عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
أَنَّهُ كَانَ يَقُولُ إِذَا أَصْبَحَ: «اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ» وَإِذَا أَمْسَى قَالَ: «بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ» قَالَ: وَمَرَّةً أُخْرَى: «وَإِلَيْكَ الْمَصِيرُ».
[حسن] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه] - [السنن الكبرى للنسائي: 10323]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစ္စလမ် ) သည် မနက်ခင်းအချိန်အခါ ရောက်သောအခါ «اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ» အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ (ကူညီစောင်မမှုဖြင့် ) ဤမနက်ခင်းအချိန်သို့ ရောက်ရှိလာခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်၏ ( ကူညီစောင်မမှုဖြင့် ) ပင် ညနေခင်းအချိန်သို့ ရှောက်ရှိလာခဲ့ပါသည်။ အရှင်မြတ် ( သက်ရှိထင်ရှား ရှိစေခြင်းကြောင့်သာ ) ကျွန်တော်မျိုးတို့ သက်ရှိထင်ရှား ရှိနေပါသည်။ အရှင်မြတ် ( သေဆုံးစေလိုပါက ) ကျွန်တော်မျိုးတို့ သေဆုံးကွယ်လွန်ရမည်သာ ဖြစ်ပါသည်။ အရှင်မြတ်ဘက်တော်သို့သာ ပြန်လည်ရှင်ထရမည်ဖြစ်ပါသည်ဟု ရွတ်ဆိုတော်မူလေ့ရှိသည်။ ထို့နောက် ညနေခင်း အချိန်သို့ ရောက်သောအခါတွင်
: «بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ» قَالَ: وَمَرَّةً أُخْرَى: «وَإِلَيْكَ الْمَصِيرُ».
အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ (ကူညီစောင်မမှုဖြင့် ) ဤညနေခင်းအချိန်သို့ ရောက်ရှိလာခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်၏ ( ကူညီစောင်မမှုဖြင့် ) ပင် မနက်ခင်းအချိန်သို့ ရှောက်ရှိလာခဲ့ပါသည်။ အရှင်မြတ် ( သက်ရှိထင်ရှား ရှိစေခြင်းကြောင့်သာ ) ကျွန်တော်မျိုးတို့ သက်ရှိထင်ရှား ရှိနေပါသည်။ အရှင်မြတ် ( သေဆုံးစေလိုပါက ) ကျွန်တော်မျိုးတို့ သေဆုံးကွယ်လွန်ရမည်သာ ဖြစ်ပါသည်။ အရှင်မြတ်ဘက်တော်သို့သာ ပြန်လည်ရောက်ရှိရမည်ဖြစ်ပါသည်။ တကြိမ်တွင် «وَإِلَيْكَ الْمَصِيرُ». ဟုရွတ်ဖတ်တော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه] - [السنن الكبرى للنسائي - 10323]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိုးသောက်အာရုဏ်တက်ချိန်၊ နေ့၏ပထမအပိုင်းစတင်ချိန်တွင် အောက်ပါဒုအာကို ရွတ်ဆိုလေ့ရှိသည်။
(اللَّهُمَّ بِكَ أَصْبَحْنَا) အလိုသဘောမှာ -
"အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ စောင့်ရှောက်ကာကွယ်မှုဖြင့် ဝန်းရံလျက်၊ အရှင်မြတ်၏
ကောင်းချီးများဖြင့် လွှမ်းခြုံခံရလျက်၊ အကျိုးရယူလျက်၊ အရှင်မြတ်အား သတိရတသလျက်၊ အရှင်မြတ်၏နာမတော်အားဖြင့် အကူအ
ညီတောင်းခံလျက်၊ အရှင်မြတ်၏ သောင်ဖီးက်စွမ်းအားချီးမြှင့်ခြင်းခံရသူများတွင် အပါအဝင်ဖြစ်လျက်၊ အရှင်မြတ်ချီးမြှင့်တော်မူသော စွမ်းအားဖြင့်လှုပ်ရှားသွားလာလျက် ဤနံနက်ခင်းသို့ ရောက်ရှိလာကြပါသည်။" (وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ)
အထက်ပါစာလုံးအတိုင်းဖြစ်ပြီး စွဗားဟ် ဟူသော နေရာတွင်သာ မစာအ် ဟု ပြောင်းလဲ ရွတ်ဆိုရမည်။ ဆိုလိုသည်မှာ "အရှင်မြတ်၏ ကူညီစောင်မမှုဖြင့်သာလျှင် ကျွန်တော်မျိုးတို့သည် ညနေခင်း အချိန်သို့ ရောက်ရှိလာကြပါသည်။ အရှင်မြတ်၏ နာမတော် အလ်မုဟ်ရီ ( ရှင်စေတော်မူသောအရှင် ) အားဖြင့်သာလျှင် ကျွန်တော်မျိုးတို့ အသက်ရှင်သန်ပါသည်။ အရှင်မြတ်၏နာမတော် အလ်မုမီးသ် (သေစေတော်မူသောအရှင်) အားဖြင့်သာလျှင် ကျွန်တော်မျိုးတို့ သေဆုံးကွယ်လွန်ပါသည်။ (وَإِلَيْكَ النُّشُورُ) (ထို့ပြင်အရှင်မြတ်ထံသို့သာလျှင် ပြန်လည်ရှင်ထရမည်)။ ဤဒုအာတွင် "အန်နုရှူရ်" ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ သေပြီးနောက် ပြန်လည်ရှင်ပြန်ထခြင်းနှင့် စုရုံးပြီးနောက် ခွဲခွာရခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့၏အခြေအနေသည် အချိန်တိုင်း၊ အခြေအနေတိုင်း တွင် ဤနည်းလမ်းအတိုင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ယင်းအခြေအနေမှ ခွဲခွာ၍မရသလို၊ စွန့်လွှတ်၍လည်း မရပါ။
အလားတူပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညနေခင်းရောက်ရှိလာသောအခါ (အဆွ်ရ်အချိန်ပြီးနောက်) ဤသို့ ရွတ်ဆိုတော်မူသည်- (اللَّهُمَّ بِكَ أَمْسَيْنَا، وبكَ أصبحنا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ المَصِيْر ) ဆိုလိုသည်
မှာ - " လောကီဘဝ၌ ပြန်လည်ရောက်ရှိရာဌာနလည်းဖြစ်ပြီး၊ နောင်တမလွန်၌ ပြန်လည်စုရုံးရာဌာနလည်းဖြစ်သည်။ စင်စစ် အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးအား အသက်ရှင်စေတော်မူပြီး အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးအား သေဆုံးစေတော်မူပါသည်ဟူ၍" ဖြစ်သည်။