عَنِ ابْنِ عَبَّاسٍ رَضِيَ اللَّهُ عَنْهُمَا عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أَلْحِقُوا الفَرَائِضَ بِأَهْلِهَا، فَمَا بَقِيَ فَلِأَوْلَى رَجُلٍ ذَكَرٍ».
[صحيح] - [متفق عليه] - [صحيح البخاري: 6737]
المزيــد ...
အစ်ဗ်နုအဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6737]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမွေခွဲဝေရေးကို တာဝန်ယူဆောင်ရွက်သူများအား အလ္လာဟ်အရှင်မြတ် ချမှတ်ပညတ်ထားတော်မူသည့်အတိုင်း တရားမျှတစွာ ခွဲဝေပေးရန် မိန့်တော်မူခဲ့သည်။ ထိုသို့ခွဲဝေရာတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် သတ်မှတ်ပြဌာန်းထားသော အချိုးကျ အခွင့်အရေးရှိသူများ (အတ်စ်ဟာ ဗွလ်ဖူရူးဒ်)အား ၎င်းတို့၏ အချိုးကျအခွင့်အရေးများကို အရင်ပေးရမည်။ ထိုအချိုးများမှာ သုံးပုံနှစ်ပုံ ၊ သုံးပုံတစ်ပုံ ၊ ခြောက်ပုံတစ်ပုံ၊ တစ်ဝက်၊ လေးပုံတစ်ပုံနှင့် ရှစ်ပုံတစ်ပုံတို့ ဖြစ်ကြသည်။ ထိုသို့ အချိုးကျအခွင့်အရေးရှိသူများအား ၎င်းတို့၏ အချိုးများပေးပြီးနောက် ကျန်ရှိသည့် ပစ္စည်းများကို အဆွဗဟ်ဟုခေါ်သည့် အမျိုးသားများအနက် သေဆုံးသူနှင့် အနီးစပ်ဆုံးသွေးရင်းချာ အမျိုးသားအား ပေးအပ်ရမည်။