عَنْ أَنَسٍ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَوْ كَانَ لِابْنِ آدَمَ وَادِيَانِ مِنْ مَالٍ لَابْتَغَى وَادِيًا ثَالِثًا، وَلَا يَمْلَأُ جَوْفَ ابْنِ آدَمَ إِلَّا التُّرَابُ، وَيَتُوبُ اللهُ عَلَى مَنْ تَابَ».
[صحيح] - [متفق عليه] - [صحيح مسلم: 1048]
المزيــد ...
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
လူသားတို့သည် ဥစ္စာပစ္စည်းနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းနှစ်ခုကို ပိုင်ဆိုင်ခဲ့လျှင်လည်း တတိယချိုင့်ဝှမ်းတစ်ခုကို ထပ်မံတောင့်တပေလိမ့်မည်။ လူသား၏ဝမ်းဗိုက်ကို မြေကြီးမှလွဲ၍ အဘယ်အရာကမျှ မပြည့်စေနိုင်ချေ။ အလ္လာဟ်အရှင်မြတ်သည် သောင်ဗဟ်အမှားဝန်ချတောင်းပန်သူ၏ သောင်ဗဟ်ကို လက်ခံတော်မူ၏။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1048]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - လူသားသည် ရွှေနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းတစ်ခုကို ရရှိခဲ့လျှင်၊ သူသည် လူ့သဘာဝအရ တပ်မက်မှုကြောင့် နောက်ထပ် ချိုင့်ဝှမ်းနှစ်ခုကို လိုချင်ပေလိမ့်မည်။ သူသည် လောကီ၌ရှိသော ဥစ္စာပစ္စည်းများကို စုဆောင်းရန် အမြဲတမ်း လိုလားတောင့်တနေလိမ့်မည်ဖြစ်ပြီး နောက်ဆုံး၌ ကွယ်လွန်သေဆုံးကာ သူ၏ဝမ်းဗိုက်သည် သူ၏ကဗရ်မြေကြီးဖြင့်သာ ဖြည့်တင်းရလိမ့်မည်။