عَنْ أَنَسِ بْنِ مَالِكٍ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ فِي الْجَنَّةِ لَسُوقًا، يَأْتُونَهَا كُلَّ جُمُعَةٍ، فَتَهُبُّ رِيحُ الشَّمَالِ فَتَحْثُو فِي وُجُوهِهِمْ وَثِيَابِهِمْ، فَيَزْدَادُونَ حُسْنًا وَجَمَالًا، فَيَرْجِعُونَ إِلَى أَهْلِيهِمْ وَقَدِ ازْدَادُوا حُسْنًا وَجَمَالًا، فَيَقُولُ لَهُمْ أَهْلُوهُمْ: وَاللهِ لَقَدِ ازْدَدْتُمْ بَعْدَنَا حُسْنًا وَجَمَالًا، فَيَقُولُونَ: وَأَنْتُمْ وَاللهِ لَقَدِ ازْدَدْتُمْ بَعْدَنَا حُسْنًا وَجَمَالًا».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ ဈေးတစ်ခုရှိသည်။ လူတို့သည် သောကြာ နေ့တိုင်း ထိုဈေးသို့ လာရောက်ကြသည်။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သ ရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သ ရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ‌ပြောဆိုကြလေမည်။”

صحيح رواه مسلم صحيح مسلم - 2833

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံတွင် နေရာတစ်ခု ရှိပြီး လူတို့သည် ထိုနေရာ၌စုစည်းကြလေသည်။ ထိုနေရာ၌ ရောင်းခြင်းလည်းမရှိ၊ ဝယ်ယူခြင်းလည်းမရှိ။ သူတို့အလိုရှိရာကို ယူကြ၏။ ခုနစ်ရက်တစ်ကြိမ် ထိုနေရာသို့ သူတို့လာရောက်ကြ၏။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ‌ပြောဆိုကြလေမည်။”

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ဂျန္နသ်သုခဘုံသားတို့သည် အဆင်းလှခြင်း၊ အလှအပတို့၌ အဆင့်အတန်းမြင့်မားစွာ တိုးပွားလျက်ရှိကြောင်း ရှင်းလင်းဖော်ပြချက်။
  2. ၂။ ဟဒီးစ်တော်များသည် လူသားတို့အား အဆိုပါအိမ်တော် (ဂျန္နသ်သုခဘုံ) သို့ ရောက်ရှိနိုင်သော ကောင်းမှုများကို ဆောင်ရွက်ရန် စိတ်ဆန္ဒဖြစ်ပေါ်စေသည်။
  3. ၃။ မြောက်လေကို အထူးဖော်ပြထားရခြင်းမှာ ယင်းသည် အကောင်းဆုံးသောလေဖြစ်ပြီး၊ အာရဗ်လူမျိုးတို့အဖို့ ကောင်းကျိုးနှင့် မိုးရွာသွန်းမှုကို ယူဆောင်လာတတ်သောကြောင့် ဖြစ်သည်။
  4. ၄။ ဂျန္နသ်သုခဘုံနှင့် ၎င်း၏နိအ်မသ်စည်းစိမ်သုခတို့ဖြင့် (လူတို့အား) စိတ်ဆန္ဒဖြစ်ပေါ်စေလျက် အလ္လာဟ်အရှင်မြတ်၏လမ်းတော်သို့ ဖိတ်ခေါ်ရန် တိုက်တွန်းထားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

40 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ الكانادا
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية