عَنْ عَبْدِ اللهِ بْنِ عُمَرَ رضي الله عنهما قَالَ: كَانَ مِنْ دُعَاءِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2739]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ တောင်းဆုဒုအာများထဲမှ (ဤဒုအာ) လည်းပါဝင်သည်။
အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2739]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လေးခုသော အရာမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်-
ပထမ- (اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ)
ဆိုလိုသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဒီန်သာသနာ့အရေးနှင့် လောကီဆိုင်ရာ အရှင်မြတ်ချီးမြှင့် တော်မူထားသည့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးရခြင်းမှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ထို့ပြင် ကျွန်တော်မျိုး အစ္စလာမ်သာသနာအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးစေသည့် အပြစ်များကိုကျူးလွန်ခြင်းမှ ကင်းဝေးစေရန် အရှင်မြတ်ထံ ခိုလှုံပါ၏။
ဒုတိယ- ( وَتَحَوُّلِ عَافِيَتِكَ) ဆိုလိုသည်မှာ- ထို့ပြင် အရှင်မြတ် ချီးမြှင့် တော်မူထားသောဖြစ်သော အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု) သည်ပြဿနာနှင့် စမ်းသပ်မှုများအဖြစ် ပြောင်းလဲသွားခြင်းမှ ခိုလှုံပါ၏။ ထို့ပြင် စဉ်ဆက်မပြတ် အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု)နှင့် နာကျင်မှုဒုက္ခများနှင့်ရောဂါဘယများမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။
တတိယ -(وَفُجَاءَةِ نِقْمَتِكَ) ဆိုလိုသည်မှာ- အရှင်မြတ်၏ ရုတ်တရက် ပြစ်ဒဏ်ခတ်မှု( ေဘးဒုက္ခ) မှ ခိုလှုံပါ၏။ အကြောင်းမှာ ပြစ်ဒဏ်နှင့် အရေးယူမှုသည် ရုတ်တရက်ကျရောက်လာပါက လူသားသည် သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းနှင့် မိမိကိုယ်ကို ပြုပြင်ခြင်းအတွက် အချိန်မရနိုင်တော့ပေ။ ထို့ကြောင့် ထိုပြစ်ဒဏ်ချမှတ်ခံသူ၏ ဘေးဒုက္ခ သည် ပို၍ကြီးမားပြီး ပို၍ပြင်းထန်ပေသည်။
စတုတ္ထ - (وَجَمِيعِ سَخَطِكَ ) ဆိုလိုသည်မှာ- အရှင်မြတ်အား အမျက်ဒေါသထွက်စေသည့် အရာတိုင်းမှ ခိုလှုံပါ၏။ အဘယ်
ကြောင့်ဆိုသော် အရှင်မြတ် အမျက်ထွက်တော်မူသောသူသည် ဧကန်မုချ ပျက်စီးရှုံးနိမ့်သွားသောကြောင့် ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် "အားလုံး" ဟူသော စကားလုံး ("ဂျမီအ်") ကို အသုံးပြုခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှစေသော အကြောင်းရင်းအားလုံး- နှုတ်ထွက်စကားများ၊ ပြုမူလုပ်ဆောင်ချက်များနှင့် ယုံကြည်ချက်များ အားလုံး ခြုံငုံပါဝင်နိုင်စေရန်အတွက်ဖြစ်သည်။