عَنْ زَيْدِ بْنِ أَرْقَمَ رَضيَ اللهُ عنه قَالَ: لَا أَقُولُ لَكُمْ إِلَّا كَمَا كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: كَانَ يَقُولُ:
«اللهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْعَجْزِ وَالْكَسَلِ وَالْجُبْنِ وَالْبُخْلِ وَالْهَرَمِ وَعَذَابِ الْقَبْرِ، اللهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّهَا أَنْتَ خَيْرُ مَنْ زَكَّاهَا، أَنْتَ وَلِيُّهَا وَمَوْلَاهَا، اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ عِلْمٍ لَا يَنْفَعُ، وَمِنْ قَلْبٍ لَا يَخْشَعُ، وَمِنْ نَفْسٍ لَا تَشْبَعُ، وَمِنْ دَعْوَةٍ لَا يُسْتَجَابُ لَهَا».

[صحيح] - [رواه مسلم] - [صحيح مسلم: 2722]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဇိုင်ဒ် ဗင်န် အရ်ကမ် ( ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောကြားခဲ့သည်မှာ- တမန်တော် မြတ် ( ဆွလ္လ လ္လာဟုအလိုင်ဝစလ္လမ်) ရွတ်ဖတ်တော်မူလေ့ရှိသော ( ဒုအာကိုသာ ) အသင်တို့အား ကျွန်ုပ်ပြောပြပါမည်။ ကိုယ်တော်သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မစွမ်းဆောင် နိုင်ခြင်း၊ ပျင်းရိခြင်း၊ သူရဲဘော ကြောင်ခြင်း၊ စေးနှဲတွန့်တိုခြင်း၊ အိုမင်းရင့်‌ရော်ခြင်းနှင့် ကဗရ် ရဲ့အဇာဗ်ပြစ်ဒဏ်တို့မှ အရှင်မြတ်ထံခိုလှုံပါ၏။အို အလ္လာဟ်အရှင်မြတ်၊ ကျွန်‌တော်မျိုး၏ စိတ်ဝိညာဉ်အား ၎င်းတွင်ရှိရမည့် သက္ကဝါအ‌ကြောက်တရားကို ပေးသနားတော်မူပါ။ ထို့ပြင် ထိုစိတ်ဝိညာဉ်အား သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အရှင်မြတ်သည် ထိုစိတ်ဝိညာဉ်ကိုအကောင်းဆုံး သန့်ရှင်းစင်ကြယ်စေတော်မူသောအရှင်ဖြစ်ပါသည်။ အရှင်မြတ်သည်သာ ထိုစိတ်ဝိညာဉ်ကို အုပ်ထိန်း‌တော်မူသည့်အရှင်၊ ကာကွယ်ပေးတာ်မူသည့် အရှင်ဖြစ်ပါသည်။အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အကျိုးမပြုသော ပညာ၊ ကြောက်ရွံ့မှုမရှိ‌သော နှလုံးသား၊ ( ရလေလိုလေ ) ပြည့်ဝခြင်းမရှိသော စိတ်နှင့် လက်ခံခြင်းမခံရသော တောင်းဆုဒုအာတို့မှ အရှင်မြတ်ထံခိုလှုံမှုပြုပါ၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2722]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) ၏တောင်းဆုဒုအာများအနက်တစ်ပုဒ်မှာ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ခိုလှုံပါ၏" (တစ်နည်း) အရှင်မြတ်ဘက်သို့ လှည့်ပါ၏၊ "မစွမ်းဆောင်နိုင်ခြင်းမှ" အကျိုးရှိသောနည်းလမ်းရှာဖွေနိုင်သည့် စွမ်းအား မရှိခြင်းမှ "ပျင်းရိခြင်းမှ" လုပ်ဆောင်လိုစိတ်မရှိခြင်းမှ
မတတ်စွမ်းနိုင်သူသည် နည်းလမ်းရှာတတ်သူ မဖြစ်နိုင်ပါ။ ပျင်းရိသူမှာမူ ယင်းကိုလိုလားခြင်း မရှိ‌ပေ။ "သူရဲဘောကြောင်ခြင်းမှ" လုပ်သင့်သည့်အရာကိုရဲဝံ့စွာ မလုပ်ဆောင်နိုင်ခြင်းမှ "စေးနှဲတွန့်တိုခြင်းမှ" ပေးကမ်းသင့်သည်ကိုပိတ်ပင်ခြင်းမှ "အိုမင်းရင့်ရော်ခြင်းမှ" ကိုယ်ခန္ဓာအားနည်းစေသည့် အသက်အရွယ်ကြီးရင့်ခြင်းမှ "ကဗရ်၏အဇားဗ်ပြစ်ဒဏ်မှ" ထိုပြစ်ဒဏ်ကို ဖြစ်စေသည့် အကြောင်းရင်းများမှ။ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ နဖ်စ် (စိတ်နှလုံးသား) ကို ပေးသနားတော်မူပါ" ၎င်းအား ချီးမြှင့်ပေးသနားတော်မူပါ၊ စွမ်းအားပေးတော်မူပါ။ "၎င်း၏ သက္ကဝါတရားအား (အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း) အတွက်" ဆိုလိုသည်မှာကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့် အပြစ်မှ ရှောင်ကြဉ်ခြင်းအတွက်၊ "ထို့နောက် ၎င်းကို စင်ကြယ်စေတော်မူပါ" ယုတ်ညံ့သောအကျင့်စရိုက်များမှ သန့်ရှင်းစေတော်မူပါ၊ "အရှင်မြတ်သည် ထိုစိတ်နှလုံးသားကို အကောင်းဆုံးစင်ကြယ်စေတော်မူသော အရှင်ဖြစ်သည်။ အရှင်မြတ်မှလွဲ၍ ထိုစိတ်နှလုံးသားကို စင်ကြယ်စေနိုင်သူဟူ၍ အခြားမရှိပါ၊ "အရှင်မြတ်သည် ထိုစိတ်နှလုံးသား၏ အကူအညီပေးသူ ဖြစ်တော်မူ၏" ယင်းအား ကူညီသူနှင့် ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တော်မူသည်။ " ထိုစိတ်နှလုံးသား၏ အရှင်သခင်ဖြစ်တော်မူ၏" ယင်းစိတ်နှလုံးသား၏ ကိစ္စရပ်များကို စီမံခန့်ခွဲသူ၊ ဖန်ဆင်းသူ ၊ စိုးပိုင်သူ နှင့် ကျေးဇူးပြုတော်မူသူဖြစ်၏။ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အကျိုးမပြုသော ပညာမှ အရှင်မြတ်ထံ ခိုလှုံပါ၏" ဥပမာ- နက္ခ‌ဗေဒပညာ၊ ဗေဒင်ဟောခြင်းနှင့် မှော်ပယောဂပညာကဲ့သို့သော ပညာများမှ သို့မဟုတ် တမလွန်ဘဝတွင် အကျိုးမပြုသော ပညာမှ၊ သို့မဟုတ် လက်တွေ့ကျင့်သုံးခြင်းမရှိသော ပညာမျိုးမှ (အရှင်မြတ်ထံ ခိုလှုံပါ၏။) " (အရှင်မြတ်အား) ကြောက်ရွံ့မှုမရှိသော စိတ်နှလုံးမှ" ခယရိုကျိုးမှုမရှိခြင်း၊ မငြိမ်းချမ်းခြင်း၊ အရှင်မြတ်၏ဇိကိရ် (သတိရတသခြင်း)ဖြင့် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့မှ (အရှင်မြတ်ထံ ခိုလှုံပါ၏။) "မည်သည့်အခါမျှ မဝသော စိတ်နှလုံးသားမှ (အလိုဆန္ဒမပြည့်ဝခြင်းမှ)" အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသော ဟလာလ်သန့်ရှင်းစင်ကြယ်သော ရိက္ခာကို ကျေနပ်မှုမရှိသော စိတ်နှလုံးသားမှ၊ " လက်ခံခြင်းမခံရသော ဆုတောင်းဒုအာမှ"။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တွင် ဖော်ပြထားသော အရာများမှ ခိုလှုံခွင့် တောင်းခံခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရန် (သက္ကဝါ)၊ အသိပညာဖြန့်ဝေရန်နှင့် ၎င်းအား လက်တွေ့ လိုက်နာကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
  3. အကျိုးပြုသောပညာဆိုသည်မှာ နဖ်စ် (စိတ်ဝိဉာဉ်) အား သန့်စင်စေပြီး ယင်းထဲတွင် အရှင်မြတ်အား ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေကာ ထိုမှတစ်ဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့စေခြင်း ကို ခေါ်သည်။
  4. ကြောက်ရွံ့ထိတ်လန့်သောစိတ်နှလုံးသားဆိုသည်မှာ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရသည့်အခါ ကြောက်ရွံ့တုန်လှုပ်ကာ၊ မတည်မငြိမ်ဖြစ်ပြီး၊ ထိုမှတစ်တင့် နူးညံ့ပျော့ပြောင်းသွားကာ တည်ငြိမ်အေးချမ်းသွားသော စိတ်နှလုံးသားကို ခေါ်သည်။
  5. လောကီအား မက်မက်မောမှုနှင့် ၎င်း၏ အလိုရမက်များမှ ပြည့်ဝမှုမရှိခြင်းအား ရှုတ်ချထားခြင်း။ ထိုအတွက်ကြောင့်ပင် လောကီ၏ အကျိုးခံစားခွင့်များကို အလွန်အမင်းတပ်မက်မက်မောသော နဖ်စ် (စိတ်ဝိညာဉ်) သည် လူသားအတွက် အပြင်းထန်ဆုံးရန်သူဖြစ်သည်။ ထို့ကြောင့်ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ယင်းမှ ခိုလှုံခွင့် တောင်းခံ‌တော်မူခဲ့ခြင်းဖြစ်သည်။
  6. ဗန္ဒဟ်ကျေးကျွန်အ‌ နေဖြင့် ဒုအာပယ်ချခံရခြင်းနှင့် လက်ခံခြင်းမခံရခြင်း၏ အကြောင်းရင်းများမှ ဝေး‌ဝေးနေသင့်ပါသည်။
  7. အိမာမ်နဝဝီက ဤသို့ ဆိုခဲ့သည်။ ဤဟဒီးဆ်နှင့် အခြားအလားတူသော စဂျအ် ( စည်းချက်ညီမှု ) များပါဝင်သည့် ဒုအာများသည် ပညာရှင်များ မိန့်ကြားခဲ့သည့်အချက်ကို ထောက်ခံ‌ နေသည်။ ဒုအာတွင် ရှုတ်ချထိုက်သော စဂျအ် ( စည်းချက်ညီခြင်း ) ဆိုသည်မှာ အတိုင်းထက်အလွန် ပြုလုပ်ထားသော စည်းချက်ညီမှုကို ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ခယရိုကျိုးမှု၊ နှိမ့်ချမှုနှင့် အိခ်လားစ်ွ စိတ်စေတနာသန့်သန့်ဖြင့် ဒုအာတောင်းခြင်းကို ပျက်စီးစေပြီး၊ကျေးကျွန်ပီသမှု၊ လိုအပ်ချက်ရှိမှုနှင့် စိတ်နှလုံးသား၏ အာရုံစူးစိုက်မှုကို ပျက်ပြားစေသောကြောင့်ဖြစ်သည်။ သို့ရာတွင် အတိုင်းထက်အလွန်ပြုလုပ်ခြင်းနှင့် ထိုသို့ပြုလုပ်ရန် အတွေးမရှိဘဲ၊ စကားပြေအရည်အသွေးပြည့်ဝမှုကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသည်ဖြစ်စေ၊ ကျက်မှတ်ထားသော ကြောင့် ဖြစ်ပေါ်လာသည်ဖြစ်စေ ပြသနာမရှိပေ။ သို့သာမက ယင်းသည် လှပကောင်းမွန်ပေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (34)
ထပ်၍