عَنْ سَهْلِ بْنِ سَعْدٍ رَضِيَ اللهُ عَنْهُ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا يَزَالُ النَّاسُ بِخَيْرٍ مَا عَجَّلُوا الْفِطْرَ».
[صحيح] - [متفق عليه] - [صحيح مسلم: 1098]
المزيــد ...
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။
"လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1098]
တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလာမ်) မိန့်ကြားတော်မူခဲ့သည်မှာ လူတို့သည် နေဝင်ပြီဟု သေချာသည်နှင့်တပြိုင်နက် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။ ဤသည် စွန္နသ်တော်အတိုင်း လိုက်နာကျင့်သုံးခြင်းနှင့် ၎င်း၏သတ်မှတ်ထားသောအကန့်အသတ်များအတွင်း နေထိုင်ခြင်းကြောင့်ဖြစ်သည်။