عَنْ أَبِي مُوسَى رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ اللهَ عَزَّ وَجَلَّ يَبْسُطُ يَدَهُ بِاللَّيْلِ لِيَتُوبَ مُسِيءُ النَّهَارِ، وَيَبْسُطُ يَدَهُ بِالنَّهَارِ لِيَتُوبَ مُسِيءُ اللَّيْلِ، حَتَّى تَطْلُعَ الشَّمْسُ مِنْ مَغْرِبِهَا».

[صحيح] - [رواه مسلم] - [صحيح مسلم: 2759]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2759]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဗန္ဒဟ်ကျေးကျွန်များ၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည်။ ဗန္ဒဟ်တစ်ဦးသည် နေ့အချိန်၌ အပြစ်ကျူးလွန်မိပြီး ညအချိန်၌ သောင်ဗဟ်လုပ်(အမှားဝန်ချတောင်းပန်)လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ ထိုနည်းတူ ညအချိန်၌ အပြစ်ကျူးလွန်မိပြီး နေ့အချိန်၌ သောင်ဗဟ်(အမှားဝန်ချတောင်းပန်လျှင်) အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ အရှင်မြတ်သည် သောင်ဗဟ်(အမှားဝန်ချတောင်းပန်မှု) အား ဝမ်းမြောက်တော်မူသဖြင့် မိမိ၏ လက်တော်ကို ၎င်းသောင်ဗဟ်အမှားဝန်ချ‌တောင်းပန်မှုကို လက်ခံတော်မူသည့်အနေဖြင့် ဖြန့်ထားတော်မူသည်။ ဤကမ္ဘာလောက၏ အဆုံးသတ်ကို ညွှန်ပြသည့်အနေဖြင့် နေသည် အနောက်အရပ်မှ ထွက်ချိန်တိုင်အောင် သောင်ဗဟ်ဝန်ချတောင်းပန်မှု၏တံခါးသည် ပွင့်လျက်ရှိသည်။ နေသည် အနောက်အရပ်မှ ထွက်သည့်အခါတွင် သောင်ဗဟ် ဝန်ချတောင်းပန်မှု၏တံခါးသည် ပိတ်သွားမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သောင်ဗဟ်၏တံခါး ပွင့်လျက်ရှိသမျှကာလပတ်လုံး သောင်ဗဟ်အမှားဝန်ချ‌တောင်းပန်မှုသည် လက်ခံခြင်းခံရမည်ဖြစ်ပြီး၊ အနောက်အရပ်မှ နေထွက်ခြင်းဖြင့် ယင်းတံခါးသည် ပိတ်သွားမည်ဖြစ်ကာ လူသားသည် စက်ရားသ် (သေခြင်းတရား၏လက္ခဏာများ ) မဖြစ်ခင်အရင် (လည်ပင်းသို့ ဝိညာဉ်ရောက်ရှိခြင်း)မဖြစ်မီအချိန်အထိ သောင်ဗဟ်အမှားဝန်ချ တောင်းပန်ရန် အခွင့်အရေးရှိသည်။
  2. ကျူးလွန်မိသော အပြစ်အကုသိုလ်ကြောင့် မျှော်လင့်
  3. ချက်ကင်းမဲ့ခြင်း မဖြစ်ရပေ။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်ခြင်းနှင့် ကရုဏာတော်သည် ကျယ်ပြန့်လှပြီး သောင်ဗဟ်ဝန်ချတောင်းပန်မှု၏တံခါးသည် ပွင့်လျက်ရှိသောကြောင့်ဖြစ်သည်။
  4. စစ်မှန်သည့် သောင်ဗဟ်အမှားဝန်ချ‌ တောင်းပန်မှု၏ စည်းကမ်းချက်များ-
  5. ၁။အပြစ်ကျူးလွန်မှုမှ ရပ်စဲရမည်။
  6. ၂။ကျူးလွန်မိသည့်အတွက် နောင်တရရမည်။
  7. ၃။နောင်တွင် ထိုအပြစ်ကို ဘယ်သောအခါမျှ ပြန်မလုပ်မိစေရန် ခိုင်မာသောဆုံးဖြတ်ချက် ချရမည်။
  8. ဤသတ်မှတ်ချက်များသည် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြစ်များအတွက် ဖြစ်သည်။ အကယ်၍ ထိုအပြစ်များသည် လူသားများ၏ အခွင့်အရေးနှင့် သက်ဆိုင်ပါက၊ သောင်ဗဟ်ဝန်ချတောင်းပန်မှု မှန်ကန်စေရန်အတွက် ထိုသက်ဆိုင်ရာ အခွင့်အရေးကို ပိုင်ရှင်ထံ ပြန်လည်ပေးဆပ်ရမည် သို့မဟုတ် ပိုင်ရှင်မှ ၎င်းအား ခွင့်လွှတ်လိုက်ခြင်း ဖြစ်ရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (53)
ထပ်၍