ဟဒီးဆ်တော်များစာရင်း

1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
2. နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း) သည် မည်သည့် ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ မယူဆောင်လာနိုင်ပါ။ စင်စစ် ထိုသို့နဇရ်(ကိုးခြင်း) အားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေး ဥစ္စာကို)ထွက်စေခြင်းသာ ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
3. ။ ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးပြီး ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည် ဖြစ်သည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
4. မည်သူမဆို ဤလောကီဘဝတွင် ပိုးထည်ကို ဝတ်ဆင်ခဲ့လျှင် နောင်တမလွန်ဘဝတွင် ယင်း( ပိုးထည်)ကို ဝတ်ဆင်ခွင့်ရမည် မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
5. အကြီးမားဆုံးဂျိဟာဒ်(သက် စွန့်ကြိုးပမ်းအားထုတ်မှု)တစ်ခုမှာ မတရားသော အုပ်စိုးသူဘုရင်ထံ မှန်ကန်တရားမျှတသောစကားကို ပြောဆိုခြင်းဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
6. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။
عربي အင်္ဂလိပ် အုရ်ဒူ
7. လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း
عربي အင်္ဂလိပ် အုရ်ဒူ
8. “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှု‌ပါ။ ”
عربي အင်္ဂလိပ် အုရ်ဒူ
9. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကြာခဏ ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - "အို-စိတ်နှလုံးများကို လှည့်ပြောင်းတော်မူသောအရှင်၊ ကျွန်တော်မျိုး၏ စိတ်နှလုံးသားကို အရှင်မြတ်၏ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာထားတော်မူပါ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
10. သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်
عربي အင်္ဂလိပ် အုရ်ဒူ
11. အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြ‌စ်သည်
عربي အင်္ဂလိပ် အုရ်ဒူ
12. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
13. အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန် တောင်းဆိုခဲ့ပါက ထိုသူသည် မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
14. မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
15. မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး
عربي အင်္ဂလိပ် အုရ်ဒူ
16. ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။
عربي အင်္ဂလိပ် အုရ်ဒူ
17. ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
18. အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်း‌တော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။
عربي အင်္ဂလိပ် အုရ်ဒူ
19. ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်
عربي အင်္ဂလိပ် အုရ်ဒူ
20. ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်
عربي အင်္ဂလိပ် အုရ်ဒူ
21. ‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။
عربي အင်္ဂလိပ် အုရ်ဒူ
22. အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်‌တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည် - 10 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
23. မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီ‌နောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။
عربي အင်္ဂလိပ် အုရ်ဒူ
24. အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်
عربي အင်္ဂလိပ် အုရ်ဒူ
25. ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
26. ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
27. အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အ‌ပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်ရဲ့လကို ( ရက်ပေါင်း သုံးဆယ်ပြည့်အောင် ) ရေတွက်ကြလေကုန်။
عربي အင်္ဂလိပ် အုရ်ဒူ
28. - “အသင် သူ့ကိုမသတ်လေနှင့်” ။ အကယ်၍ အသင်သူ့ကို သတ်လိုက်ပါက အသင်သူ့ကို မသတ်ခင်က ရှိခဲ့တယ့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသင်ကတော့ သူဖတ်ရွတ်လိုက်တယ့် ( ကလိမဟ် ) စကားကို မဖတ်ခင်က သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားလိမ့်မည်။
عربي အင်္ဂလိပ် အုရ်ဒူ
29. မည်သူမ‌‌ဆို ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ စားထားပါက ငါကိုယ်တော်တို့နှင့် သီးခြားခွဲ၍နေလော့။ (သို့မဟုတ် ဤသို့ မိန့်ဆိုခဲ့သည်။) ငါကိုယ်တော်တို့ရဲ့ဗလီနှင့် သီးခြားခွဲ၍နေလော့။ မိမိရဲ့ အိမ်၌ပင် ထိုင်နေလော့
عربي အင်္ဂလိပ် အုရ်ဒူ
30. ငါကိုယ်တော် ဤအလံအား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကို ချစ်မြတ်နိုးသောသူအား မုချပေးအပ်မည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ လက်ပေါ်တွင် အောင်နိုင်မှုချီးမြှင့်တော်မူမည်
عربي အင်္ဂလိပ် အုရ်ဒူ
31. (ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
32. မွတ်စ်လင်မ်တစ်ဦးအား ဆဲရေး တိုင်းထွာခြင်းသည် အမိန့်ဖီဆန်ခြင်း ဖြစ်ပြီး၊ ၎င်းအား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ် သွေဖည်ခြင်းဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
33. အသင်တို့ ယဟူဒီများနှင့် ခရစ်ယာန်များကို ဦးစွာ စလာမ်စတင်ပေးခြင်း မပြုကြနှင့်။ အကယ်၍ အသင်တို့ လမ်းတွင် သူတို့အနက်မှ တစ်ဦးဦးနှင့် တွေ့သည့်အခါ၊ သူ့အားလမ်း၏ အကျဉ်းဆုံးသို့ရောက်သည်အထိ ကျပ်တည်းအောင်ပြုလုပ်ကြလော့။ (တစ်နည်း လမ်းကျဉ်းသောနေရာမှ ၎င်းအား သွားစေလော့။)
عربي အင်္ဂလိပ် အုရ်ဒူ
34. ဒုက္ခအခက်အခဲများကြုံတွေ့သည့်အခါ မိမိပါးများကို ရိုက်ပုတ်သူ၊ အင်္ကျီရင်စများကို ဆွဲဖြဲသူ၊ ဂျာဟိလိယသ် အမိုက်ခေတ်က ကြွေးကြော်သလို ကြွေးကြော်သူတို့သည် ငါတို့အနက်မှ မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
35. သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။
عربي အင်္ဂလိပ် အုရ်ဒူ
36. အကြင်သူ၏ ထံတွင် ငါကိုယ်တော် (၏အမည်အား) ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
37. မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံ‌ကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
38. အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရ‌ပေ။ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
39. အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အကာ အကွယ် မှီခိုအားထားရာဖြစ်သည့် ဒီးန်သာသနာကို ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန် အောင်ပြု လုပ်ပေးတော်မူပါ - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
40. رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
41. اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
42. အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် ကောင်းမှုများ‌ကော၊ မသိသည့် ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများ‌ကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏
عربي အင်္ဂလိပ် အုရ်ဒူ
43. အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
عربي အင်္ဂလိပ် အုရ်ဒူ
44. အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တာ်မျိုး ကြွေးမြီ၏ ဝန်ပိခြင်း၊ ရန်သူ၏ လွှမ်းမိုးခံရခြင်းနှင့် ရန်သူတို့၏ အားရဝမ်းသာဖြစ်မှုတို့မှ အရှင်မြတ်ထံ ခိုလှုံပါ၏။
عربي အင်္ဂလိပ် အုရ်ဒူ
45. اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ
عربي အင်္ဂလိပ် အုရ်ဒူ
46. အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။) - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
47. ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
48. ( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။
عربي အင်္ဂလိပ် အုရ်ဒူ
49. သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။
عربي အင်္ဂလိပ် အုရ်ဒူ
50. မည်သူမဆို(ညအချိန်၌) ဤဒုအာ «بِسْمِ اللَّهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيْءٌ، فِي الْأَرْضِ، وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ الْعَلِيمُ» ကို သုံးကြိမ်ရွတ်ဆိုပါက မနက်ခင်းအထိ ရုတ်တရက် ဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်မဟုတ်ပေ - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
51. မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။
عربي အင်္ဂလိပ် အုရ်ဒူ
52. မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည်‌ ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။
عربي အင်္ဂလိပ် အုရ်ဒူ
53. လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ - မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
54. ရွှေ၊ ငွေကိုပိုင်ဆိုင်သူတို့သည် ထိုရွှေ၊ ငွေတို့၏ ဝ တ္တရား(ဇကားသ်)ကိုမပေးခဲ့လျှင်ထိုရွှေ၊ ငွေတို့သည် ကိယာမသ်နေ၌ မီးနှင့်အတိပြီးသောကျောက်သားများအဖြစ် အလျားလိုက် ပြုလုပ်ခံရမည်ဖြစ်ပြီး - 4 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
55. ( ကိယာမသ် နေ့တွင် ) ဟစ်‌ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်
عربي အင်္ဂလိပ် အုရ်ဒူ
56. ဂျန္နသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊ အလ္လာဟ်အရှင်မြတ်က" အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်
عربي အင်္ဂလိပ် အုရ်ဒူ
57. ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
58. “အကယ်၍ ရေသည် 'ကုလ်လသိုင်းန်' (ခွက်ကြီးနှစ်လုံး) ပမာဏရှိပါက ထိုရေသည် မစင်ကြယ်မှု(အညစ်အကြေး)ကို သယ်ဆောင်လာသည်ဟု မယူဆရ။” ( တစ်နည်း ညစ်ညမ်းသည်ဟု မယူဆရပေ။ )
عربي အင်္ဂလိပ် အုရ်ဒူ
59. အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
60. သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
عربي အင်္ဂလိပ် အုရ်ဒူ
61. လူတစ်ဦးသည် အခြားလူတစ်ဦးအား အမိန့်ဖီဆန်သည်ဟု စွပ်စွဲခြင်း မပြုရ။ ထို့ပြင် ကာဖိရ် ဖြစ်သည်ဟုလည်း စွပ်စွဲခြင်း မပြုရ။ အကယ်၍ ထိုစွပ်စွဲခံရသူသည် စွပ်စွဲသည့်အတိုင်း မဟုတ်ခဲ့လျှင်၊ ထိုစွပ်စွဲချက်သည် စွပ်စွဲသူ၏အပေါ်သို့ ပြန်လည်ရောက်ရှိလိမ့်မည်။
عربي အင်္ဂလိပ် အုရ်ဒူ
62. မုချဧကန်၊ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့ရာတွင် ၎င်းတို့အကြား (သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများဖြစ်ပွားစေရန်) လှုံ့ဆော်နေဆဲဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
63. မည်သူမဆို 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုပါက ထိုသူသည် ငါကိုယ်တော်တို့အနက်မှ မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
64. အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ - 2 ملاحظة
عربي အင်္ဂလိပ် အုရ်ဒူ
65. မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
66. “သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခြင်း မပြုရ။”
عربي အင်္ဂလိပ် အုရ်ဒူ
67. အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။
عربي အင်္ဂလိပ် အုရ်ဒူ
68. ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆွလာတ်ဝတ်ပြုခဲ့ပါသည်။ ကိုယ်‌ တော်သည် မိမိညာဘက်သို့ "السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ ကျရောက်ပါစေ) ဟုပြောကာ ဘယ်ဘက်သို့ " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာတော် ကျရောက်ပါစေ) ဟုပြောကာ စလာမ်ပြုလေ့ရှိသည်။
عربي အင်္ဂလိပ် အုရ်ဒူ
69. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
عربي အင်္ဂလိပ် အုရ်ဒူ
70. ဟစန်နှင့် ဟုစိုင်န်တို့သည် ဂျန္နတ်ရှိ လူငယ်များ၏ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည်။
عربي အင်္ဂလိပ် အုရ်ဒူ
71. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် ဇုဟုရ်ဖရဿ်ွမတိုင်မီ (စွန္နသ်)လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ (စွန္နသ်) နှစ်ရကအသ်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။
عربي အင်္ဂလိပ် အုရ်ဒူ
72. ''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''
عربي အင်္ဂလိပ် အုရ်ဒူ
73. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်နှင့် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် ကာဖီရူးန်နှင့် စူရဟ် အိခ်လားစ်ွ) ကို ဖတ်ရွတ်တော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
74. အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးကို စွတ်ဖ်အတန်းအနောက်တွင် တစ်ဦးတည်း ဆွလာသ်ဝတ်ပြုနေသည်ကို တွေ့မြင်ခဲ့ရာ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
75. မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။
عربي အင်္ဂလိပ် အုရ်ဒူ
76. မိမိဇနီးအား အနောက်ဘက်တွင် လိင်ဆက်ဆံသူသည် လအ်နသ်ကျိန်စာသင့်ခံရသူ ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
77. အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
78. ကျွန်ုပ်က‌ လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။
عربي အင်္ဂလိပ် အုရ်ဒူ
79. အကြင်သူ၌ ဇနီးနှစ်ဦးရှိပြီး ၎င်းသည် (သူ၏ မျှတမှုသည်) တစ်ဦးတည်းဘက်သို့ ယိမ်းညွှတ်သွားပါက ကိယာမသ်နေ့တွင် ကိုယ်ခန္ဓာတစ်ခြမ်း စောင်းနေသောအခြေအနေဖြင့် ရောက်ရှိလာလိမ့်မည်။
عربي အင်္ဂလိပ် အုရ်ဒူ
80. ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏ အသက်များဖြင့်လည်းကောင်း၊ သင်တို့၏ နှုတ်လျှာများဖြင့်လည်းကောင်း ဂျိဟာဒ် ပြုကြလော့။
عربي အင်္ဂလိပ် အုရ်ဒူ
81. “မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ