အမျိုးအစား:
عَنْ أَنَسٍ رضي الله عنه قَالَ:

كَانَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُكْثِرُ أَنْ يَقُولَ: «يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ»، فَقُلْتُ: يَا رَسُولَ اللهِ، آمَنَّا بِكَ وَبِمَا جِئْتَ بِهِ فَهَلْ تَخَافُ عَلَيْنَا؟ قَالَ: «نَعَمْ، إِنَّ القُلُوبَ بَيْنَ أُصْبُعَيْنِ مِنْ أَصَابِعِ اللهِ يُقَلِّبُهَا كَيْفَ يَشَاءُ».
[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 2140]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကြာခဏ ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - "အို-စိတ်နှလုံးများကို လှည့်ပြောင်းတော်မူသောအရှင်၊ ကျွန်တော်မျိုး၏ စိတ်နှလုံးသားကို အရှင်မြတ်၏ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာထားတော်မူပါ။ ထိုအခါ ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် ကိုယ်တော့်ကို အီမာန်သက်ဝင်ယုံကြည်ခဲ့ပြီး ကိုယ်တော်ယူဆောင်လာသော ဒီန်သာသနာကိုလည်း သက်ဝင်ယုံကြည်ခဲ့ပါသည်။ သို့ပါလျက် ကိုယ်တော်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ စိုးရိမ်တော်မူပါသလား" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ် (ငါကိုယ်တော်အသင်တို့နှင့်ပတ်သတ်၍ စိုးရိမ်တော်မူသည်။) မုချဧကန် စိတ်နှလုံးသားများသည် အလ္လာဟ်အရှင်မြတ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိတော်မူ၏။ အရှင်မြတ်သည် အလိုရှိတော်မူသလို ၎င်းတို့ကို လှည့်ပြောင်းတော်မူ၏" ဟု မိန့်ကြားတော်မူသည်။

الملاحظة
Rasûlullah -sallallahu aleyhi ve sellem- rükû ve secdede şu duayı çokça okurdu: In the translation it says that he recites this dua frequently in ruku an in sujud. Please correct.
النص المقترح لا يوجد...

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي - 2140]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒီန်သာသနာနှင့် အမိန့်နာခံမှုအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် လမ်းမှားရောက်ခြင်းမှ ကင်းဝေးရန် မကြာခဏ ဒုအာတောင်းခံတော်မူလေ့ရှိသည်။ အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဤဒုအာကို မကြာခဏတောင်းခံခြင်းကို အံ့ဩခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူသား ၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိကြောင်း၊ အရှင်မြတ်သည် အလိုတော်ရှိရာ လှည့်ပြောင်းတော်မူကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ စိတ်နှလုံးသည် အီမာန်ယုံကြည်မှုနှင့် ကုဖ်ရ်သွေဖည်ငြင်းဆန်မှု၏ ဗဟိုချက်ဖြစ်သည်။ စိတ်နှလုံးကို "ကလ်ဗ်" ဟု အမည်ပေးရခြင်းမှာ ၎င်း၏ လျင်မြန်စွာ ပြောင်းလဲတတ်သော သဘော သဘာဝကြောင့်ဖြစ်သည်။ စိတ်နှလုံးသည် (မီးဖိုပေါ်) ရှိ ဆူပွက်နေသော အိုးထက်ပင်လျှင် ပို၍ မတည်မငြိမ်ဖြစ်ကာ ပြောင်းလဲတတ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူ၏ စိတ်နှလုံးကို လမ်းမှန်ပေါ် ခိုင်မြဲစေတော်မူပြီး၊ အလိုရှိသူ၏ စိတ်နှလုံးကို လမ်းမှားသို့ လှည့်စေတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအရှင်သခင်ထံတော်၌ ခယယို့ကျိုးကာ အရာအားလုံးအတွက် အရှင်မြတ်ထံသို့သာ လှည့်လေ့ရှိပြီး မိမိ၏အွမ္မသ်သားများအားလည်း ထိုသို့ပြုလုပ်ရန် လမ်းညွှန်သွန်သင်ခဲ့သည်။
  2. ဒီန်သာသနာအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ခြင်း၏ အရေးပါမှုနှင့် အဆုံးသတ်ကောင်းမွန်မှုသည်သာ အဓိကကြခြင်း။
  3. အစ္စလာမ်သာသနာအ‌ပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရေးတွင် လူသားသည် တဒင်္ဂမျှပင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်မှ လွတ်ကင်း၍ မရပေ။
  4. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လမ်းစဉ်ကိုလိုက်နာကျင့်သုံးသည့်အနေဖြင့် ဤဒုအာကို မကြာခဏဆိုသလို တောင်းခံရန် တိုက်တွန်းထားသည်။
  5. အစ္စလာမ်သာသနာအ‌ပေါ် ခိုင်မြဲစွာရပ်တည်နိုင်ခြင်းသည် အကြီးမားဆုံးသော နိအ်မသ်ကျေးဇူးတော်တစ်ပါးဖြစ်ပြီး၊ လူသားသည် ယင်းအတွက် ကြိုးပမ်းအားထုတ်ရမည့်အပြင် မိမိ၏အ ရှင်သခင်အား ယင်းနိအ်မသ်အပေါ် ကျေးဇူးတင်ခြင်းကိုလည်း ပြုရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (53)
အမျိုးအစားများ
ထပ်၍