عَنْ سَهْلِ بْنِ مُعَاذِ بْنِ أَنَسٍ عَنْ أَبِيهِ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«مَنْ أَكَلَ طَعَامًا فَقَالَ: الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ، غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ».

[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن الترمذي: 3458]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဆဟ်လ် ဗင်န် မုအာဇ် ဗင်န် အနတ်စ် က မိမိ၏ဖခင်ထံမှဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။

[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن الترمذي - 3458]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစားအသောက်စားပြီးသောအခါ အရှင်မြတ်အားချီးမွမ်းထောမနာပြုရန် တိုက်တွန်းထားလေရာ ကျွန်တော်မျိုးထံတွင် အစားအသောက်ကို ရှာဖွေရယူနိုင်သည့်စွမ်းအားနှင့် စားသောက်နိုင်သည့်စွမ်းအားမရှိကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ကူညီစောင်မခြင်းဖြင့်သာ ရရှိနိုင်ကြောင်းကို ပြောဆို၍အရှင်မြတ်အား ချီးမွမ်းရမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အထက်ပါဒုအာကို ရွတ်ဆိုသူသည် ၎င်းသူယခင်က ကျူးလွန်ခဲ့သော အကုသိုလ်အသေးများကို အလ္လာဟ်အရှင်မြတ်ကခွင့်လွတ်ချမ်းသာပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစားအသောက်စားပြီးသောအခါ အလ္လာဟ်အရှင်မြတ်အားချီးမွမ်းထောမနာပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအပေါ်ကြီးမားလှသော ကျေးဇူးတော်များရှိကြောင်းဖော်ပြထားသည်မှာ အရှင်မြတ်သည် ၎င်းတို့အား ရိက္ခာများချီးမြှင့်ခဲ့ပြီး ရိုဇီရိက္ခာများ ရရှိမည့် အကြောင်းတရားများကို လွယ်ကူစေခဲ့သည်။ ထို့ပြင် ယင်းသို့စားသောက်ခြင်း၌အပြစ်အကုသိုလ်များကို ခွင့်လွတ်ချမ်းသာပေးရန်လည်း သတ်မှတ်ပေးထားသည်။ ဤသည်အလွန်ကြီးမားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။
  3. လူသားတို့၏အရေးကိစ္စတိုင်းသည် အရှင်မြတ်ထံတော်မှဖြစ်သည်။ လူသား၏စွမ်းအားကြောင့်မဟုတ်ပေ။ လူသားသည် အကြောင်းခံများကိုင်တွယ်ရန် အမိန့်ပေးခြင်းခံထားရသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (52)
ထပ်၍