عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«اللهُمَّ أَصْلِحْ لِي دِينِي الَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ الَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي، وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2720]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤဒုအာကို အမြဲတစေ ရွတ်ဖတ်တော်မူလေ့ရှိခဲ့သည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အကာ
အကွယ် မှီခိုအားထားရာဖြစ်သည့် ဒီးန်သာသနာကို ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန် အောင်ပြု
လုပ်ပေးတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုး၏ရှင်သန်နေထိုင်ရာနေရာဖြစ်သော ဒွန်ယာလောကကိုလည်း ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန်အောင်ပြုလုပ်ပေးတော်မူပါ။ ကျွန်တော်မျိုး ပြန်လည့်သွားရမည့် အာခိရသ်နောင်တမလွန်ဘဝကိုလည်း ကျွန်တော်မျိုးအတွက် တည့်မှန်မှန်ကန်စေတော်မူပါ။ ၎င်းပြင် အသက်ထင်ရှားရှိခြင်းကိုလည်း ကျွန်တော်မျိုးအဖို့ အလုံးစုံသော ကောင်းမှုများ၏ တိုးတက်ရာတိုးတက်ကြောင်းအဖြစ်ပြုလုပ်ပေးတော်မူပါ။ ထို့ပြင် သေခြင်းတရားကို ကျွန်တော်မျိုးအဖို့ အလုံးစုံသောမကောင်းမှုမှ လွှတ်မြောက်မှုရရန် အကြောင်းတရားအဖြစ်ပြုလုပ်ပေးတော်မူပါ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2720]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဒုအာတစ်ပုဒ်တွင် မိမိကိုယ်တော်တိုင် ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် စေလွှတ်တော်မူခြင်းခံရသော မြင့်မြတ်သည့် ကိုယ်ကျင့်တရားလက္ခဏာများ၏ အခြေခံမူများကို စုစည်းတင်ပြထားတော်မူသည်။ ယင်းတို့မှာ သာသနာရေး၊ လောကီရေးနှင့် တမလွန်အရေးတို့၏ ကောင်း
ကျိုးချမ်းသာ (အဆင်ပြေချောမွေ့မှု)ပင်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤသုံးမျိုးလုံး၏ အဆင်ပြေချောမွေ့မှု အတွက် ဒုအာတောင်းရန် နည်းလမ်းကို စကားလုံးတိုတောင်းလှပြီး အဓိပ္ပါယ်ကျယ်ဝန်းသောစကားရပ်ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ဒုအာတောင်းခြင်းကို ဒီန်သာသနာ အဆင်ပြေချောမွေ့မှု ရရှိစေရေးဖြင့် စတင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဒီန်သာသနာရေး အဆင်ပြေချောမွေ့မှု ဖြင့်သာလျှင် လောကီနှင့် တမလွန် နှစ်ဌာနစလုံး အဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ ဒုအာတောင်းတော်မူခဲ့သည်။
اللهُمَّ أَصْلِحْ لِي دِينِي
(အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအတွက် ကျွန်တော်မျိုး၏ဒီန်(ဘာသာရေး)ကို တည့်မှတ်မှန်ကန်စေတော်မူပါ။)
( တစ်နည်း ) အရှင်မြတ် ကျွန်တော်မျိုးအား ယင်းသာသနာ၏စည်းမျဉ်းများကို ပြည့်ဝစုံလင်စွာ ကျင့်ဆောင်နိုင်ရန် စွမ်းအားပေးသနားတော်မူပါ။
الَّذِي هُوَ عِصْمَةُ أمري
( ထိုဒီန်သည် ကျွန်တော်မျိုး၏ကိစ္စအဝဝ၏ အကာအ
ကွယ်ပင်ဖြစ်ပါသည်။)
ကျွန်တော်မျိုး၏ ဒီန်သာသနာရေး ပျက်စီးသွားပါက ကျွန်တော်မျိုး၏ကိစ္စအားလုံးပျက်စီးသွားမည်ဖြစ်ပြီး ကျွန်တော်မျိုးသည်လည်း ပျက်စီးဆုံးရှုံးသွားမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မဖြစ်မနေလိုအပ်သည့် သာသနာရေး၏ အဆင်ပြေချောမွေ့မှုသည် လောကီရေး၏ အဆင်ပြေချောမွေ့မှုမပါဘဲ ပြီးပြည့်စုံနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ဆက်လက်၍ ဒုအာဆုတောင်းတော်မူခဲ့သည်-
وَأَصْلِحْ لِي دُنْيَايَ
( ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအတွက် ကျွန်တော်မျိုး၏ လောကီကို တည့်မှတ်မှန်ကန်အောင် ပြုလုပ်ပေးတော်မူပါ။)
( တစ်နည်း ) ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှု၊ စားနပ်ရိက္ခာ၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် ဇနီးမယား၊ ကောင်းမွန်သော သားသမီးရတနာများ၊ စသည့် ကျွန်တော်မျိုး လိုအပ်သောအရာများကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုအရာများအားလုံးသည် ဟလာလ်(ခွင့်ပြုထားသော)ဖြစ်ပြီး၊ အရှင်မြတ်၏အမိန့်နာခံမှုအပေါ် အကူအညီပေးသောအရာများ ဖြစ်စေရန်အတွက် ဖြစ်သည်။
ထို့နောက် လောကီရေး အဆင်ပြေချောမွေ့စေရေးအတွက် ဒုအာတောင်းရခြင်း၏ အကြောင်းရင်းကို ရှင်းပြရင်း ဤသို့ဆက်လက်၍ ဒုအာတောင်းတော်မူခဲ့သည်-
الَّتِي فِيهَا مَعَاشِي
( ထိုလောကီကမ္ဘာ)ထဲတွင်သာလျှင် ကျွန်တော်မျိုး၏အသက်ရှင်ရပ်တည်ရေးရှိပါသည်။
( တစ်နည်း ထိုလောကီသည်)ကျွန်တော်မျိုး နေထိုင်ရာနေရာ၊ ကျွန်တော်မျိုး၏ ရှင်သန်ရာအချိန်ကာလ ဖြစ်ပါသည်။
وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي
(ထို့ပြင် ကျွန်တော်မျိုး ပြန်လည့်သွားရမည့် အာခိရသ်နောင်တမလွန်ဘဝကိုလည်း ကျွန်
တော်မျိုးအတွက် တည့်မှန်မှန်ကန်စေတော်မူပါ။)
( တစ်နည်း ) အရှင်မြတ်နှင့် တွေ့ဆုံရန်အတွက် ကျွန် တော်မျိုးပြန်လာရမည့် နေရာဖြစ်ပါသည်။ သို့ရာတွင် ၎င်းအား အမလ်ကောင်းမှုကုသိုလ်များ၏ ချောမွေ့ပြေပြစ်မှုနှင့် အလ္လာဟ်အရှင်မြတ်က ဗန္ဒဟ်ကျေးကျွန်အား အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၊ အိခ်လားစ်ွ စိတ်စေတနာဖြူစင်ခြင်းနှင့် ကောင်းသော အဆုံးသတ်ကို ပေးသနားတော်မူခြင်းတို့ဖြင့်သာ ရရှိနိုင်မည် ဖြစ်ပါသည်။
တမန်တော်မြတ် (ဆွလလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်သည်) နောင်တမလွန်ဘဝကို ဤလောကီဘဝ၏ နောက်၌ အစီစဉ်တကျထားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤလောကီဘဝသည် နောင်တမလွန်ဘဝကို ပြုပြင်ရန် လမ်းစပင်ဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို မိမိ၏ လောကီဘဝတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုအတိုင်း ဖြောင့်မတ်စွာ ကျင့်မူဆောက်တည်ခဲ့လျှင်၊ ထိုသူ၏ နောင်တမလွန်ဘဝသည်လည်း ဖြောင့်မတ်ကောင်းမွန်ပြီး ထိုဘဝ၌ ၎င်းသည် ပျော်ရွှင်စွာ နေရလိမ့်မည်။
وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ
( ၎င်းပြင် အသက်ထင်ရှားရှိခြင်းကိုလည်း ကျွန်တော်မျိုးအဖို့ အလုံးစုံသော ကောင်းမှုများ၏ တိုးတက်ရာတိုးတက်ကြောင်းအဖြစ်ပြုလုပ်ပေးတော်မူပါ။ ) (တစ်နည်း ) ကောင်းမှုကုသိုလ်များကို များများလုပ်နိုင်ရန် ရှည်လျားသော သက်တမ်းကို ပြုလုပ်ပေး တော်မူပါ။
وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ
(ထို့ပြင် သေခြင်းတရားကို ကျွန်တော်မျိုးအဖို့ အလုံးစုံသောမကောင်းမှုမှ လွှတ်မြောက်မှုရရန် အကြောင်းတရားအဖြစ်ပြုလုပ်ပေးတော်မူပါ။)
( တစ်နည်း ) သေခြင်းတရားနှင့် ၎င်း၏မြန်ဆန်စွာရောက်ရှိမှုကို ကျွန်တော်မျိုးအတွက် ဖိသ်နဟ်ပြသနာများ၊ အပြစ်ကျူးလွန်ခြင်းဖြင့် စမ်းသပ်ခံရခြင်း၊ (အရှင်မြတ်အား) မေ့လျော့ခြင်းစသော ဆိုးယုတ်မှုအားလုံးမှ ချမ်းသာရာရပြီး၊ လောကီ၏ ဒုက္ခဆင်းရဲများနှင့် ပူဆွေးသောကများမှ လွတ်
မြောက်ပြီး အနားရရှိရန်လည်း ဖြစ်ပါသည်။