عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رَضيَ اللهُ عنهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ فِي الْجَنَّةِ شَجَرَةً يَسِيرُ الرَّاكِبُ الْجَوَادَ الْمُضَمَّرَ السَّرِيعَ مِائَةَ عَامٍ مَا يَقْطَعُهَا».
[صحيح] - [متفق عليه] - [صحيح مسلم: 2828]
المزيــد ...
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဧကန်စင်စစ် ဂျန္နတ်တွင် သစ်ပင်တစ်ပင်ရှိ၏။ (ထိုသစ်ပင်၏အရိပ်အောက်၌) လျင်မြန်သော၊ ပြိုင်ပွဲအတွက် လေ့ကျင့်ထားသည့် မြင်းစီးသူရဲသည် အနှစ်တစ်ရာ စီးနင်းသွားလာသော်လည်း ထိုသစ်ပင်(၏ အကိုင်းအခက်များ)ကို မကျော်လွန်နိုင်ပေ။"
[صحيح] - [متفق عليه] - [صحيح مسلم - 2828]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဂျန္နတ်တွင် သစ်တစ်ပင်ရှိကြောင်း၊ ထိုသစ်ပင်အောက်၌ အလွန်လျင်မြန်သွက်လက်မြန်ဆန်သော မြင်းစီးသူသည် အနှစ်တစ်ရာတိုင်တိုင် စီးနင်းသွားသော်လည်း ထိုသစ်ပင်၏အကိုင်းအခက်များ၏ အစွန် အဖျားသို့ပင် မရောက်နိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။