«الْبَخِيلُ مَنْ ذُكِرْتُ عِنْدَهُ فَلَمْ يُصَلِّ عَلَيَّ».
[صحيح] - [رواه الترمذي والنسائي في الكبرى وأحمد] - [السنن الكبرى للنسائي: 8046]
المزيــد ...
ဟူစိုင်းန် ဗင်န် အလီ ( ရဿွိယလ္လာဟု အန်ဟုမာ ) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူသည်။
အကြင်သူ၏ ထံတွင် ငါကိုယ်တော် (၏အမည်အား) ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။
[صحيح] - [رواه الترمذي والنسائي في الكبرى وأحمد] - [السنن الكبرى للنسائي - 8046]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မည်သူ့ဆီ၌ မိမိ၏အမည်၊ ကွန်ယဟ် (မိဘ၊ သားသမီးဘက်သို့ ဆက်နွယ်ကာ ခေါ်ဆိုသည့် နာမည် ဥပမာ- မည်သူမည်ဝါ၏ ဖခင်၊ မည်သူမည်ဝါ၏ သား) သို့မဟုတ် ဂုဏ်ပုဒ်ကို ဖော်ပြခံရ သော်လည်း မိမိအပေါ်၌ ဆွလာသ်( ဒရူးဒ် ) မပို့ခြင်းနှင့် ပတ်သတ်၍ သတိပေးခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- အကြင်သူ့ထံတွင် ငါကိုယ်တော်အား ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။
၁။ စင်စစ် ၎င်းသည် အနည်းငယ်မျှပင် ဆုံးရှုံးမှုမရှိသော အရာတစ်ခုကို တွန့်တိုစေးနည်းခဲ့ခြင်းဖြစ်သည်။ (စင်စစ်) ထိုအရာအား ပြုလုပ်ရာတွင် ပစ္စည်းဥစ္စာအား သုံးစွဲရန် မလိုသလို၊ လုပ်အားကိုသုံးစွဲရန်လည်း မလိုပေ။
၂။ ၎င်းသည် မိမိကိုယ်ကိုမိမိ စေးနည်းတွန့်တိုခဲ့သည့်အပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ် ဆွလာသ်( ဒရူးဒ် ) ပို့ခြင်း၏ အကျိုးဆုလာဘ်မှ မိမိကိုယ်ကို လက်လွတ်ဆုံးရှုံးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တမန်တော်မြတ်အား ဆွလာသ် ( ဒရူးဒ် ) မပို့ဘဲ နေခဲ့သည့်အတွက် စေးနည်းတွန့်တိုမှုပြုခဲ့သလို၊ ၎င်းအပေါ်၌ နာခံလိုက်နာရန် တာဝန်ရှိသော အရာတစ်ခုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ရရှိမည့် ဆုလာဘ်တော်မှလည်း မိမိကိုယ်ကို ကင်းမဲ့စေခဲ့သောကြောင့်ဖြစ်သည်။
၃။ဧကန်စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ်(ဒရူးဒ်) ပို့သခြင်းသည် တမန်တော်မြတ်(နှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့်) အချို့သော ဝတ္တရားကို ကျေပွန်ခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာ ထိုတမန်တော်မြတ်သည်ပင် ကျွန်ုပ်တို့အား ပညာသင်ကြားပေးခဲ့သူ၊ လမ်းမှန်ညွှန်ကြားပြသခဲ့သူ၊ အလ္လာဟ်အရှင်မြတ်ထံသို့ ဖိတ်ခေါ်ခဲ့သူ၊ ဝဟီအမိန့်တော်နှင့် ရှရီအသ်တရားတော်ကို ယူဆောင်လာခဲ့သူ ဖြစ်သောကြောင့်တည်း။ တမန်တော်မြတ်သည်ပင် (အလ္လာဟ်အရှင်မြတ်ပြီးနောက်) ကျွန်ုပ်တို့ တရားလမ်းမှန်ရရှိခဲ့ခြင်း၏ အကြောင်းခံဖြစ်သည်။ သို့ပါလျက် မည်သူမဆိုတမန်တော်မြတ်အပေါ် ဆွလာသ် ( ဒရူးဒ် ) မပို့ပါက ၎င်းသည် မိမိကိုယ်ကိုမိမိ စေးနည်းတွန့်တိုခဲ့သည့်အပြင် မိမိတမန်တော်၏ အနည်းငယ်မျှသော ဝတ္တရားကို ကျေပွန်ရာတွင် စေးနည်းတွန့်တိုခဲ့သူပင်ဖြစ်သည်။