عن أنس رضي الله عنه قال: قال النبي صلى الله عليه وسلم:
«لَا يُؤْمِنُ أَحَدُكُمْ حَتَّى أَكُونَ أَحَبَّ إِلَيْهِ مِنْ وَالِدِهِ وَوَلَدِهِ وَالنَّاسِ أَجْمَعِينَ».

[صحيح] - [متفق عليه] - [صحيح البخاري: 15]
المزيــد ...

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။

[صحيح] - [متفق عليه] - [صحيح البخاري - 15]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မွတ်စ်လင်မ်သည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အချစ်အား မိမိ၏ မိခင်၊ ဖခင်၊ မိမိ၏သားသမီးနှင့် လူသားအားလုံးအား၏ အချစ်ထက် ရှေ့တန်းမတင်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။ ဤအချစ်၌ ကိုယ်တော်မြတ်၏အမိန့်ကို နာခံခြင်း၊ ကိုယ်တော်မြတ်အား ကူညီခြင်း၊ ကိုယ်တော်မြတ်၏ အမိန့်ကို ဖီဆန်မှုမပြုခြင်းတို့ ရှိရန်လိုအပ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အချစ်ထားရန် တာဝန်ရှိပြီး ကိုယ်တော်အား အခြားအဖန်ဆင်းခံ အားလုံးထက်ပို၍ ချစ်မြတ်နိုးရမည်။
  2. အပြည့်အဝချစ်မြတ်နိုးခြင်း၏ လက္ခဏာတစ်ခုမှာ တမန်တော်မြတ်၏ စွန္နဟ်တော်ကို ကူညီပံ့ပိုးခြင်း၊ ထို့အတွက် မိမိ၏ကိုယ်နှင့် ဥစ္စာပစ္စည်းကို အသုံးချခြင်းဖြစ်သည်။
  3. ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ချစ်မြတ်နိုးခြင်းသည် ကိုယ်တော် အမိန့်ပေးသည့်အရာကို နာခံရန်၊ ကိုယ်တော် သတင်းပေးထားသည့်အရာကို ထောက်ခံရန်၊ ကိုယ်တော် တားမြစ်ထားသည့်အရာကို ရှောင်ကြဉ်ရန်၊ ဗိဒ်အဟ် တရားသစ်တီထွင်မှုတိုင်းကို စွန့်လွှတ်ရန် လိုအပ်‌သည်။
  4. ကိုယ်တော်မြတ်သည် ကျွန်တော်တို့အတွက် လမ်းမှားမှ လမ်းမှန်ကို သိရှိစေသည့်အကြောင်းခံ၊ ဂျဟန္နမ်ငရဲမီးဘေးမှ ကယ်တင်ပေးသည့် အကြောင်းခံ၊ ဂျန္နသ်သုခဘုံကို ရရှိခြင်းဖြင့် အောင်မြင်မှုကို ရရှိနိုင်မည့် အကြောင်းခံဖြစ်သောကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အခွင့်အရေးသည် လူသားအားလုံး၏ အခွင့်အရေးထက်ပို၍ ကြီးကျယ်ပြီး ပို၍လေးနက်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (62)
ထပ်၍