ "အို- စိတ်နှလုံးသားများကို လှည့်ပြောင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးသားများကို အရှင့်အမိန့်တော်ကို နာခံခြင်းဆီသို့ လှည့်ပြောင်းပေးသနားတော်မူပါ"။

صحيح رواه مسلم صحيح مسلم - 2654

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိပြီး၊ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူကြောင်း မိန့်ကြား‌တော်မူခဲ့၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် ထိုစိတ်နှလုံးသားကို တရားလမ်းမှန်ပေါ်၌ တည်တံ့စေတော်မူပြီး၊ အလိုရှိလျှင် တရားလမ်းမှန်မှ လွဲချော်စေတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ စိတ်နှလုံးသားအားလုံးကို စီမံခန့်ခွဲမှုသည် စိတ်နှလုံးသားတစ်ခုတည်းကို စီမံခန့်ခွဲမှုကဲ့သို့ပင် ဖြစ်သည်။ အရှင်မြတ်သည် တစ်ခုကို စီမံခန့်ခွဲရင်း နောက်တစ်ခုမှ ကင်းလွတ်သွားခြင်းမျိုး မရှိ‌ပေ။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ ဆုတောင်းတော်မူခဲ့သည်။ "အို- နှလုံးသားများကို တစ်ခါတစ်ရံအမိန့်နာခံမှုဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ အပြစ်အကုသိုလ်ဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ သတိရတသမှုဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ မေ့လျော့မှုဆီသို့လည်းကောင်း လှည့်ပြောင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးသားများကို အရှင့်အမိန့်တော်ကို နာခံခြင်းဆီသို့ လှည့်ပြောင်းပေးသနားတော်မူပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ သက္ကဒီရ်စီမံသတ်မှတ်ချက်ကို အတည်ပြုထားခြင်း။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် ကြိုတင်ရေးမှတ်ထားတော်မူသော သက္ကဒီရ်စီမံသတ်မှတ်ချက်အတိုင်း သူတို့၏စိတ်နှလုံးများကို ညွှန်ကြား(လှည့်ပြောင်း)တော်မူ၏။
  2. ၂။ မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ အရှင်သခင်ထံမှ အမှန်တရားနှင့် တရားလမ်းညွှန်မှုအပေါ်၌ တည်တံ့ခိုင်မြဲရန် အမြဲတောင်းခံနေသင့်သည်။
  3. ၃။ အလ္လာဟ်အရှင်မြတ်ကိုသာ ကြောက်ရွံ့ရမည် ဖြစ်ပြီး၊ တုဖနှိုင်းယှဉ်ရာမရှိဘဲ တစ်ဆူတည်းဖြစ်တော်မူသော အရှင်မြတ်နှင့်သာ အ ဆက်အသွယ်ထားရမည်။
  4. အိမာမ်အာဂျွရ်ရီက ဤသို့ဆိုသည်- "အမှန်တရားကိုလိုက်နာသူများသည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် သို့မဟုတ် အရှင်မြတ်၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ဆွဟာဗဟ်သာဝကကြီးများ (ရဿွိယလ္လာဟုအန်ဟွမ်) က အရှင်မြတ်အတွက် ဖော်ပြခဲ့သည့် ဂုဏ်ပုဒ်များအတိုင်း ဖော်ပြကြသည်။ ဤသည်ပင်လျှင် သာသနာ့ပညာရှင်များအနက်မှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ဆွဟာဗဟ်သာဝကကြီးများ၏ လမ်း စဉ်ကို လိုက်နာပြီး ဗိဒ်အသ်တရားသစ်တီထွင်ပြောင်း လဲခြင်း မပြုခဲ့ကြသူများ၏ လမ်းစဉ်ဖြစ်သည်။ အဟ်လုစွန္နသ်ဝင်များသည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်ကိုယ်တိုင် အတည် ပြုထားသည့် နာမတော်များနှင့် ဂုဏ်တော်များကိုသာ အတည်ပြုကြပြီး၊ မည်သည့် "ပြောင်းလဲဖော်ပြခြင်း (သဟ်ရီးဖ်)"၊ "ပယ်ဖျက်ခြင်း (သအ်သွီးလ်)"၊ "ပုံသဏ္ဍာန်သတ်မှတ်ခြင်း (သက်ယီးဖ်)" နှင့် "နှိုင်းယှဉ်ခြင်း (သမ်စီးလ်)" စသည်တို့ကို မပြုကြပေ။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အတွက် အရှင်မြတ်ကိုယ်တိုင် ငြင်းပယ်ခဲ့သည်များကို ငြင်းပယ်ကြပြီး ငြင်းပယ်ခြင်း သို့မဟုတ် အတည်ပြုခြင်းအကြောင်း ကျမ်းတော်မြတ်က ဖော်ပြထားခြင်းမရှိသည့် နာမတော်များ၊ ဂုဏ်ပုဒ်များနှင့် ပတ်သက်၍ ဆိတ်ဆိတ်နေကြသည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ - "ထိုအရှင်မြတ်နှင့် တူညီသောအရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။"

ဘာသာပြန်များကို ကြည့်ရှုရန်

45 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية