عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رضي الله عنها أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ عَلَّمَهَا هَذَا الدُّعَاءَ:
«اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا».
[صحيح] - [رواه ابن ماجه وأحمد] - [سنن ابن ماجه: 3846]
المزيــد ...
မိခင်မွန်ကြီး အာအိရှဟ် ( ရဿွိယလ္လာဟု အန်ဟာ )ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ် )သည် သူမအား ဤ ဒုအာကို သင်ကြားပေးတော်မူခဲ့သည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် ကောင်းမှုများကော၊ မသိသည့် ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏။ အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်က အရှင်မြတ်ထံ တောင်းခံပန်ကြားခဲ့သည့် ကောင်းမှုကို ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်က အရှင်မြတ်ထံ ခိုလှုံမှုပြုခဲ့သည့် မကောင်းမှုဘေး
အန္တရာယ်မှ ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ဂျန္နသ်သုခဘုံနှင့် ထိုဂျန္နသ်သုခဘုံနှင့် နီးကပ်အာင်ပြုလုပ်ပေးမည့်အပြောအဆို၊ လုပ်ရပ်များကို တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တာ်မျိုးသည် ဂျဟန္နမ်ငရဲမီးနှင့် ထိုဂျဟန္နမ်ငရီမီးနှင့် နီးကပ်စေမည့် အပြောအဆို၊ လုပ်ရပ်များမှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ထို့ပြင် ကျွန်တော်မျိုးအတွက် အရှင်မြတ် သတ်မှတ်ဆုံးဖြတ်တော်မူသည့် ဆုံးဖြတ်
ချက်တိုင်းကို ကောင်းမွန်သည့်အရာအဖြစ်ပြုလုပ်သတ်မှတ်ပေးရန် ကျွန်တော်မျိုး အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه ابن ماجه وأحمد] - [سنن ابن ماجه - 3846]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) အားပြီးပြည့်စုံလှသော ဒုအာ (၄)ခုကို သင်ပေးတော်မူခဲ့သည်။ ၎င်းတို့မှာ -
ပထမ ဒုအာ - အလုံးစုံသော ကောင်းခြင်းများအတွက် ယေဘုယျ ဒုအာတောင်းခြင်း။ اللَّهُمَّ إِنِّي) أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ ) ဆိုလိုရင်းမှာ-
အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှအရှင်မြတ် ကျွန်တော်မျိုးအား သင်ကြားပြသတော်မူခဲ့သည့်ကျွန်တော်မျိုးသိရှိထားသော ကောင်းမှုများနှင့် အရှင်မြတ်၏အတိုင်း
အဆမရှိသော အသိဉာဏ်ပညာ၌ရှိသည့် ကျွန်တော်မျိုး မသိရှိသေးသော ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ဤဒုအာတွင် ကိစ္စအရပ်ရပ်ကို အရာရာကို အကြွင်းမဲ့သိရှိတော်မူသော၊ အရာခပ်သိမ်း
၏သတင်းကိုပိုင်ဆိုင်တော်မူသော၊ လျှို့ဝှက်ဖုံးကွယ်ထားသောအရာများကိုပါ ကောင်းစွာသိတော်မူသော အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်ခြင်းပါဝင်သည်။ သို့မှသာ အရှင်မြတ်သည် မွတ်စ်လင်မ်အတွက် အမြတ်ဆုံးနှင့် အကောင်းဆုံးသောအရာများကို ရွေးချယ်ချီးမြှင့်တော်မူမည်ဖြစ်သည်။ وَأَعُوذُ) بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ)
ဆိုလိုရင်းမှာ -
ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏။
ဒုတိယ ဒုအာ - မွတ်စ်လင်မ်တစ်ဦးအား ဒုအာဆုတောင်းရာတွင် လွန်ကဲစွာ တောင်းဆိုခြင်းမှ ကာကွယ်ပေးသော ဒုအာ။ اللَّهُمَّ إِنِّي) أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ)
ဆိုလိုရင်းမှာ -
"အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ ကျေး
ကျွန်နှင့် ရစူလ်တမန်တော်(မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အရှင်မြတ်ထံ တောင်းခံပန်ကြားခဲ့သည့် ကောင်းမှုကို ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။
وَأَعُوذُ بِكَ مِنْ شَرِّ مَا) عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ )
ဆိုလိုရင်းမှာ -
ထို့ပြင် အရှင်မြတ်၏ ကျေး
ကျွန်နှင့် ရစူလ်တမန်တော်(မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အရှင်မြတ်ထံ က အရှင်မြတ်ထံ ခိုလှုံမှုပြုခဲ့သည့် မကောင်းမှုဘေး
အန္တရာယ်မှ ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
ဤသည် အလ္လာဟ်အရှင်မြတ်ထံ တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိအတွက် တောင်းခဲ့သည့် ဒုအာများအတိုင်း အလ္လာအရှင်မြတ်က ဒုအာတောင်းသူအား ချီးမြှင့်ပေး တော်မူရန် တောင်းဆိုခြင်းဖြစ်သည်။ တမန်တော်မြတ် တောင်းခဲ့သည့် ဒုအာအမျိုးအစားများကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။
တတိယ ဒုအာ - ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ဂျဟန္နမ်ငရဲမှ ကင်းကွာနိုင်ရန်အတွက် တောင်းဆိုခြင်းဖြစ်သည်။ ဤသည် မုစ်လင်မ်တိုင်း၏ ပန်းတိုင်နှင့် ရည်မှန်းချက်ဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်အားလုံး၏ အဆုံးစွန်သော ရလဒ်လည်းဖြစ်သည်။
اللهم إِنِّي أَسْأَلُكَ) الْجَنَّةَ)
(အိုအလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး အရှင်မြတ်ထံ ဂျန္နတ်သုခဘုံကို တောင်းခံပန်ကြားပါ၏) တစ်နည်း ထို ဂျန္နသ်သုခဘုံကို ဆွတ်ခူးရရှိရန်အတွက်ဖြစ်သည်။
وَمَا قَرَّبَ إِلَيْهَا مِنْ) قَوْلٍ أَوْ عَمَلٍ)
ဂျန္နသ်သုခဘုံသို့နီးကပ်စေသော စကားနှင့် လုပ်ရပ်ဟူသမျှကိုလည်း တောင်းခံပန်ကြားပါ၏) တစ်နည်း အလ္လာဟ်အရှင်မြတ် နှစ်သက် စေသောစကားနှင့် လုပ်ရပ်များကိုဆိုလိုသည်။
وَأَعُوذُ بِكَ)
مِنْ النَّارِ)
(ထို့ပြင် ကျွန်တော်မျိုးသည် ငရဲမီးဘေးမှ အရှင်မြတ်ထံ ခိုလှုံပါ၏) အဘယ်ကြောင့်ဆိုသော် မကောင်းမှုဒုစရိုက်များ၏ အကျိုးဆက်မှ အရှင့်ကရုဏာတော်မှတစ်ပါး အကာ
အကွယ်ပေးနိုင်သောအရာ ဟူ၍ အလျှင်းမရှိသောကြောင့်ဖြစ်သည်။
وَمَا قَرَّبَ إِلَيْهَا مِنْ) قَوْلٍ أَوْ عَمَلٍ)
(ထိုငရဲမီးသို့ချဉ်းကပ်စေသော စကားနှင့် လုပ်ရပ်ဟူသမျှမှလည်း ခိုလှုံပါ၏) တစ်နည်း အရှင်မြတ်ကို အမျက်ထွက်စေသော အပြစ်အကုသိုလ်များမှ ခိုလုံခွင့်တောင်းခံခြင်းကိုဆိုလိုသည်။
စတုတ္ထ ဒုအာ-
အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အား ကျေနပ်နှစ်သက်မှုရှိရန် တောင်းဆိုခြင်း။
(وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا)
(ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအတွက် စီရင်ချမှတ်တော်မူသော အမိန့်တိုင်းကို ကျွန်တော်မျိုး ၏အတွက် အကောင်းဆုံးဖြစ်စေတော်မူရန် တောင်းခံပန်ကြားပါ၏။) တစ်နည်း အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအတွက် စီရင်ချမှတ်တော်မူသော အရာတိုင်းကို ကျွန်တော်မျိုးအတွက် အကောင်းဆုံးဖြစ်စေရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်
အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အား ကျေနပ်နှစ်သက်မှုရှိရန် တောင်းဆိုခြင်း။