عَنْ أبي سَعيدٍ الخُدريَّ رضي الله عنه قال: قال رسولُ الله صلَّى الله عليه وسلم ِ:
«إزْرَةُ المُسْلمِ إلى نصفِ السَّاق، وَلَا حَرَجَ -أو لا جُنَاحَ- فيما بينَهُ وبينَ الكعبينِ، وما كان أسفلَ منَ الكعبين فهو في النار، مَن جرَّ إزارَهُ بطرًا لم يَنْظُرِ اللهُ إليه».
[صحيح] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود: 4093]
المزيــد ...
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
[صحيح] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود - 4093]
တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးအတွက် ၎င်း၏ ‘အိဇာရ်’ (အောက်ပိုင်းကို ဖုံးအုပ်သော အဝတ်အစား) နှင့် ပတ်သက်၍ အခြေအနေ သုံးမျိုးရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ၁။ မွတ်စ်သဟဗ် (နှစ်သက်ဖွယ်ဖြစ်သည်) - ခြေသလုံးတစ်ဝက်အထိ ဖြစ်သည်။ ၂။ မက္ကရူဟ်မဖြစ်ဘဲ ခွင့်ပြုထားသည် - ၎င်းမှာ ခြေသလုံးတစ်ဝက်အောက်မှ ခြေကျင်းဝတ်အထိ ဖြစ်သည်။ (ခြေကျင်းဝတ်ဆိုသည်မှာ ခြေသလုံးနှင့်ခြေထောက်ဆုံရှိ ပေါ်ထွက်နေသောအရိုး(ခြေမျက်စိ)နှစ်ဖက်ဖြစ်သည်)။ ၃။ ဟရာမ် (တားမြစ်ထားသည်) - ခြေကျင်းဝတ်အောက်သို့ ကျနေခြင်းဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းအားဖြင့် ဂျဟန္နမ်ငရဲမီးနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ရသည်။ အကယ်၍ မာန်မာန၊ ဝင့်ကြွားမှု၊ အမိန့်ဖီဆန်ခြင်းအားဖြင့် ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"