عَنْ مُصْعَبِ بْنِ سَعْدٍ قَالَ: رَأَى سَعْدٌ رَضِيَ اللَّهُ عَنْهُ أَنَّ لَهُ فَضْلًا عَلَى مَنْ دُونَهُ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«هَلْ تُنْصَرُونَ وَتُرْزَقُونَ إِلَّا بِضُعَفَائِكُمْ».
[صحيح] - [رواه البخاري] - [صحيح البخاري: 2896]
المزيــد ...
မုစ်ွအတ်ဗ် ဗင်န် စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)သည် မိမိကိုယ်ကို မိမိအောက်လူများထက် သာလွန်သည်ဟု မြင်လေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ –
“သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး ရိက္ခာချီးမြှင့်ခံရခြင်း ဖြစ်သည်မဟုတ်လော။”
[صحيح] - [رواه البخاري] - [صحيح البخاري - 2896]
စအ်ဒ် ဗင်န် အဘီဝက္ကားစ်ွ (ရဿွိယလ္လာဟုအန်ဟု) သည် မိမိ၏ရဲစွမ်းသတ္တိနှင့် အခြားသောဂုဏ်အင်္ဂါများကြောင့် မိမိထက်နိမ့်ကျသော အားနည်းသူများထက် မိမိ၌ ဂုဏ်သိက္ခာ ပိုမိုရှိသည်ဟု ထင်မှတ်မိသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူခဲ့သည်– သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး စားနပ်ရိက္ခာချီးမြှင့်ခြင်း ခံကြရသည်မဟုတ်လော။ ဤသည် သူတို့၏ ဒုအာဆုတောင်းခြင်းများ၊ ဆွလားသ်ဝတ်ပြုမှုများနှင့် စိတ်စေတနာစင်ကြယ်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ဒုအာဆုတောင်းရာတွင် အိခ်လားစ်ွစိတ်စေတနာစင်ကြယ်မှု အရှိဆုံးဖြစ်ကြပြီး၊ လောကီပစ္စည်းဥစ္စာ၏ တန်ဆာဆင်မှုကို စွဲလမ်းမှု ကင်းရှင်းသော စိတ်နှလုံးများရှိသောကြောင့် ဝတ်ပြုကိုးကွယ်ရာတွင်လည်း ခိုရှူအ် (အာရုံစူးစိုက်မှု) အရှိဆုံးလည်း ဖြစ်ကြသည်။