«مَنْ قَالَ بِسْمِ اللَّهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيْءٌ، فِي الْأَرْضِ، وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ الْعَلِيمُ، ثَلَاثَ مَرَّاتٍ، لَمْ تُصِبْهُ فَجْأَةُ بَلَاءٍ، حَتَّى يُصْبِحَ، وَمَنْ قَالَهَا حِينَ يُصْبِحُ ثَلَاثُ مَرَّاتٍ، لَمْ تُصِبْهُ فَجْأَةُ بَلَاءٍ حَتَّى يُمْسِيَ»، قَالَ: فَأَصَابَ أَبَانَ بْنَ عُثْمَانَ الْفَالِجُ، فَجَعَلَ الرَّجُلُ الَّذِي سَمِعَ مِنْهُ الْحَدِيثَ يَنْظُرُ إِلَيْهِ، فَقَالَ لَهُ: مَا لَكَ تَنْظُرُ إِلَيَّ؟ فَوَاللَّهِ مَا كَذَبْتُ عَلَى عُثْمَانَ، وَلَا كَذَبَ عُثْمَانُ عَلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَلَكِنَّ الْيَوْمَ الَّذِي أَصَابَنِي فِيهِ مَا أَصَابَنِي غَضِبْتُ فَنَسِيتُ أَنْ أَقُولَهَا.
[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمد] - [سنن أبي داود: 5088]
المزيــد ...
အဗားန် ဗင်န် အွတ်စ်မားန် က အွတ်စ်မားန် ဗင်န် အတ်ဖားန် ( ရဿွိယလ္လာဟု အန်ဟု ) ထံမှဆင့်ပြန်ခဲ့သည်။ ၎င်းက ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ဤသို့ မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။
မည်သူမဆို(ညအချိန်၌) ဤဒုအာ «بِسْمِ اللَّهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيْءٌ، فِي الْأَرْضِ، وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ الْعَلِيمُ» ကို သုံးကြိမ်ရွတ်ဆိုပါက မနက်ခင်းအထိ ရုတ်တရက် ဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်မဟုတ်ပေ။ ထိုနည်းတူ မည်သူမဆို မနက်ခင်းအချိန်၌ ဤဒုအာကို သုံးကြိမ်ရွတ်ဆိုပါက ညအထိ ရုတ်တရက် ဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်မဟုတ်ပေ။ ဆင့်ပြန်သူရာဝီက ပြောကြားသည်မှာ- အဗားန် ဗင်န် အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)အား လေဖြတ်ရောဂါသင့်ခဲ့သည်။ ထိုအခါ ဤဟဒီးစ်ကို ၎င်းထံမှကြားခဲ့သူသည် ၎င်းကို (အံ့ဩထူးဆန်းစွာဖြင့်) စိုက်ကြည့်နေခဲ့သည်။ ထိုအခါ အဘားန် ဗင်န် အုစ်မာန် က ၎င်းအား "အဘယ်ကြောင့် ကျွန်ုပ်ဘက်သို့ ဤသို့ကြည့်နေသနည်း" ဟုမေးမြန်းခဲ့သည်။ ထို့နောက် ၎င်းက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောမည် ၊ ကျွန်ုပ်သည် အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ ထိုနည်းတူ အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)ကလည်း အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ သို့သော် (အမှန်စင်စစ်) ကျွန်ုပ်အား ဤရောဂါသင့်ခဲ့သည့်နေ့တွင် ကျွန်ုပ်သည် အမျက်ထွက်နေခဲ့ပြီး ဤဒုအာကို ရွတ်ဆိုရန် မေ့လျော့ခဲ့သည်" ဟုဖြေကြားခဲ့သည်။
[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمد] - [سنن أبي داود - 5088]
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) ရှင်းလင်းတင်ပြ မိန့်ကြားတော်မူခဲ့သည်မှာ-
မည်သူမဆို မနက်ခင်းတိုင်း မိုးသောက်အချိန်တက်ပြီး( ဖဂျရ်ပြီးချိန် ) နှင့် ညနေခင်းတိုင်း နေမဝင်မီ အချိန်တို့တွင် အောက်ပါဒုအာကို သုံးကြိမ်စီ ရွတ်ဖတ်ပါက-( ဒုအာ၏ အလိုသဘောမှာ )
ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်၏ နာမတော်အားဖြင့် ( အရှင်မြတ်ထံ )ကူညီမှုကို တောင်းခံပါ၏။ ထို့ပြင် နာကျင်ဖွယ်ရာအမျိုးမျိုးမှ ထိုအရှင်မြတ်၏ ကာကွယ်မှုကို တောင်းခံပါ၏။ ထိုအရှင်မြတ်၏နာမတော်ကို ရွတ်ဆိုခြင်းအားဖြင့် မြေကမ္ဘာမှ ပေါ်ပေါက်လာသည့် ကြီးမားလှသော ဘေးအန္တ
ရာယ်များ ဖြစ်စေ၊ မိုးကောင်းကင်မှဆင်းသက်လာသည့် ကြီးမားလှသော ဘေးအန္တ
ရာယ်များ ဖြစ်စေ၊ ဘယ်သို့မျှအန္တရာယ်မပြုနိုင်တော့ပါ။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏စကားများကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ ကျွန်ုပ်တို့၏အ
ခြေအနေများကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
မည်သူမဆို ဤဒုအာကို ညနေခင်းချိန်တွင် ရွတ်ဆိုခဲ့ပါက မနက်အထိ ရုတ်တရက်ဆိုက်ရောက်လာမည့် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရမည် မဟုတ်ပေ။ မနက်ခင်းအချိန်တွင် ရွတ်ဆိုခဲ့ပါက ညနေအထိ ရုတ်တရက်ဆိုက်ရောက်လာမည့် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရမည် မဟုတ်ပေ။
ထိုအခါတွင် ဟဒီးစ် ဆင့်ပြန်သူ အဗားန် ဗင်န် အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)အား လေဖြတ်ရောဂါ စွဲကပ်ခဲ့သည်။ လေဖြတ်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ ဘယ်ဘက် သို့မဟုတ် ညာဘက် တစ်ဘက်ဘက်တွင် လုပ်ရှားမရသော ရောဂါတစ်မျိုးဖြစ်သည်။ ထိုအခါ ဤဟဒီးစ်ကို ၎င်းထံမှကြားခဲ့သူသည် ၎င်းကို အံ့ဩထူးဆန်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုအခါ အဘားန် ဗင်န် အုစ်မာန် က ၎င်းအား "အဘယ်ကြောင့် ကျွန်ုပ်ဘက်သို့ ဤသို့ကြည့်နေသနည်း" ဟုမေးမြန်းခဲ့သည်။ ထို့နောက် ၎င်းက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောမည် ၊ ကျွန်ုပ်သည် အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ ထိုနည်းတူ အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)ကလည်း အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ သို့သော် (အမှန်စင်စစ်) ကျွန်ုပ်အား ဤရောဂါသင့်ခဲ့သည့်နေ့တွင် ကျွန်ုပ်သည် အမျက်ထွက်နေခဲ့ပြီး ဤဒုအာကို ရွတ်ဆိုရန် မေ့လျော့ခဲ့သည်" ဟု ပြောဆိုခဲ့လေသည်။
استحباب الإتيان بهذا الذِّكْرِ في الصباح والمساء؛ ليكون الإنسان محفوظًا بإذن الله تعالى مِن أن يُصيبَه فجأةُ بلاءٍ أو ضرُّ مصيبةٍ أو نحو ذلك.فوائد
قوة يقين السلف الأول بالله وتصديقهم بما أخبر به رسول الله صلى الله عليه وسلم.هذا قول من