عَنْ عَلِيٍّ رَضيَ اللهُ عنهُ أَنَّ مُكَاتَبًا جَاءَهُ، فَقَالَ: إِنِّي قَدْ عَجَزْتُ عَنْ مُكَاتَبَتِي فَأَعِنِّي، قَالَ: أَلاَ أُعَلِّمُكَ كَلِمَاتٍ عَلَّمَنِيهِنَّ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ، لَوْ كَانَ عَلَيْكَ مِثْلُ جَبَلِ صِيرٍ دَيْنًا أَدَّاهُ اللَّهُ عَنْكَ، قَالَ:
«قُلْ: اللَّهُمَّ اكْفِنِي بِحَلاَلِكَ عَنْ حَرَامِكَ، وَأَغْنِنِي بِفَضْلِكَ عَمَّنْ سِوَاكَ».

[حسن] - [رواه الترمذي] - [سنن الترمذي: 3563]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အလီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းထံသို့ မိမိ၏လွတ်မြောက်ရေးအတွက် ငွေပေးချေရန် စာချုပ်ချုပ်ဆိုထားသော ကျွန်တစ်ဦးသည် လာရောက်၍ "ကျွန်ုပ်၏ ငွေပေးချေမှုစာချုပ်ကို ဆက်လက်ပေးဆပ်ရန် မတတ်စွမ်းနိုင်တော့ပါ။ သို့ပါ၍ ကျွန်ုပ်အား ကူညီပါ။" ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလီ(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား သင်ပေးတော်မူခဲ့သော စကားလုံးအချို့ကို သင်အား သင်ကြားပေးရမည်လော။ အကယ်၍ သင့်၌ စွိုင်ရ်တောင်လောက်ကြီးသော ကြွေးမြီရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သင့်အတွက် ၎င်းကို ဖြေရှင်းပေးတော်မူလိမ့်မည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)က မိန့်ကြားသည်မှာ- အသင် ဤသို့ ရွတ်ဆိုပါ-
اللَّهُمَّ اكْفِنِي بِحَلاَلِكَ عَنْ حَرَامِكَ، وَأَغْنِنِي بِفَضْلِكَ عَمَّنْ سِوَاكَ (အဓိပ္ပာယ်) "အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် ခွင့်ပြုတော်မူအပ်သောအရာ(ဟလာလ်)ဖြင့် အရှင်မြတ် တားမြစ်တော်မူအပ်သောအရာ(ဟရာမ်)မှ ကျွန်တော်မျိုးကို လုံလောက်စေတော်မူပါ၊ အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အရှင်မြတ်မှတစ်ပါး အခြားသူများထံမှ ကင်းလွတ်၍ ကြွယ်ဝချမ်းသာစေတော်မူပါ”။

[حسن] - [رواه الترمذي] - [سنن الترمذي - 3563]

ရှင်းလင်းချက်

လူတစ်ဦးသည် အမီးရုလ်မုအ်မိနီးန် အလီဘင်န်အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ထံသို့ ကျွန်အဖြစ်ရောက်ရှိလာ၏။ ထိုသူသည် မိမိသခင်၏နှင့် လွတ်မြောက်ရေးစာချုပ် ချုပ်ဆိုထားပြီး မိမိကိုယ်ကို ဝယ်ယူကာ လွတ်မြောက်စေရန် သဘောတူထားသော်လည်း ၎င်း၌ ငွေကြေးမရှိချေ။ ထိုအခါ သူက ပြောလေ၏- ကျွန်ုပ်သည် ကျွန်ုပ်အပေါ်၌ရှိသော ပေးဆပ်ရန်ကျန်ရှိသည့် ပမာဏကို ဆပ်နိုင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် အသင်သည် ကျွန်ုပ်အား ငွေကြေးဖြင့်ဖြစ်စေ၊ သို့မဟုတ် ပညာသင်ကြားပေးခြင်းနှင့် လမ်းညွှန်ခြင်းဖြင့်ဖြစ်စေ ဤအကြွေးကို ပေးဆပ်ရာတွင် ကူညီပေးပါ။ ထိုအခါ အမီးရုလ်မုအ်မိနီးန် အလီဘင်န်အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က သူ့အား ပြောကြားသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား သင်ပေးတော်မူခဲ့သော စကားလုံးအချို့ကို သင်အား သင်ကြားပေးရမည်လော။ အကယ်၍ သင့်၌ သိုင်ယ်မျိုးနွယ်စုတွင်ရှိသော စွိုင်ရ်အမည်ရှိတောင်လောက်ကြီးသော ကြွေးမြီရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် ယင်းကြွေးမြီကို ၎င်း၏ပိုင်ရှင်ထံသို့ ပေးဆပ်စေတော်မူမည်ဖြစ်ပြီး သင့်အား ၎င်း၏ အရှက်တကွဲပြုလုပ်ခြင်းမှ လွတ်မြောက်စေတော်မူမည် ဖြစ်သည်။ ထို့နောက် အလီ(ရဿွိယလ္လာဟုအန်ဟု)က မိန့်ကြားသည်မှာ- အသင် ဤသို့ ရွတ်ဆိုပါ- အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား အရှင်မြတ် ခွင့်ပြုတော်မူသောအရာ (ဟလာလ်) ဖြင့် လုံလောက်စေတော်မူပြီး၊ အရှင်မြတ် တားမြစ်တော်မူသောအရာ (ဟရာမ်) သို့ ကျရောက်ခြင်းမှ ကင်းဝေးစေတော်မူပါ။ အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောတော်မူမှုဖြင့် ကျွန်တော်မျိုးအား ကြွယ်ဝချမ်းသာစေတော်မူပါ။ အရှင်မြတ်မှတစ်ပါး အခြားသော ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကင်းလွတ်လုံလောက်စေတော်မူပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ပညာရှင်များနှင့် သာသနာ့သောကရှင်များ၏ အကြံဉာဏ်ကို တောင်းခံခြင်း၊ ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးခြင်း။
  2. ၂။ သာသနာ့ပညာရှင်များနှင့် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူများအနေဖြင့် ဖိတ်ခေါ်ခံရသူများအား ၎င်းတို့ကြုံတွေ့ရသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အထောက်အကူပြုမည့် အရာများကို လမ်းညွှန်ပေးခြင်း၊ သွန်သင်ဆုံးမခြင်းတို့ ပြုလုပ်ရမည်။
  3. ၃။ ကျွန်အဖြစ်မှ လွတ်မြောက်ရန် စာချုပ်ချုပ်ဆိုထားသူကို ကူညီရန် တိုက်တွန်းထားခြင်း။
  4. ၄။ ဤဒုအာအား သင်ယူခြင်းနှင့် ယင်းဒုအာဖြင့် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံပန်ကြားရန် တိုက်တွန်းထားခြင်း။
  5. ၅။ ဟလာလ်ရိုဇီရိက္ခာသည် နည်းပါးသော်လည်း၊ ဟရာမ် ဥစ္စာပစ္စည်း (ယင်းသည် များပြားလင့်ကစား) ထက်သာလွန်၏။
  6. ၆။ လူသားတို့ထက် အလ္လာဟ်အရှင်မြတ်ကိုသာ အားကိုးအား ထားပြုခြင်း။
  7. ၇။ သင့်ထံတွင် လာရောက်တောင်းရမ်းသူအား ပေးစရာမရှိလျှင် ၎င်းအား ကောင်းမွန်သောစကားဖြင့် တုံ့ပြန်ရန် တိုက်တွန်းထားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (38)
ထပ်၍