+ -

عن عائشة رضي الله عنها أن النبي صلى الله عليه وسلم قال: «إن الرفق لا يكون في شيء إلا زانه، ولا ينزع من شيء إلا شانه».
[صحيح] - [رواه مسلم]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

နူးညံ့သိမ်မွေ့မှု ရှိသူသည် မိမိ၏လိုအပ်ချက်အားလုံး သို့မဟုတ် ၎င်း၏တချို့တဝက်ကိုရရှိပြီး၊ ခက်ထန်သူသည် မိမိ၏လိုအပ်ချက်များအားမရရှိနိင်ပေ၊ အကယ်၍ ရရှိခဲ့လျှင်လည်း အခက်အခဲများဖြင့်သာ ရရှိမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصومالية الكينياروندا الرومانية المجرية التشيكية المالاجاشية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နူးညံ့သိမ်မွေ့သည့် အကျင့်စရိုက်ရှိရန် လိုအပ်သည်။ဧကန်မုချ ထိုအကျင့်စရိုက်သည် လူတစ်ဦးအားလှပတင့်တယ်စေပြီး လူတို့၏အမြင်၌ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ထံတော်တွင်လည်းကောင်း လှပတင့်တယ်စေသည်။
  2. ခက်ထန်မှု၊ ကြမ်းတမ်းမှု၊ ကြမ်းကြုတ်မှုတို့မှရှောင်ကြဥ်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအရာများသည် ထိုအကျင့်စရိုက်ရှိသူအား အလ္လာဟ်အရှင်မြတ်ထံတော်တွင်လည်းကောင်း၊ လူတို့ထံ၌လည်းကောင်း မုန်းတီးမှုကို ဖြစ်ပေါ်စေသည်။
ထပ်၍