عن عائشة رضي الله عنها زوج النبي صلى الله عليه وسلم عن النبي صلى الله عليه وسلم قال:
«إِنَّ الرِّفْقَ لَا يَكُونُ فِي شَيْءٍ إِلَّا زَانَهُ، وَلَا يُنْزَعُ مِنْ شَيْءٍ إِلَّا شَانَهُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2594]
المزيــد ...

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2594]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်မှာ အပြောအဆိုနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့၌ နူးညံ့သိမ် မွေ့ခြင်း၊ အလျင်စလိုမပြုခြင်းတို့သည် အရေးကိစ္စတိုင်းကို ပိုမိုလှပပြည့်စုံစေသည်။ ထို့ပြင် နူးညံ့သိမ်မွေ့မှုရှိသူသည် မိမိ၏လိုအပ်ချက်ကို ရရှိနိုင်မည်ဖြစ်သည်။
နူးညံ့သိမ်မွေ့မှု မရှိခြင်းသည် အရေးကိစ္စတိုင်းကို ချို့ယွင်းမှုဖြစ်စေပြီး ရုပ်ဆိုးအကျည်းတန်စေသည်။ ထို့ပြင်ကာယကံရှင်အား သူ၏လိုအပ်ချက်များ မရရှိအောင် တားဆီးပိတ်ပင်သည်။ အကယ်၍ ၎င်းအနေဖြင့် မိမိလိုအပ်ချက်များကို ရရှိခဲ့လျှင်လည်း အခက်အခဲများဖြင့်သာ ရရှိလိမ့်မည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နူးညံ့သိမ်မွေ့သည့် အကျင့်စာရိတ္တမွေးမြူရန် တိုက်တွန်းထားသည်။
  2. နူးညံ့သိမ်မွေ့မူသည် လူတစ်ဦးကို လှပတင့်တယ်စေပြီး သာသနာရေး၊ လောကီရေးကိစ္စများ ကောင်းမွန်စေရန်အတွက် အကြောင်းခံဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (63)
ထပ်၍