عَن قُطْبَةَ بنِ مَالِكٍ رَضيَ اللهُ عنه قَالَ: كَانَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ مُنْكَرَاتِ الأَخْلاَقِ وَالأَعْمَالِ وَالأَهْوَاءِ».
[صحيح] - [رواه الترمذي] - [سنن الترمذي: 3591]
المزيــد ...
ကုသ်ဗဟ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ဤဒုအာကို) အမြဲတစေ ရွတ်ဖတ်တော်မူလေ့ရှိသည်။
အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် မကောင်းေသာကိုယ်ကျင့်တရားများ၊ လုပ်ရပ်များနှင့် အလိုဆန္ဒများမှ အရှင်မြတ်ထံ ခိုလှုံပါ၏။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [သိရ်မိဇီကျမ်း။] - [سنن الترمذي - 3591]
တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းဆိုခဲ့သည့် ဒုအာများထဲမှ တစ်ခုမှာ- (အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး ခိုလှုံပါ၏) တစ်နည်း ကာကွယ်စောင့်ရှောက်ခြင်းကို တောင်းခံပါ၏၊ (အသင့်ထံတော်၌) အသင့်အပြင် အခြားတစ်စုံတစ်ဦးထံမဟုတ်၊ (မကောင်းသော) တစ်နည်း အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ရစူလ်တမန်တော်က တားမြစ်ထားသော၊ (အကျင့်စာရိတ္တများမှ) ဥပမာ - မုန်းတီးခြင်း၊ မနာလိုဝန်တိုခြင်း၊ မောက်မာခြင်း စသည့်အရာများမှ၊ (ထို့ပြင်) မကောင်းသော (လုပ်ရပ်များ) ဥပမာ - ဆဲရေးတိုင်းထွာခြင်း၊ ကဲ့ရဲ့ ရှုံချခြင်း စသည်မှ၊ (ထို့ပြင်) မကောင်းသော (အလိုဆန္ဒအားလုံမှ) ယင်းအား စိတ်မှလိုလားတောင့်တသော်လည်း ရှရီအသ်တရားတော်နှင့် ဆန့်ကျင်သောအရာများမှ။ (အရှင်မြတ်ထံ ခိုလှုံပါ၏)