عن أَبِي أُمَامَةَ إِياسِ بنِ ثَعْلَبَةَ الحَارِثِيِّ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنِ اقْتَطَعَ حَقَّ امْرِئٍ مُسْلِمٍ بِيَمِينِهِ، فَقَدْ أَوْجَبَ اللهُ لَهُ النَّارَ، وَحَرَّمَ عَلَيْهِ الْجَنَّةَ» فَقَالَ لَهُ رَجُلٌ: وَإِنْ كَانَ شَيْئًا يَسِيرًا يَا رَسُولَ اللهِ؟ قَالَ: «وَإِنْ قَضِيبًا مِنْ أَرَاكٍ».

[صحيح] - [رواه مسلم] - [صحيح مسلم: 137]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူအိုမာမဟ် အေယားစ် ဗင်န် စအ်လဗဟ် အလ်ဟာရိစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
"မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 137]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မည်သည့်မွတ်စ်လင်မ်၏အ ခွင့်အရေးကိုမျှ ဖြတ်ယူသိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် မဟုတ်မမှန် လိမ်လည်ကျိန်ဆိုခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ စင်စစ် ထိုသို့ပြုလုပ်ခြင်းသည် လူသားအား ဂျဟန္နမ်ငရဲနှင့်ထိုက်တန်စေပြီး ဂျန္နတ်သုခဘုံမှ ကင်းဝေးစေပြီး၊ ယင်းသည် ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုအခါ လူတစ်ဦးက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျိန်ဆိုခဲ့သည့်အရာသည် မပြောပလောက်သည့် အရာဖြစ်ခဲ့လျှင်လည်း ဤပြစ်ဒဏ်ပင်လား"ဟု လျှောက် ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အခြားသူများ၏အခွင့်အရေးများကို သိမ်းပိုက်ရယူခြင်းမှ သတိထားဆင်ခြင်ရန်နှင့် မည်မျှပင်သေးငယ်စေကာမူ ၎င်းတို့၏အခွင့်အရေးများကို ပြန်လည်ပေးအပ်ရန် အထူးဂရုပြုရမည်။ တရားသူကြီး၏ မှားယွင်းသောဆုံးဖြတ်ချက်သည် လူသားတစ်ဦးအတွက် မိမိပိုင်ဆိုင်ခြင်းမရှိသောအရာကို ခွင့်ပြုလိုက်ခြင်းမျိုး မဖြစ်စေနိုင်ကြောင်းကိုလည်း ရှင်းလင်းဖော်ပြထားသည်။
  2. ၂။ အိမာမ်နဝဝီက ဆိုသည်မှာ- မွတ်စ်လင်မ်များ၏
  3. အခွင့်အရေးကို မတရားသိမ်းယူခြင်းသည် အလွန်ပြင်းထန်သော ဟရာမ်တားမြစ်ချက်ဖြစ်ပြီး ဤကိစ္စတွင် အခွင့်အရေး၏ တန်ဖိုးနည်းခြင်း၊ များခြင်းဟူ၍ မခွဲခြားဘဲ တူညီသောပြစ်ဒဏ်ရှိသည်။အကြောင်းမှာ "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက် ရှိသောကြောင့် ဖြစ်သည်။
  4. ၃။ အိမာမ်နဝဝီက ဆိုသည်မှာ- ဤပြစ်ဒဏ်သည် မွတ်စ်လင်မ်တစ်ဦး၏အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်ပြီး၊ သောင်ဗဟ်မလုပ်ဘဲ (ဤအပြစ်ဖြင့်) ကွယ်လွန်သေဆုံးသွားသူများအတွက်ဖြစ်သည်။ သို့သော် အကြင်သူသည် သောင်ဗဟ်ပြုလုပ်ပြီး၊ မိမိပြုလုပ်ခဲ့သောအပြစ်အတွက် နောင်တရကာ အခွင့်အရေးရှိသူအား ၎င်း၏အခွင့်အရေးကို ပြန်လည်ပေးအပ်ခြင်း၊ ခွင့်လွှတ်မှုတောင်းခံခြင်းနှင့် ယင်းအပြစ်ကို နောင်တွင်ထပ်မံမပြုလုပ်ရန် ခိုင်မာသောဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့လျှင် ၎င်း၏အပြစ်သည် ကင်းစင်သွားမည်ဖြစ်သည်။
  5. ၄။ ကာဿွီ‌အေယာဿ်ွက ဆိုသည်မှာ - ဤနေရာတွင် မွတ်စ်လင်မ်များကို အထူးဖော်ပြခြင်းမှာ ၎င်းတို့သည် ရှရီအသ်တရားတော်၏ ဦးတည်မိန့်ကြားခံရသူများဖြစ်ပြီး၊ လက်တွေ့ကျင့်သုံးသူအများစုဖြစ်သောကြောင့်ဖြစ်သည်။ ဤသည် မွတ်စ်လင်မ်မဟုတ်သူ၏အခွင့်အရေးကို သိမ်းယူခွင့်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မွတ်စ်လင်မ်များကဲ့သို့ပင် မွတ်စ်လင်မ်မဟုတ်သူများ၏အခွင့်အရေးကိုလည်း မတရားသိမ်းယူခွင့်မရှိပေ။
  6. ၅။ အိမာမ်နဝဝီက ဆိုသည်- မုသား
  7. စကားဆိုသည်မှာ အတိတ်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဖြစ်ရပ်မှန်နှင့်ဆန့်ကျင်
  8. ဘက်ဖြစ်သော သတင်းအချက်
  9. အလက်ကို ပြောဆိုခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (44)
ထပ်၍