عَنْ حُذَيْفَةَ بْنِ اليَمَانِ رَضيَ اللهُ عنه:
أَنَّ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا أَرَادَ أَنْ يَنَامَ وَضَعَ يَدَهُ تَحْتَ رَأْسِهِ، ثُمَّ قَالَ: «اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ».
[صحيح] - [رواه الترمذي] - [سنن الترمذي: 3398]
المزيــد ...
ဟုဇိုင်ဖဟ် ဗင်န် ယမားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အိပ်စက်ရန် အလိုရှိသည့်အခါတိုင်း မိမိ၏လက်ကို ခေါင်းအောက်တွင် ခုထားပြီး ဤဒုအာကို ရွတ်ဆို တော်မူလေ့ရှိသည် - «اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ» (အလ္လာဟုမ္မမကိနီ အဇာဗက ယောင်မ်မ သဂ်ျမအုအောင်ဝ် သဗ်အစု အိဗာဒက)
အဓိပ္ပါယ် -"အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ကျေးကျွန်များအား (ကိယာမသ်နေ့တွင်) စုရုံးခြင်း (သို့မဟုတ် ရှင်ပြန်ထမြောက်စေခြင်း) ပြုသောနေ့၌ အရှင်မြတ်၏
ပြစ်ဒဏ်မှ ကျွန်တော်မျိုးအား ကာကွယ်တော်မူပါ။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [သိရ်မိဇီကျမ်း။] - [سنن الترمذي - 3398]
တမန်တော်မြတ် (ဆွ) သည် အိပ်ရာဝင်တိုင်း အိပ်ရာခင်းတော်မူချိန်၌ ညာဘက်လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုပြီး ညာဘက်ပါးကို ထိုလက်ပေါ်၌ ထားတော်မူသည်။ ထို့နောက် ဤဒုအာကို ရွတ်ဆိုတော်မူသည်။ "အလ္လာဟုမ္မ"- "အိုအလ္လာဟ်အရှင်မြတ်၊ အိုကျွန်တော်မျိုး၏အရှင်သခင်" "ကိနီ"- ကျွန်တော်မျိုးအား ကာကွယ်တော်မူပါဆိုလိုသည်မှာ ... မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ" "'မင်န်အဇာဗိက"- "အရှင်မြတ်၏ပြစ်ဒဏ်မှ" "ယောင်မ်မ သဂ်ျမအု အောင်ဝ် သဗ်အစု အိဗာဒက" - "အရှင်မြတ်၏ကျေးကျွန်များအား စုရုံးသော (သို့မဟုတ် ရှင်ပြန်ထမြောက်စေသော) နေ့၊ ဆိုလိုသည်မှာ အစားပေးမည့်နေ့ (ကိယာမသ်နေ့) ဖြစ်သည်။"