عَنْ عَائِشَةَ رضي الله عنها قَالَتْ:
كَانَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَسْتَحِبُّ الْجَوَامِعَ مِنَ الدُّعَاءِ، وَيَدَعُ مَا سِوَى ذَلِكَ.

[صحيح] - [رواه أبو داود وأحمد] - [سنن أبي داود: 1482]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထား‌သော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ-
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တောင်းဆုဒုအာများအနက် ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများကို နှစ်သက်တော်မူပြီး ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။

[صحيح] - [رواه أبو داود وأحمد] - [سنن أبي داود - 1482]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လောကီ၊လောကုတ္တရာ ကောင်းကျိုးများ စုဝေးရာ တောင်းဆုဒုအာများကို နှစ်သက်တော်မူခဲ့သည်။ ယင်းတောင်းဆုဒုအာများသည် စကားလုံး အနည်းငယ်သာ ရှိသော်လည်း အဓိပ္ပါယ်ကြွယ်ဝပြီး အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းနှင့် ကောင်းမြတ်သော ရည်ရွယ်ချက်များ ပါဝင်သည်။ ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တိုတောင်းပြီး ကောင်းမှု၏ အဓိပ္ပါယ်များ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော စကားလုံးများဖြင့် ဒုအာဆုတောင်းခြင်းသည် မုစ်သဟဗ် ဖြစ်သည်။ ဒုအာဆုတောင်းရာတွင် အတိုင်းထက်အလွန်ချဲ့ကားခြင်းခက်ခဲသော စကားလုံးများ ရှာဖွေသုံးနှုန်းခြင်းသည် မက္ကရူဟ် (မနှစ်မြို့ဖွယ်အလုပ်) ဖြစ်သည်။ ဤအချက်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်နည်းလမ်းနှင့်လည်း ဆန့်ကျင်သည်။
  2. ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုသာ အထူးချီးမြှင့်တော်မူထားသည့် အရာဖြစ်သည်။
  3. တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းခဲ့သည်ဟု ခိုင်ခိုင်မာမာအတည်ဖြစ်ထားသော တောင်းဆုဒုအာများကိုသာ တောင်းရန် အလေးထားသင့်သည်။ အကယ်၍ ယင်းဒုအာများသည် ရှည်လျားပြီး စကားလုံးများ များပြားလျှင်လည်း၊ ၎င်းတို့အားလုံးသည် ကောင်းချီးများ စုဝေးရာ (ဂျဝါမိအ်) တောင်းဆုဒုအာများထဲမှပင် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (45)
ထပ်၍