عَنْ أَنَسٍ رضي الله عنه قَالَ:
كَانَ أَكْثَرُ دُعَاءِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ».

[صحيح] - [متفق عليه] - [صحيح البخاري: 6389]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)

[صحيح] - [متفق عليه] - [صحيح البخاري - 6389]

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ်လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာသားတိုတောင်းသော်လည်း အဓိပ္ပါယ်ပြည့်ဝစုံလင်သော ဒုအာများကို များစွာပြုတော်မူလေ့ရှိသည်။ ယင်းဒုအာများအနက် တစ်ခုမှာ - «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။) ဤဒုအာတွင် လောကီဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကျယ်ဝန်းပေါများသည့် ဟလာလ်ရိုဇီ၊ ကောင်းမွန်သော ဇနီး၊ မျက်စိအေးမြဖွယ်ရာ သားသမီး၊ သက်သာချောင်ချိမှု၊ အကျိုးရှိသောပညာ၊ကောင်းမှုကုသိုလ်စသည့် နှစ်သက်ဖွယ်ကောင်းသော ခွင့်ပြုထားသော အရာများ ပါဝင်သကဲ့သို့၊ နောင်တမလွန်ဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကဗရ်သင်္ချိုင်းတွင်း၊ မဟ်ရှရ် (ကိယာမသ်နေ့ လူသားတို့စုဝေးရာနေရာ)နှင့် ငရဲမီး၏ ပြစ်ဒဏ်များမှ ကင်းလွတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မူကို ရရှိခြင်း၊ ထာဝရသုခများကို ရရှိခြင်းနှင့် ကရုဏာတော်ရှင် အရှင်မြတ်နှင့် နီးစပ်မှုကို ရရှိခြင်းစသည်တို့ ပါဝင်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဒုအာဆု‌တောင်းရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်လိုက်မှုပြုသည့်အနေဖြင့် တိုတောင်းသော်လည်း အဓိပ္ပါယ်အားဖြင့်ပြည့်ဝစုံလင်သော ဒုအာများကို ရွေးချယ်၍ တောင်းခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. အပြည့်စုံဆုံးသော နည်းလမ်းမှာ လူသားသည် ဒုအာဆု‌တောင်းသည့်အခါ လောကီဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဘဝစလုံး၏ ကောင်းကျိုးချမ်းသာကို တောင်းခံခြင်း ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (57)
ထပ်၍