عَن أَبِي هُرَيْرَةَ رضي الله عنه قَالَ:
سَأَلَ رَجُلٌ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ، فَقَالَ: يَا رَسُولَ اللهِ، إِنَّا نَرْكَبُ البَحْرَ، وَنَحْمِلُ مَعَنَا القَلِيلَ مِنَ الْمَاءِ، فَإِنْ تَوَضَّأْنَا بِهِ عَطِشْنَا، أَفَنَتَوَضَّأُ مِنَ الْبَحْرِ؟ فَقَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «هُوَ الطَّهُورُ مَاؤُهُ، الحِلُّ مَيْتَتُهُ».
[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن الترمذي: 69]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့လျှောက်ထားမေးမြန်းခဲ့သည်- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်တို့သည် ပင်လယ်ခရီးထွက်ကြပြီး အနည်းငယ်မျှသော ရေကိုသာ ကျွန်တော်တို့နှင့်အတူ ယူဆောင်သွားကြပါသည်။ အကယ်၍ ကျွန်တော်တို့သည် ထိုရေဖြင့် ဝူဿွူပြုလုပ်လိုက်ပါက ရေငတ်ခြင်းကို ခံစားရမည်။ သို့ဖြစ်ရာ ပင်လယ်ရေဖြင့် ဝူဿွူ ပြုလုပ်ခွင့်ရှိပါသလော။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن الترمذي - 69]
လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အားဤသို့ လျှောက်ထားမေးမြန်းခဲ့သည် - ကျွန်တော်တို့သည် ပင်လယ်ထဲတွင် ငါးဖမ်းခြင်း သို့မဟုတ် ကုန်သွယ်ခြင်းစသည့် ကိစ္စရပ်များအတွက် သင်္ဘောများစီးနင်း( ၍ခရီးထွက် ) ကြပါသည်။ ကျွန်တော်တို့နှင့်အတူ သောက်သုံးရန် သင့်တော်သော ရေအနည်းငယ်ကို ယူဆောင်သွားကြပြီး၊ အကယ်၍ ထိုသောက်သုံးရေကို ဝူဿွူလုပ်ခြင်းနှင့် ဂုစ်လ်(ရေချိုးခြင်း)တို့အတွက် သုံးစွဲလိုက်ပါက ကုန်ခန်းသွားမည်ဖြစ်ပြီး၊ ကျွန်တော်မျိုးတို့အတွက် သောက်သုံးရန် ရေရှိတော့မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့အဖို့ ပင်လယ်ရေဖြင့် ဝူဿွူပြုလုပ်ခွင့် ရှိပါသလား။
ထိုအခါ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ပင်လယ်ရေနှင့်ပတ်သက်၍ ဤသို့ မိန့်ကြားတော်မူခဲ့သည်- ပင်လယ်ရေသည် ကိုယ်တိုင် သန့်ရှင်းပြီး၊ အခြားအရာများကိုလည်း သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ထိုရေဖြင့် ဝူဿွူလုပ်ခြင်းနှင့် ဂုစ်လ် ရေချိုးခြင်း ပိုင်သည်။ ထို့အပြင် ပင်လယ်မှထွက်သော ငါးစသည်တို့ကို စားသုံးခြင်းသည်လည်း ဟလာလ်ခွင့်ပြုထားသည်။ ထိုငါးများသည် ဖမ်းယူခြင်းကြောင့်
မဟုတ်ဘဲ ပင်လယ်မျက်နှာပြင်ပေါ်တွင် သေလျှက်ပက်လက်မျောနေသည်ကို တွေ့ရှိရသည့်တိုင် ၎င်းကိုစားသုံးခြင်းသည် ဟလာလ်ပင်ဖြစ်သည်။