عن عَبْدِ اللهِ بْنِ عُمَرَ رضي الله عنهما قَالَ: سَمِعْتُ رَسُولَ اللهِ صلى الله عليه وسلم يَقُولُ:
«‌مَنْ ‌جَاءَ ‌مِنْكُمُ ‌الْجُمُعَةَ فَلْيَغْتَسِلْ».

[صحيح] - [متفق عليه] - [صحيح البخاري: 894]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။
သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။

[صحيح] - [متفق عليه] - [صحيح البخاري - 894]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဂျူမုအဟ်ဆွလာသ်ဝတ်ပြုရန် လာရောက်လိုသူအတွက် ဂျနာဗသ်( ကိုယ်မသန့်ဖြစ်ခြင်း)မှ ရေချိုးသကဲ့သို့ ရေချိုးခြင်းသည် ၎င်းအဖို့ မွတ်စ်သဟဗ်ဖြစ်ကြောင်း အလေးအနက် မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျုမုအဟ်နေ့တွင် ရေချိုးခြင်းကို အလေးအနက်တင်ပြထားသည်။ မုအ်မင်န်တစ်ဦးအဖို့ ဂျူမုအဟ်နေ့တွင် ရေချိုးခြင်းသည် စွန်နသ် ဖြစ်သည်။ ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် သွားရောက်ချိန်တွင် ရေချိုးခြင်းသည် ပို၍ကောင်းမွန်သည်။
  2. သန့်ရှင်းမှုနှင့် ကောင်းမွန်သော အနံ့အသက်ရှိရန် အ‌ လေးထားခြင်းသည် မွတ်စ်လင်မ်တစ်ဦး၏ ကိုယ်ကျင့် တရားနှင့် လိမ္မာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ လူအများနှင့် တွေ့ဆုံခြင်း၊ ၎င်းတို့နှင့် အတူထိုင်ခြင်း၊ အထူးသဖြင့် ဂျုမုအသ်ဆွလာဝတ်ပြုခြင်းများနှင့် အစုအဖွဲ့လိုက် စုရုံးမှုများတွင် ဤအချက်ကို အထူးဂရုပြု ဆောင်ရွက်ရမည်။
  3. ဟဒီးဆ်တော်တွင်လာရှိသည့် ဤမိန့်ကြားချက်သည် ဂျူမုအဟ်ဆွလာသ်ဝတ်ပြုရန် တာဝန်ရှိ သောသူများအား ရည်ညွှန်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသာ ဂျူမုအဟ်ဆွလာသ်ဝတ်ပြုရန် လာရောက်သောကြောင့်ဖြစ်သည်။
  4. ဂျုမုအဟ်ဆွလာသ် ဝတ်ပြုရန် လာရောက်သူများအဖို့ သန့်ရှင်းစင်ကြယ်စွာဖြင့် လာရောက်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ကိုယ်ခန္ဓာမှ အနံ့အသက်များ ပပျောက်စေရန် ရေချိုးသင့်ပြီး မွှေးကြိုင်သော ရေမွှေးများ သုံးစွဲသင့်သည်။ အကယ်၍ ဝူဿွူသာ ပြုလုပ်ခဲ့လျှင်လည်း လုံလောက်မှုရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (49)
ထပ်၍