عَنْ عَبْدِ اللَّهِ بنِ مَسْعُودٍ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ».

[صحيح] - [متفق عليه] - [صحيح البخاري: 48]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မွတ်စ်လင်မ်တစ်ဦးအား ဆဲရေး တိုင်းထွာခြင်းသည် အမိန့်ဖီဆန်ခြင်း ဖြစ်ပြီး၊ ၎င်းအား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ် သွေဖည်ခြင်းဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 48]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးက မိမိ၏ညီနောင်မွတ်စ်လင်မ်တစ်ဦးအား ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ဖစ်စ်က် (အပြစ်ဒုစရိုက်) ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အမိန့်နာခံမှုမှ ထွက်ခွာခြင်းဖြစ်သည်။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီ‌နောင်မွတ်စ်လင်မ်အား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ်ထိုက်သည့် အပြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် ကုဖ်ရ်အသေးစား ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦး၏ အသက်သွေးချွေးနှင့် သိက္ခာကို ဂုဏ်ပေးလေးစားခြင်းသည် ဝါဂျိဗ်တာဝန်ဖြစ်သည်။
  2. မတရားသဖြင့် မွတ်စ်လင်မ်တစ်ဦးအား ဆဲရေးတိုင်းထွာသူ၏ အကျိုးဆက်မှာ အလွန်ကြီးမားလှသည်။ အဘယ်ကြောင့်ဆိုသော် မတရားသဖြင့် ဆဲရေးတိုင်းထွာသူသည် ဖာစိက် (အမိန့်ဖီဆန်သူ) ပင်ဖြစ်သည်။
  3. မွတ်တ်စ်လင်မ်တစ်ဦးအား ဆဲရေးတိုင်း
  4. ထွာခြင်းနှင့် တိုက်ခိုက်သတ်ဖြတ်ခြင်းသည် အီမာန်ကိုအားနည်းစေပြီး လျော့ကျစေသည်။
  5. အချို့သော လုပ်ရပ်များသည် အစ္စလာမ်သာသနာမှ ထုတ်ပယ်ခြင်းခံရစေသည့် ကုဖ်ရ်အက္ကဗရ် (အကြီးစား ကုဖ်ရ်) များ မဟုတ်သည့်တိုင် ယင်းတို့အား ကုဖ်ရ် ဟုခေါ်ဆိုထားသည်။
  6. ဤနေရာတွင် ကုဖ်ရ် ဆိုသည်မှာ ကုဖ်ရ်အစ်ဂွရ် ( ကုဖ်ရ် အသေးစား )ကို ရည်ညွှန်းပြီး၊ ယင်းသည် လူသားအား သာသနာ့ဘောင်ပြင်သို့ မရောက်စေပါ။ ဤအချက်နှင့်ပတ်သက်၍ အဟ်လုစွန္နဟ် ပညာရှင်များအားလုံး ညီညွှတ်သည်။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်ယုံကြည်သူများ အချင်းချင်း စစ်မက်ဖြစ်ပွားပြီး သဘောထားကွဲလွဲနေချိန်တွင်ပင် သူတို့အား "ယုံကြည်မှုညီအစ်ကိုများ" အဖြစ် သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားတော်မူသည် - {ထို့ပြင် အကယ်၍ မုအ်မင်န် ယုံကြည်သူများထဲမှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ထိုအုပ်စုနှစ်စု ကြား၌ စစ်ပြေငြိမ်းအောင် ပြုလုပ် ဆောင်ရွက်ကြပါ။ ထို့နောက် အကယ်၍ ထိုအုပ်စုနှစ်စု ထဲမှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်ပြီး) အခြားအုပ်စု အပေါ်တွင် မတရား ကျူးကျော်လာခဲ့လျှင် အသင်တို့သည် ထိုကျူးကျော်နေသည့် အုပ်စုကို သူတို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်လှည့်လာကြသည် အထိ တိုက်ခိုက်ကြပါ။ ထို့နောက် အကယ်၍ ထိုအုပ်စုသည် (အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့် လာခဲ့လျှင် အသင်တို့သည် ထိုအုပ်စုနှစ်စု ကြား၌ တရားမျှတမှုဖြင့် စစ်ပြေငြိမ်းအောင် ဆောင်ရွက်ကြပါ။ ထို့ပြင် အသင်တို့သည် တရားမျှတကြပါ။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် တရားမျှတသည့် သူများကို ချစ်ခင် မြတ်နိုးတော်မူသည်။ စင်စစ် မုအ်မင်န် ယုံကြည်သူများသည် (အချင်းချင်း) ညီအစ်ကိုများပင် ဖြစ်ကြသည်။}
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (49)
ထပ်၍