‌عَنْ ‌أَبِي ‌ذَرٍّ، ‌جُنْدُبِ ‌بْنِ ‌جُنَادَةَ، ‌وَأَبِي ‌عَبْدِ ‌الرَّحْمَنِ، ‌مُعَاذِ بْنِ جَبَلٍ رَضِيَ اللَّهُ عَنْهُمَا عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«اتَّقِ اللَّهَ حَيْثُمَا كُنْت، وَأَتْبِعْ السَّيِّئَةَ الْحَسَنَةَ تَمْحُهَا، وَخَالِقْ النَّاسَ بِخُلُقٍ حَسَنٍ».

[قال الترمذي: حديث حسن] - [رواه الترمذي] - [الأربعون النووية: 18]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဇရ်ဂျွန်ဒွဗ် ဗင်န် ဂျုနာဒဟ်နှင့် အဗူအဗ်ဒွရ်ရဟ်မားန် မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟုမာ )က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိနိ့ကြားတော်မူခဲ့သည်။
အသင် မည်သည့်အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ပါ။ မကောင်းမှုကျူးလွန်မိပါက တစ်ဆက်တည်း (ထိုအပြစ်ကို)ပယ်ဖျက်ပေးမည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပါ။ လူတို့အား ကောင်းမွန်သောကိုယ်ကျင့်တရားဖြင့် ပြုမူဆက်ဆံပါ။

[قال الترمذي: حديث حسن] - [သိရ်မိဇီကျမ်း။] - [الأربعون النووية - 18]

ရှင်းလင်းချက်

ဤဟဒီးဆ်တော်တွင်တမန်တော်မြတ် (ဆွ) က အချက်သုံးချက် ညွှန်ကြားထားတော်မူသည်- ပထမအချက်- အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း(သက္ကဝါ)ဖြစ်သည်။ သက္ကဝါဆိုသည်မှာ ဝါဂျိဗ်တာဝန်များကို ပြည့်စုံစွာဆောင်ရွက်ခြင်းနှင့် ဟရာမ်တားမြစ်ချက်များကို စွန့်လွှတ်ရှောင်ကြဉ်ခြင်းဖြင့် နေရာဒေသအသီးသီး၊ အချိန်အခါအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့တွင် လျှို့ဝှက်ချိန် ထင်ရှားချိန်၊ ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာချိန်၊ ဘေး ဒုက္ခရောက်ချိန်နှင့် အခြားအခြေအနေအားလုံးတွင် (အရှင်မြတ်အား ကြောက်ရွံ့ရမည်)။ ဒုတိယအချက်- အကယ်၍ မကောင်းမှုတစ်စုံတရာ ကျူးလွန်မိပါက ထိုမကောင်းမှုပြီးနောက် ကောင်းမှုတစ်ခုခု ပြုလုပ်ရမည်။ ဥပမာ - ဆွလာသ်ဝတ်ပြုခြင်း၊ စွဒကဟ်ပေးခြင်း၊ ကောင်းမှုပြုခြင်း၊ ဆွေမျိုးသားချင်းများနှင့် ကောင်းမွန်စွာဆက်ဆံခြင်းနှင့် သောင်ဗဟ်အမှားဝန်ခံခြင်း စသည်တို့ဖြစ်သည်။ ဤကောင်းမှုများသည် မကောင်းမှုများကို ပယ်ဖျက်နိုင်သည်။ တတိယအချက်- လူသားအားလုံးနှင့် ကောင်းမွန်သောကိုယ်ကျင့်တရားများဖြင့် ပြုမူဆက်ဆံကြရမည်။ ဥပမာ - ပြုံးရွှင်စွာတွေ့ဆုံခြင်း၊ နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်း၊ ကျေးဇူးပြုခြင်းနှင့် ဒုက္ခမပေးခြင်း စသည်တို့ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအပေါ် မိမိ၏ ကရုဏာတော်၊ လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် ကျေးဇူးပြုတော်မူသည်။
  2. ဤဟဒီးဆ်တွင် ဝတ္တရားသုံးရပ်ကို ဖော်ပြထားသည် - အလ္လာဟ်အရှင်မြတ်နှင့်ပတ်သတ်၍ ထားရှိရမည့် ဝတ္တရားဖြစ်သည့် သက္ကဝါထားရှိခြင်း၊ မိမိကိုယ်တိုင်နှင့် ပတ်သတ်၍ ထားရှိရမည့် ဝတ္တရားဖြစ်သည့် မကောင်းမှုများပြုလုပ်ပြီးနောက် ကောင်းမှုများပြုလုပ်ခြင်းနှင့် လူသားတို့နှင့်ပတ်သတ်၍ ထားရှိရမည့် ဝတ္တရားဖြစ်သည့် ကောင်းမွန်သောကိုယ်ကျင့်တရားများဖြင့် ပြုမူဆက်ဆံခြင်းတို့ ဖြစ်သည်။
  3. မကောင်းမှုများပြုလုပ်မိပြီးနောက် ကောင်းမှုများပြုလုပ်ရန် တိုက်တွန်းထားသည်။ ကောင်းမွန်သောကိုယ်ကျင့်တရားသည် သက္ကဝါ၏ အချင်းလက္ခဏာများထဲ တစ်ခုဖြစ်သော်လည်း ၎င်း၏အရေးပါမှုကို ထင်ရှားစေရန်အတွက် သီးသန့်ညွှန်ကြားထားခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (47)
ထပ်၍