عَنْ أَنَسٍ رَضِيَ اللَّهُ عَنْهُ:
أَنَّ رَجُلًا سَأَلَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ السَّاعَةِ، فَقَالَ: مَتَى السَّاعَةُ؟ قَالَ: «وَمَاذَا أَعْدَدْتَ لَهَا». قَالَ: لاَ شَيْءَ، إِلَّا أَنِّي أُحِبُّ اللَّهَ وَرَسُولَهُ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «أَنْتَ مَعَ مَنْ أَحْبَبْتَ». قَالَ أَنَسٌ: فَمَا فَرِحْنَا بِشَيْءٍ، فَرِحْنَا بِقَوْلِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَنْتَ مَعَ مَنْ أَحْبَبْتَ» قَالَ أَنَسٌ: فَأَنَا أُحِبُّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَأَبَا بَكْرٍ، وَعُمَرَ، وَأَرْجُو أَنْ أَكُونَ مَعَهُمْ بِحُبِّي إِيَّاهُمْ، وَإِنْ لَمْ أَعْمَلْ بِمِثْلِ أَعْمَالِهِمْ.
المزيد
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း" ဟု မေးမြန်းတော်မူခဲ့သည်။ ထိုသူက "ကျွန်တော်မျိုးသည် ယင်းအတွက် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်အား ချစ်မြတ်နိုးခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ပြင်ဆင်ထားခြင်းမရှိပါ''ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ 'သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်' ဟူသော မိန့်ကြားချက်ထက် ပို၍ ဝမ်းမြောက်ဖွယ်ရာ အခြားအရာကို မကြားခဲ့ဖူးပါ" ဟု ဆိုခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးပါ
သည်။ ကျွန်ုပ်သည် ထိုသူတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်တူညီသော အမလ်များကို မပြုလုပ်နိုင်စေကာမူ၊ သူတို့အား ချစ်မြတ်နိုးခြင်းကြောင့် ကျွန်ုပ်သည် သူတို့နှင့်အတူ (ဂျန္နသ်တွင်) ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်''ဟု ပြောကြားခဲ့သည်။