+ -

عن عبد الله بن عمر رضي الله عنهما قال:
سَمِعَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلًا يَعِظُ أَخَاهُ فِي الْحَيَاءِ، فَقَالَ: «الْحَيَاءُ مِنَ الْإِيمَانِ».

[صحيح] - [متفق عليه] - [صحيح مسلم: 36]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတစ်ဦးက သူ၏ညီနောင်အား အရှက်တရားအကြောင်း ပြောကြားနေသည်ကို ကြားတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 36]

ရှင်းလင်းချက်

လူတစ်ဦးသည် မိမိညီနောင်တစ်ဦးအား အလွန်အမင်းအရှက်တရားထားခြင်းမပြုရန် ဆုံးမနေသည်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကြားတော်မူခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်ပြီး ၎င်းသည် ကောင်းကျိုးကိုသာ ယူဆောင်လာကြောင်း ရှင်းပြတော်မူခဲ့သည်။
အရှက်တရားသည် ကောင်းမြတ်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန်နှင့် မကောင်းသည့်လုပ်ရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းပေးသော ကိုယ်ကျင့်တရားကောင်းတစ်ခု ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري অরমো কন্নড় الولوف البلغارية আজারী الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကောင်းမှုကိုဆောင်ရွက်ရန် သင့်အား တားဆီးသောအရာကို အရှက်တရားဟု မခေါ်ဘဲ ၎င်းအား ရှက်ရွံ့မှု၊ မတတ်စွမ်းနိုင်မှု၊ ချည့်နဲ့မှု၊ သူရဲဘောကြောင်မှု ဟုသာခေါ်ဆိုရမည်။
  2. အလ္လာဟ်အရှင်မြတ်အား အရှက်တရားထားရှိခြင်းဟူသည် အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
  3. အဖန်ဆင်းခံများအား အရှက်တရားထားရှိခြင်းဟူသည် ၎င်းတို့အား ဂုဏ်ပေးလေးစားခြင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့်အညီ ဆက်ဆံခြင်း၊ လူတို့ထံ၌ ညစ်ညမ်းသည်ဟု သတ်မှတ်ထားသည့်အရာများမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။
ထပ်၍