عَنْ سَعْدٍ رضي الله عنها قَالَ:
جَاءَ أَعْرَابِيٌّ إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: عَلِّمْنِي كَلَامًا أَقُولُهُ، قَالَ: «قُلْ: لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» قَالَ: فَهَؤُلَاءِ لِرَبِّي، فَمَا لِي؟ قَالَ: «قُلْ: اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي».
[صحيح] - [رواه مسلم] - [صحيح مسلم: 2696]
المزيــد ...
စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန် ပြောကြားခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ကျေးတောသားတစ်ဦး ရောက်ရှိလာပြီး "ကျွန်တော်မျိုး ရွတ်ဖတ်ရန် ဇိကိရ်တစ်ခုကို သင်ကြားပေးတော်မူပါ။"ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ "သင်ဤသို့ ရွတ်ဖတ်လော့ -
«لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ»
(အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။) ထိုအခါ ၎င်းက "ဤဇိကိရ်တော်များသည် ကျွန်တော်မျိုး၏ အရှင်အတွက်ဖြစ်ပါသည်။ ကျွန်တော်မျိုးအတွက် အဘယ်အရာရှိပါသနည်း။"ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်က မိန့်တော်မူသည်မှာ သင်ဤသို့ပြောလော့ «اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي» (အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ၊ ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ချီးမြှင့်ပေးသနားတော်မူပါ။)"
[صحيح] - [رواه مسلم] - [صحيح مسلم - 2696]
ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)အား မိမိရွတ်ဖတ်ရန်အတွက် ဇိကိရ်တစ်ခု သင်ကြားပေးရန် လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား သင်ဤသို့ ရွတ်ဆိုပါဟု မိန့်ကြားတော်မူသည်။ "လာ အိလာဟ အိလ္လလာဟု ဝဟ်ဒဟူ လာ ရှရီကလဟူ" တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် သောင်ဟီးဒ်တရားဖြင့် စတင်မိန့်ကြားခဲ့သည်။ ယင်း၏အဓိပ္ပာယ်မှာ "အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့်ခဝပ်ကိုးကွယ်ရာအရှင်မရှိ" ဟူ၍ ဖြစ်သည်။ "အလ္လာဟု အက်ဗရ် ကဗီရာ" အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးမြတ်ဆုံးဖြစ်တော်မူပြီး၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်။ "ဝလ်ဟမ်ဒု လိလ္လာဟိ ကစီရာ" အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏ ဂုဏ်တော်များ၊ လုပ်ဆောင်ချက်များ၊ မရေတွက်နိုင်သော နိအ်မသ်ကျေးဇူးတော်များအတွက် မြောက်များစွာ ချီးမွမ်းမှုထောမနာ ပြုပါသည်။ "စွဗ်ဟာနလ္လာဟိ ရဗ်ဗိလ်အာလမီးန်" ထိုအရှင်မြတ်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်ပြီး အလွန်မြင့်မြတ်တော်မူသည်။ "လာ ဟောင်လ ဝလာ ကုဝ်ဝသ အိလ္လာ ဗိလ္လာဟိလ် အဇီဇိလ် ဟကီးမ်" အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲနိုင်စွမ်းသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီနှင့် စွမ်းအားပေးသနားမှုကြောင့်သာ ဖြစ်သည်။ ထိုအခါ ထိုကျေးတောသားက ဤစကားများသည် ကျွန်တော်မျိုး၏ အရှင်သခင်ကို သတိရတသခြင်းနှင့် အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို မြွက်ဆိုခြင်း ဖြစ်သည်။ ကျွန်တော်မျိုး မိမိအတွက် မည်သို့ဒုအာဆုတောင်းမှု ပြုရပါမည်နည်းဟု လျှောက်ခဲ့ထားသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား မိန့်ကြားတော်မူသည်မှာ အသင်ဤသို့ ရွတ်ဖတ်ပါ "အလ္လာဟုမ္မဂ်ဖိရ်လီ" အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ မကောင်းမှုများကို ဖုံးကွယ်၊ ပလပ်ပေးတော်မူပါ။ "ဝရ်ဟမ်နီ" ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ။ လောကီ၊ လောကုတ္တရာ အကျိုးကျေးဇူးများနှင့် ကောင်းကျိုးများကို ကျွန်တော်မျိုးထံ ရောက်ရှိစေတော်မူပါ။ "ဝဟ်ဒိနီ" ကျွန်တော်မျိုးအား လမ်းမှန်ညွှန်ပြတော်မူပါ။ အကောင်းဆုံး အခြေအနေများဆီသို့ လည်းကောင်း၊ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ဆီသို့လည်းကောင်း လမ်းညွှန်ပေးတော်မူပါ။ "ဝရ်ဇုက်နီ" ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ချီးမြှင့်တော်မူပါ။ ဟလာလ်ဥစ္စာပစ္စည်း၊ ကျန်းမာခြင်းနှင့် ကောင်းကျိုးချမ်းသာ အမျိုးမျိုးကို ပေးသနားတော်မူပါ။