ဟဒီးဆ်တော်များစာရင်း

လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။
عربي الإنجليزية الأوردية
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။
عربي الإنجليزية الأوردية