عَنْ جَابِرٍ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِنَّ الشَّيْطَانَ قَدْ أَيِسَ أَنْ يَعْبُدَهُ الْمُصَلُّونَ فِي جَزِيرَةِ الْعَرَبِ، وَلَكِنْ فِي التَّحْرِيشِ بَيْنَهُمْ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2812]
المزيــد ...
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
"မုချဧကန်၊ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့ရာတွင် ၎င်းတို့အကြား (သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများဖြစ်ပွားစေရန်) လှုံ့ဆော်နေဆဲဖြစ်သည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2812]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူခဲ့သည်မှာ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ မုအ်မင်န် ဆွလာသ်ဝတ်ပြုသူများကို ၎င်း၏ကိုးကွယ်မှုသို့ ပြန်ရောက်စေရန် သို့မဟုတ် ရုပ်တုကို စဂျ်ဒဟ်ပြုစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့သော် ၎င်းသည်ဆက်လက်၍ မျှော်လင့်ချက်ထားရှိနေဆဲဖြစ်ကာ၊ ၎င်းတို့အကြား ကွဲလွဲမှုများ၊ မုန်းတီးမှုများ၊ စစ်ပွဲများ၊ ပဋိပက္ခများနှင့် အလားတူဖြစ်ရပ်များ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၌ ၎င်း၏အားထုတ်မှု၊ လုံ့လ၊ လုပ်ဆောင်ချက်နှင့် ကြိုးပမ်းမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။