عَنْ أَبِي مُوسَى رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«إِنَّ لِلْمُؤْمِنِ فِي الْجَنَّةِ لَخَيْمَةً مِنْ لُؤْلُؤَةٍ وَاحِدَةٍ مُجَوَّفَةٍ، طُولُهَا سِتُّونَ مِيلًا، لِلْمُؤْمِنِ فِيهَا أَهْلُونَ، يَطُوفُ عَلَيْهِمِ الْمُؤْمِنُ فَلَا يَرَى بَعْضُهُمْ بَعْضًا».
[صحيح] - [متفق عليه] - [صحيح مسلم: 2838]
المزيــد ...
အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2838]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံ၏ နိအ်မသ်စည်းစိမ်အချို့ကို သတင်းပေးတော်မူခဲ့သည်။ ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူအတွက် အလွန်ကျယ်ဝန်း၍ အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းနှင့် ဖန်တီးထားသည့် ကြီးကျယ်ခမ်းနားသော ရွက်ဖျင်တဲကြီးတစ်ခု ရှိမည်။ မိုးကောင်းကင်၌ ထိုတဲ၏ အလျားနှင့်အနံမှာ မိုင်(၆၀) ရှိသည်။ တဲ၏ လေးထောင့်တိုင်း၊ အရပ်မျက်နှာအရပ်ရှိ နေရာတိုင်း၌ ဇနီးများ ရှိကြပြီး ၎င်းတို့သည် အချင်း ချင်းမမြင်ရကြပေ။ မုအ်မင်န်ယုံကြည်သူသည် ၎င်းတို့ထံ လှည့်လည်သွားလာနေမည်ဖြစ်သည်။