عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ تَعَلَّمَ عِلْمًا مِمَّا يُبْتَغَى بِهِ وَجْهُ اللَّهِ عَزَّ وَجَلَّ لَا يَتَعَلَّمُهُ إِلَّا لِيُصِيبَ بِهِ عَرَضًا مِنَ الدُّنْيَا لَمْ يَجِدْ عَرْفَ الْجَنَّةِ يَوْمَ الْقِيَامَةِ» يَعْنِي رِيحَهَا.
[صحيح] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود: 3664]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
"မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရန်အတွက် သင်ယူအပ်သော သာသနာ့ပညာကို လောကီ၏ အကျိုးအမြတ်ကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိလိမ့်မည် မဟုတ်ပေ။ " ဆိုလိုသည်မှာ ဂျန္နတ်၏ သင်းပျံ့သောရနံ့ကိုပင် ရရှိမည်မဟုတ်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود - 3664]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို မူလအားဖြင့် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရရှိရန်အတွက်သာ ရည်ရွယ်၍ သင်ယူအပ်သည့် သာသနာ့ပညာရပ်ကို ဤဘဝလောကမှ ရုပ်ဝတ္ထုပစ္စည်း၊ ငွေကြေး၊ ဂုဏ်သိက္ခာ စသည့် အကျိုးအမြတ်တစ်ခုခုကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိမည်မဟုတ်ပေ။