«يَا مَعْشَرَ النِّسَاءِ، تَصَدَّقْنَ، فَإِنِّي أُرِيتُكُنَّ أَكْثَرَ أَهْلِ النَّارِ» فَقُلْنَ: وَبِمَ يَا رَسُولَ اللَّهِ؟ قَالَ: «تُكْثِرْنَ اللَّعْنَ، وَتَكْفُرْنَ العَشِيرَ، مَا رَأَيْتُ مِنْ نَاقِصَاتِ عَقْلٍ وَدِينٍ أَذْهَبَ لِلُبِّ الرَّجُلِ الحَازِمِ مِنْ إِحْدَاكُنَّ»، قُلْنَ: وَمَا نُقْصَانُ دِينِنَا وَعَقْلِنَا يَا رَسُولَ اللَّهِ؟ قَالَ: «أَلَيْسَ شَهَادَةُ المَرْأَةِ مِثْلَ نِصْفِ شَهَادَةِ الرَّجُلِ» قُلْنَ: بَلَى، قَالَ: «فَذَلِكِ مِنْ نُقْصَانِ عَقْلِهَا، أَلَيْسَ إِذَا حَاضَتْ لَمْ تُصَلِّ وَلَمْ تَصُمْ» قُلْنَ: بَلَى، قَالَ: «فَذَلِكِ مِنْ نُقْصَانِ دِينِهَا».
[صحيح] - [متفق عليه] - [صحيح البخاري: 304]
المزيــد ...
အဗူစအီဒ် အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ သူက ပြောပြသည်မှာ: အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဒွလ်အဿ်ွဟာ သို့မဟုတ် အီဒွလ်ဖိတ်ရ်နေ့တွင် အိဒ်ဂါဟ်သို့ ကြွမြန်းသွားတော်မူခဲ့သည်။ (အီးဒ်စွလာသ်နှင့်ခွသ်ဗဟ်ပြီးနောက်) အမျိုးသမီးများအနီးမှ ဖြတ်သွားတော်မူသည့်အခါ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ-
"အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့ပေ။" သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်မတို့၏ သာသနာရေးရာနှင့် အသိဉာဏ်လျော့နည်းမှုကား အဘယ်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အမျိုးသမီးတစ်ဦး၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်၏တစ်ဝက်နှင့် မညီဘူးလော" ဟုမေးမြန်းတော်မူ၏။ သူမတို့က "ဟုတ်ပါသည်" ဟုဖြေကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "ဤသည်ပင်လျှင် သူမ၏ အသိဉာဏ်လျော့နည်းမှုဖြစ်သည်။ အမျိုးသမီးသည် ရာသီသွေးဆင်းသောအခါ ဆွလာသ်မဝတ်ပြုနိုင်၊ စောင်မ်ဥပုသ်စောင့်ထိန်းခြင်း မပြုနိုင်သည် မဟုတ်ဘူးလော" ဟုမေးတော်မူ၏။ အမျိုးသမီးများက "ဟုတ်ပါသည်ဟု ဖြေကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "ဤသည်ပင်လျှင် သူမ၏ ဒီန်သာသနာရေးရာလျော့နည်းမှု ဖြစ်သည်။"
[صحيح] - [متفق عليه] - [صحيح البخاري - 304]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိဒ်နေ့တွင် အိဒ်ဂါဟ်သို့ ထွက်တော်မူခဲ့သည်။ ကိုယ်တော်သည် အမျိုးသမီးများအား သီးသန့် သာသနာရေးရာအကြောင်းများ သင်ကြားပေးရန် ကတိပြုထားခဲ့သည့်အတွက် ထိုနေ့တွင် ထိုကတိကိုဖြည့်ဆည်းတော်မူခဲ့သည်။ (ထိုသို့သင်ကြားပေးနေစဉ်) ကိုယ်တော်က မိန့်ကြားတော်မူသည်။ "အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့၊ အပြစ်များမှ မြောက်များစွာခွင့်လွှတ်ခြင်းကို တောင်းခံကြလော့။ အဘယ်
ကြောင့်ဆိုသော် ဤနှစ်မျိုးသည် အပြစ်များခွင့်လွှတ်ခံရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းနှစ်ခု ဖြစ်သောကြောင့်တည်း။ ထို့ပြင် ငါကိုယ်တော်သည် မိအ်ရာဂ်ျ(ကောင်း
ကင်ဘုံခရီးသို့ခေါ်ဆောင်ခြင်းခံရသည့်)ညတွင် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသောကြောင့်ပင် ဖြစ်သည်။
ထိုအခါ သူမတို့အနက် ဉာဏ်
ပညာ၊ သိနားလည်မှုနှင့် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ငရဲသားများအနက်အများစုဟာ ကျွန်မတို့အမျိုးသမီးများဖြစ်နေရသည့် အကြောင်းရင်းကား အဘယ်နည်း" ဟု လျှောက်ထားလေသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဖြေပေးတော်မူသည်မှာ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများစွာရှိသည်။ အသင်မတို့သည် များစွာသော ကျိန်ဆဲခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်လေ့ရှိကြပြီး ခင်ပွန်း၏ အခွင့်အရေးကို ငြင်းဆန်လေ့ရှိကြသည်။ ထို့နောက် သူမတို့၏ သွင်ပြင်လက္ခဏာကို ဖော်ပြရင်း မိန့်တော်မူသည်မှာ "ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့ပေ။"
ထိုအမျိုးသမီးက"သာသနာရေးရာနှင့် အသိဉာဏ်လျော့
နည်းမှုကား အဘယ်နည်း" ဟု လျှောက်ထားပြန်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသိဉာဏ်လျော့
နည်းမှုနှင့်ပတ်သက်၍ဆိုလျှင် အမျိုးသမီးနှစ်ဦး၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်နှင့် ညီမျှသည်။ ဤသည်ကား အသိဉာဏ်လျော့နည်းမှုပင်ဖြစ်သည်။ ဒီန်သာသနာ ရေးရာလျော့နည်းမှုနှင့်ပတ်သက်၍ဆိုလျှင် သူမ၏ ကောင်းမွန်သော အကျင့်သီလများသည် အတိုင်း
အတာတစ်ခုအထိ လျော့နည်းသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရာသီသွေးဆင်းခြင်းကြောင့် သူမသည် ရက်ပေါင်းများစွာ ဆွလာသ်ဝတ်ပြုခြင်း မပြုနိုင်သကဲ့သို့ ရမဿွာန်လတွင် ရာသီသွေးဆင်းခြင်းကြောင့် ရက်ပေါင်းများစွာ စောင်မ်ဥပုသ်
စောင့်ထိန်းခြင်းကို လွတ်သွားနိုင်သောကြောင့်ဖြစ်သည်။ ဤသည်ကား ဒီန်သာသနာရေးရာ လျော့နည်းမှုပင်ဖြစ်သည်။ သို့ရာတွင် ဤနေရာ၌ မှတ်သားထားရမည်မှာ ရာသီသွေးဆင်းခြင်းကြောင့် ဆွလာသ်ဝတ်ပြုခြင်းနှင့် စောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို မပြုလုပ်နိုင်ခြင်းကြောင့် အမျိုးသမီးများသည် ပြစ်တင်ပြောဆိုခြင်းခံရမည် မဟုတ်သလို၊ အရေးယူခြင်းခံရမည်လည်း မဟုတ်
ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ဖန်ဆင်းခြင်းသဘာဝအရဖြစ်သောကြောင့်တည်း။ အလားတူပင် လူသားသည် ငွေကြေးကို ချစ်ခင်တွယ်တာခြင်း၊ အရေးကိစ္စများတွင် အလျင်စလိုဖြစ်ခြင်း၊ အသိပညာကင်းမဲ့ခြင်း စသည်တို့ဖြင့် ဖန်ဆင်းခြင်းခံရသည်။ သို့ရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများ၏ ဖြား
ယောင်းသွေး
ဆောင်မှုသို့ မကျရောက်စေရန် သတိပေးတားမြစ်သည့်အနေဖြင့် ထိုအကြောင်းကို သတိပေးခဲ့ခြင်းဖြစ်သည်။
قال ابن حجر في قوله: "e;ما رأيت من ناقصات... إلخ"e; ويظهر لي أن ذلك من جملة أسباب كونهن أكثر أهل النار؛ لأنهن إذا كُنّ سببًا لإذهاب عقل الرجل الحازم حتى يفعل أو يقول ما لا ينبغي فقد شَارَكْنَه في الإثم وزِدْن عليه.قوله ﷺ الله عليه وسلم:" أذهب للب الرجل الحازم منكن" أليس هذا مدح لمعشر النساء؟ لأن باستطاعتها ذهاب عقل الرجل الحازم.