عن أنس رضي الله عنه قال: قال النبي صلى الله عليه وسلم:
«لَا يُؤْمِنُ أَحَدُكُمْ حَتَّى أَكُونَ أَحَبَّ إِلَيْهِ مِنْ وَالِدِهِ وَوَلَدِهِ وَالنَّاسِ أَجْمَعِينَ».
[صحيح] - [متفق عليه] - [صحيح البخاري: 15]
المزيــد ...
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 15]
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မွတ်စ်လင်မ်သည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အချစ်အား မိမိ၏ မိခင်၊ ဖခင်၊ မိမိ၏သားသမီးနှင့် လူသားအားလုံးအား၏ အချစ်ထက် ရှေ့တန်းမတင်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။ ဤအချစ်၌ ကိုယ်တော်မြတ်၏အမိန့်ကို နာခံခြင်း၊ ကိုယ်တော်မြတ်အား ကူညီခြင်း၊ ကိုယ်တော်မြတ်၏ အမိန့်ကို ဖီဆန်မှုမပြုခြင်းတို့ ရှိရန်လိုအပ်သည်။